Sunday, July 24, 2011

ရခိုင်သက္ကရာဇ် ၁၃၇၃ ခု ရခိုင်ရိုးရာ သင်္ကြန်ပွဲကို ရခိုင်အမျိုးသားရိုင်းပင့်ကူညီမှူးအသင်း(ASWADK) ကဦးဆောင်လို့ ဒိန်းမတ်နိုင်ငံ၌ စီကားစွာကျင်းပ

ရခိုင်ရိုးမ(၂၄။၇။၂၀၁၁)

                                                         ကမ္ဘာနိုင်ငံအများကြီးမှာနိန်ထိုင်ကတ်တေရခိုင်လူမျိုးတိရေ ဇာနိန်ရာ ဇာအနိန်အထားမှာ ရောက်ရောက် ကိုယ်ရို့ ရိုးရာကို အသက်မက ချစ်ခင်ကတ်တေအတွက် ရိုးရာမပျက်ဘုရား ရီချိုး ပူဇော်ဗြီး ရီလောင်းပျော်ရွှင် ပွဲကိုဒေလ၂၃။၇။၂၀၁၁နိန့်ကဒိန်းမတ်နိုင်ငံ   ချေလန် ကျွန်း(Sjælland) ဗိမြို့(vig) ရခိုင် အမျိုးသား ရိုင်းပင့် ကူညီ မှုးအသင်း (ASWADK)ကဦးဆောင်လို့စီကား စွာ ကျင်းပ ခရေလို့ သတင်းရဟိဘါရေ။ အခမ်းအနား ကိုမိုးထဖက်(၁၀)နာရီကစဗြီးကေ ညဇာဖက် (၅)နာရီမှာအောင်မြင်စွာဗြီးဆုံးခဘာရေ။

အခမ်းအနားမှာ ပထမဆုံး ဘုရားရီချိုးပူဇော်ဘာရေ။ အဗြီးမှာ ရခိုင်ရိုးရာဆီမီးခွက် အက ရိုးမရံစီယိမ်း အယင်ကသင်္ကြန်ယိမ်း နာန့်နောက်ဆုံးရိုးရာကမမတေးခင်းကိုရောက်ဟိလာသူ တိအားလုံးပြိုင် တူသီဆိုလို့ငွေဖလားတိနာန့်ရီလောင်းဗျာလ်ရခိုင်သင်္ကြန်ကျင်းပကတ်စွာဖြစ်ပါရေ။ သင်္ကြန်ပွဲကျင်းပရေ နိန်ရာသို့ ရခိုင်လူမျိုး တရာကျော်နာန့် ဒိန်းမတ်နိုင်ငံ မီဒီယာများမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှကိုယ် စားလှယ်တိဖိတ်ကြားထားရေ အာဂန္တုတိကို ရခိုင်လူမျိုးသမိုင်းကြောင်း သက်ြန်ကျင်းပရခြင်း ရည်ရွယ်ချက် စာရွက်များဝီငှဗျာလ် အင်္ဂလိပ်ဘာသာစကားနာန့် တာဝန်ခံတိက အကျယ်တဝင့် ရှင်းလင်းပြောကြား လားရေလို့သိရဘာရေ။ အနိုင်နိုင်ငံမှာ ရောက်နိန်ကတ်တေ ရခိုင်လူမျိုးရို့ ရေ သင်္ကြန်ပွဲကို ရခိုင်ပြည်နာန့် အတူနှစ်စိုင် ဧပြီလမှာ ကျင်းပကတ်ကေလည်း ဒိန်းမတ်နိုင်ငံမှာ ယင်းအချိန် ရာသီဦးတု အလွန်ဆိုးရွားနိန်ရေ အတွက် ယေဗြီးကေ ရာသီဥတုသာယာရေ ဒေအချိန် ရခိုင်အမျိုးသားရိုင်းပင့်ကူညီမှူး အဖွဲ့ တနှစ်မြောက် နာန့်လေးတိုက်ဆိုင်နိန်ဘာရေ ယင်းကြောင်း ဒေပိုင်ကျင်းပ ပြုလုပ်ပါရေလို့ အဖွဲ့ တာဝန်ခံ ကိုတင်ညွန့်က ရခိုင်ရိုးမ ကို ဒေပိုင်ပြောဘာရေ။

(တစ်)” မိမိရို့ ရခိုင်လူမျိုးရို့ ၏ မိဖဖိုးဖီးစိုင်လာ ပြုလုပ်ကျင်းပ ပျော်ရွှင်ခကတ်တေ ရိုးရာအတာရီ သဘင်ပွဲမှာ အခက်အခဲအမျိုးမျိုးကြောင်း မိမိရို့ ကိုယ်တိုင်ကိုယ်ကျ မပါဝင်မဆင်နွဲဖြစ်ဘဲ နှစ်ပေါင်းမြောက်များစွာ လည်းကြာလားဗျာလ်ဖြစ်တေ ရခိုင်ရိုးရာ သင်္ကြန်ပွဲကို ပြုလုပ်ခွင့်ရရေ အချိန်မှာ ပြုလုပ်ရစွာ ဖြစ်ပါရေ။

(နှစ်)” ဒိန်းမတ်နိုင်ငံမှာ နိန်ထိုင်ကတ်တေ လူတိရေ ယိုင်ကျေးမှုမတူ အယူဝါဒတိကွဲပြားကေလည်း ခင်မင်ရင်းနှီးစွာ ပြောဆိုဆက်ဆံတတ်ကတ်တေ လူတိဖြစ်ကတ်တေအတွက် ရင်းနှီးကျွမ်းဝင်သူနာန့် သိသင့်သိထိုက်တေ လူတိကို ကျွန်တော်ရို့ ၏ ရှည်လျှားရေ သမိုင်းနောက်ခံတိနာန့် ဆက်စပ်ဖွဲ့နှောင် ထားရေ  ရခိုင်ယိုင်ကျေးမှု ရိုးရာဓလေ့ထုံးစံတိကို မိတ်ဆက်ချင်စွာ တချက်။

(သုံး)ကျွန်တော်ရို့ ရခိုင်လူမျိုးရို့ ၏ သမိုင်းနာန့် ဒေနိန့်ပိတ်စက္ခတ် အတိန်အနက်ကို မသိဘဲ ထင်ရာရွီးဗြီး မှန်းဗြီးကေ မှတ်တမ်းတင်နီကတ်တေ ကမ္ဘာကျော် သတင်းဌါနက အရည်အသွေးမမီရေ သတင်းသမားတိ ပိုဗြီးလေ့လာခွင့် ရလာရန် ဖြည့်စွက်ပီးစွာလည်းတချက်။

(လေး)ဇာနိန်ရာရောက်ရောက်မိမိရို့၏ရိုးရာယိုင်ကျေးမှုကြောင့်ထုံးဓလေ့ဟောင်းတိကိုအမြတ်တနိုးနာန့် တတ်နိုင်ရေဖက်ကထိမ်းသိမ်းထားချင်စွာလေးတချက်လို့ပြောဘာရေနောက်ဗြီးကေအခက်အခဲမျိုးစုံဟိ လို့တခါလည်းဒိန်းမတ်နိုင်ငံမှာသင်္ကြန်ချရေလို့မဟိဖူးခယေခါရာသီဥတုအီးလွန်းလို့ရီလောင်းလို့ရဖို့အချိန် ကိုရွီးချယ်ရစွာနာန့်ရိုးရာအဝတ်အစားတိကိုမှာယူရေခါလူတိုင်းမခြုပ်တတ်နောက်ပွဲကိုကျင်းပရေခါပွဲကြည့် ပရိတ်သတ်အားဖို့အချိန်ကိုညှိရစွာတဖုံအဆိုအကတိုက်ယူရရေအခက်အခဲဒေလောက်အခက်အခဲတိမြောက် များစွာကြားနာန့်နှစ်ပေါင်းမြောက်များစွာတမ်းတအားခဲထားရရေမိမိရို့သင်္ကြန်ပွဲဖြစ်တေအတွက်အားကြိုးမန် တက်ပါဝင်လုပ်ကိုင်ကတ်ဗြီးကေ အတာသင်္ကြန်ရီသဘင်ပွဲကို ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်း ဆင်နွဲဖြစ်ခကတ်စွာနာန့်နိန်ရာတကာမှာ ရခိုင်ရိုးရာမပျောက်ပျက်ရအောင်ညီညီညွတ်ညွတ်ထိမ်းသိမ်းလား ဂတ်ယင်းမျိုးဆက်သစ်လူငယ်ချေတိကိုလမ်းပြခေါ်
ဆောင်လားဖို့အဓိကရည်ရွယ်ကြောင်းပြောကြားလီဘာရေ။

ခိုင်ဥက္ကာပျံ(လေးဝတီ)