Thursday, July 28, 2011

မြောက်ဦးခေတ် သုံး ရခိုင်မူကိုရာ သုံးရဖို့ လတ် သမိုင်းဆရာကြီး မောင်ဗသိန်းက ထုတ်ဖေါ်လိုက်ဗျန်


ရခိုင်စာတခုကို စံအဖြစ် သုံးဖို့  စွာနင့် ပါတ်သက်ပနာ အခုအချိန်မှာ အသံတိ ထွက်လာစွာဖြစ်ပါရေ ။ ယင်းချင့်မှာ အမေရိကန် နိုင်ငံ နယူးယောက်မြို့ က ရခိုင်စာမူ တခုပေါ်ပေါက်ရီးအတွက် အစီးအ၀ီးတခုကို ပြုလုပ်ကတ်စွာကိုလဲ ဒီဘီဗွီ လိုက် မှာ တနီကုန် ထုတ်လွှင့်လာပါဗျန်။

ယေဗြီးကေ ကွန်ပြူတာသုံးနိုင်ရေ လူတိအတွက်လဲ ယူတူးမှာ တင်ထားစွာတိကို တွိလာနီကတ်ပါဗျန် ။ ဒေပိုင် ရခိုင်စာတခုကို စံတခုအဖြစ် သုံးဖို့  စွာကို ရခိုင်သမိုင်းဆရာကြီး မောင်ဗသိန်းနင့် မျိုးဆက်သစ် ရခိုင်သမိုင်း စာရီးဆရာ မင်းသိမ်းသြင်( ဉ္ဖန) တိက ဆွေးနွေးခကတ်ပါရေ ။ ယေအခါ ဆရာမောင်ဗသိန်းက ဝေသာလီခေတ်က ရီးခရေ သက္ကတစာပီနင့် ပါဋိစာပီ ရို့ ကို ဆွဲယူပနာ မြောက်ဦးခေတ်က စာပီထဲမှာ လုပ်လို့  မရကြောင်းကို ပြောပြပါရေ ။ သမိုင်းတခု၏ အထွဋ်အမြတ် ဟိနီရေအချိန်က စာပီယိုင်ကျေးမူ ဂုဏ်ဒြပ်တခုကို တည်တန့် ခိုင်မြဲအောင်ရာ လုပ်ရဖို့  ဟိရေဆိုပနာ သမိုင်းသုတေသီတိက ခံယူထားစွာ ဟိရေလို့  ပြောပြပါရေ။

အခုခေတ်မှာ သုံးနီရေ စာက မြောက်ဦးခေတ်သုံး စာပီ တခုဖြစ်ပါရေ။ ဒေမြောက်ဦးခေတ်သုံး ဗျည်းတိကို ရခိုင်စာအဖြစ်သုံးနီစွာကို ရခိုင်စာ မဟုတ်ရေဟန် လုပ်ဖို့  ဆိုစွာ သမိုင်းယိုင်ကျေးမူတခုကို ဖျက်လိုဖျက်ဆီး လုပ်တေပိုင်နင့် တူနီရေလို့  ပြောကတ်ပါရေ။ နောက်ဗြီးကေ ဒေလက်ဟိ သုံးနီရေ မြောက်ဦးခေတ်ဗျည်းကို ကိုယ့်စာလို့  မဟုတ်ဆိုကေ အောက်သားတိက သူရို့  စာလို့  ပြောခကေ ငါးပါးကြီး မှောက်လားလီဖို့ ဗျန်ကာလို့  သုံးသပ်ပြကတ်ပါရေ။

ဒေခုပိုင် ရခိုင်စာကို စံတခုအဖြစ် သုံးဖို့  ဆိုစွာကို ဆရာမောင်ဗသိန်းရို့ က လွန်ခရေ ဆယ်စုနှစ်တိထဲက ကြိုးစားလာကတ်စွာ ဖြစ်ပါရေ ။ ယင်းပိုင်ကြိုးစားလာစွာမှာ ဒေသိယစကားလုံးတိကို အခြီခံပနာ ပဇေါင်ပိုင် ရီးဖို့ လဲ ဆိုစွာကို ညှိနိုင်းနီစွာရာ ဖြစ်တေလို့  သိရပါရေ။

ရခိုင်စာ စံသတ်မှတ်ဖို့  အတွက်ပြည်တွင်းမှာ ရခိုင်ပြအည်သူတိ စိတ်ဝင်စားနိန် ကတ်တေလိုသိဟိန်ရပါရေ။