Sunday, July 24, 2011

စစ်တွေမြို့မှာ မီး ၂၄- နာရီရကေလေ့ မီးပြတ်တောက်မှုတိမကြာမကြာဖြိုက်နိန်

ရခိုင်ရိုးမ။ July 24, 2011


စစ်တွေ။ ။ ရခိုင်ပြည်၏ မြို့စစ်တွေမှာ လျှပ်စစ်မီး ၂၄ နာရီရကေလဲ မီးမကြာခဏ ပြတ်တောက်မှု ပိုများလာကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ရှိ လျှပ်စစ်မီးကို ပုဂ္ဂလိက ဖိုးသီးချိုကုမ္ပဏီက တာဝန်ယူထားပြီးကေ ဒေလ ၁၀ ရက်နိကစလို့ ၂၄ နာရီ လုံးလုံး လျှပ်စစ်မီး ပီးနိန်ခြင်းဖြိုက်ကြောင်း သိရသည်။

“မီးက ယပိုင်ပါ၊ ပြတ်တောက်စော်တိ ပိုများလာရေ၊ သုံးရေလူတိလည်း စိတ်ဒုက္ခဖြစ်ရရေ ပုံမှန်လည်းမရပါ။ မီးကပြတ်လိုက် ရလိုက်ပါယေ” လို့ စစ်တွေမြို့ခံတဦးက ရခိုင်ရိုးမကို ပြောပြသည်။

ယကေလေ့ စစ်တွေမြို့မှာ လျှပ်စစ်မီး ၂၄ နာရီရသည့်တိုင်အောင် မီတာခက အရင်ထက် ဈီးပိုများလာရေအတွက် ဒေသခံတိ ၂၄ နာရီ မီး မသုံးနိုင်ကြောင်းကို အဆိုပါမြို့ခံက ဆက်ပြောစွာက-

“မီတာခက အရင်ထက် များပါရေ၊ မီတာအများ သုံးစွဲကတ်တေအိမ်တိမှာဆိုကေ ပိုများပါရေ၊ ၁၅ မီတာအောက် သုံးရေဆိုကေ မီတာလျော့ပါရေ၊ မီတာ အများသုံးကေ မီတာခ ဈီးအများ ပီးရပါရေ။ အားလုံးသူတိက ၂၄ နာရီဇာသုံးနိုင်ဖို့လဲ” လို့ ပြောသည်။

ပြည်သူတိရေ မီး ၂၄ နာရီထက် မီတာခနှုန်းထားကို လျော့ချပီးဖို့အတွက် လိုလားနိန်ကတ်ပြီးကေ ပြည်မဘက်မှာ တမီတာကို ၂၅/ ကျပ်နှုန်းရှိကေလဲ ရခိုင်ပြည်မှာ တမီတာကို ကျပ်ငွေ ရာဂဏန်းအထိ ရှိနိန်သည်။

လျှပ်စစ်မီတာခနှုန်းထားမှာ ၁၅ မီတာအောက် သုံးစွဲသူတိကို တမီတာ ကျပ်ငွေ (၄၀၀)လို့ သတ်မှတ်ထားပြီးကေ ၁၅ မီတာအထက် သုံးစွဲသူတိကိုဆိုကေ ကျပ်ငွေ ၄၆၀ နှုန်းနန့်သတ်မှတ်ထားသည်။

လျှပ်စစ်မီးကို ပုဂ္ဂလိက လက်ထဲမလွဲအပ်ခင်က တမီတာကို ၂၅ ကျပ်နှုန်းနန့်ပီးဖို့ သဘောတူညီမှုရှိခကေလေ့ နောက်ပိုင်းမှာ အစိုးရ သတ်မှတ်ထားရေ ဈီးနှုန်းထက်ပိုများလာခြင်းဖြိုက်ကြောင်းနန့် ရခိုင်ပြည်အစိုးရကလဲ ဖြေရှင်းမပီးသိကြောင်း သိရသည်။

ဒေအဂုပိုင် စစ်တွေမြို့မှာ လျှပ်စစ်မီး ၂၄ နာရီ ရရှိနိန်မှုရေ နှစ်ပေါင်း ၃၅ နှစ်အတွင်း ပထမဆုံး အကြိမ်ဖြိုက်ကြောင်း၊ ၁၉၇၅ ခုနှစ်ကလဲ ၂၄ နာရီမီးပီးခကြောင်း လေ့လာတွိ့ဟိရသည်။

လျှပ်စစ်မီးကို ဒီဇယ်သုံးအစိုးရ မီးစက်ကြီးကို အသုံးပြုလို့ရှိပြီးကေ တခါတလီ ဒီဇယ်ဆီးရှားပါးမှုတိနန့်လဲ ကြုံနိန်ရကြောင်း လျှပ်စစ်မီး ဖြန်ဝီရေး ကုမ္ပဏီ ၀န်ထမ်းများက ပြောသည်။

အခုအခါ စစ်တွေမြို့မှာ လျှပ်စစ်မီး ၂၄ နာရီရကေလဲ မီတာခဈီးကြီးရေအတွက် သုံးစွဲသူတိအနိန်နန့် အခက်ခဲ တရပ်နိန့် ရင်ဆိုင်နီရကြောင်း စစ်တွေ မြို့ခံတယောက်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီး မီတာခလျော့ချမှုကို ရခိုင်ပြည်နယ်အစိုးရဇာပိုင်လုပ်လားဖို့ဆိုစွာကို ဒေသခံတိ သိချင်နိန်ကြောင်း ရခိုင်ပြည်နယ်မြို့နယ်တိုင်းမာရေ လျှပ်စစ်မီးမီတာ ခနှုန်းတိအဆမတန် ကောက်ခံမှုတိ ရှိနိန်မှုတိကို ခံစားနိန်ကတ်ရသည်။

ယင်းအပြင် စစ်တွေလျှပ်စစ်မီးဖြန့်ဖြူးရေးလုပ်ငန်းကို ပုဂ္ဂလိက ကိုင်တွယ်ထားရေအတွက် မီတာခဈီးနှုန်းတိလဲ တစတစ မြင့်တက်လာဖို့ အနီအထားရှိကြောင်းသိရပါရေ။
“အခုက မီးပီးစော် မကြာသိဆိုရေခါ တမီတာကို ၄၀၀/ ၄၆၀ နှုန်းလုပ်ထားရေ၊ နောက်ကြာလာရေခါ ယင်းထက်လဲ ဈီးနှုန်းမြင့်လာနိုင်ရေ၊ ဇာအတွက်ဆိုကေ ပုဂ္ဂလိက ကိုင်တွယ်ရေဆိုကေ ယပိုင်ဖြိုက်ဖို့ဆိုစော် သိပြီးသားပါရာ” ဆိုပနာ စစ်တွေမြို့ခံတဦးက သူ့အမြင်ကို ပြောပြသည်။