Sunday, July 24, 2011

ရခိုင်စာရွီးဆရာတဦး စာနယ်ဇင်း ကျင့်ဝတ် ချိုးဖောက်ခံရ

ရခိုင်ရိုးမ။ July 24, 2011


စစ်တွေ။ ။ ပြန်ကြားရေးဌာန၏ ဖိအားကြောင်း ရခိုင်စာရွီးဆရာတဦးအား ရန်ကုန်မီဒီယာဂရု(ပ်)က စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်ချိုးဖောက်မှုကို ပြုလုပ်လိုက်ကြောင်း သိရသည်။


ရန်ကုန်မီဒီယာဂရု(ပ်) က ထုတ်ဝီလျှက်ရှိရေ ဖလားဝါးနယူးဂျာနယ် အတွဲ ၆/ အမှတ်(၄၉) မှာ အခန်းဆက်ပါရှိရေ ရခိုင်စာရွီးဆရာ ထွန်းကျော်ရီ(စစ်တွေ)၏ ကုလားတန်မြစ်အနောက်ဖက်ကမ်းမှ သမိုင်းဝင် ဘဲငါးရာတောင်နှင့် ထူးခြားသော ဖြစ်ရပ်များ ဆောင်းပါးရေ လူသိရှင်ကြားဖြစ်လားရေခါ သန်းဆွေသစ် အနိန်နန့် သူ၏ရီးသား ချက်ဖြစ်တေ ဘဲငါးရာတောင်ပေါ်က ရတာနာသိုက် လုံးချင်းစာအုပ်ကို ကျမ်းကိုး စာအုပ်ကို ကျမ်းကိုးစာရင်းမှာ မဖော်ပြခရလို့ ပြန်ကြားရီး အရာရှိနန့် စာပီနန့် စာနယ်ဇင်းဗဟို ဥက္ကဋ္ဌကို တိုင်းကြားခကြောင်း သိရသည်။

ယင်းသို့ သန်းဆွေသစ်တိုင်းကြားမှုအပေါ် ဖလားဝါး နယူးစ်ဂျာနယ် ထုတ်ဝီခွင့်မှု အခက်အခဲဖြိုက်လာဖို့စော် စိုးရိမ်ရေအတွက် သန်းဆွေသစ်၏ စွပ်စွဲချက်ကို ဆောင်းပါးအား အသိမပီး၊ ဖြေရှင်းချက်ကို မစောင့်ဘဲ ထွန်းကျော်ရီ (စစ်တွေ) အနိန်နန့် သန်းဆွေသစ် စာအုပ်ကို ကိုးကားခယယောင် အယ်ဒီတာအဖွဲ့က ကျမ်းကိုးစာရင်းမှာ မဖော်ပြခရေ အတွက် သန်းဆွေသစ်ကိုတောင်းပန်ခကြေင်း ဖလားဝါးနယူးစ်ဂျာနယ် အတွဲ ၇/ အမှတ် (၂၇) မှာ ဖော်ပြထားသည်။

ယကေလေ့ ထွန်းကျော်ရီကမူ သန်းဆွေသစ်၏ စာအုပ်ကို မကိုးခကြောင်း ရခိုင်ရိုးမက တယ်လီဖုန်းနန့် ဆက်သွယ်မီးမြန်းချက်ကို အဂုပိုင် ဖြေကြားခပါရေ။

“အကျွန်က ဆောင်းပါးရွီးရေခါမှာ ရခိုင်ရာဇဝင်သိုက်ကျမ်းအပြင် တခြားခိုင်မာရေ သမိုင်းအချက်အလက်တိနန့် ကိုယ်တိုင် ကွင်းဆင်းမိန်းမြန်းပြီးကေ ရွီးထားစော်ဖြိုက်တေ၊ သူ့စာအုပ်ကို အကျွန်က ဟိုတရက်ညကမှ ဖတ်ရသိမ့် သူ့စာအုပ်ကို မကိုးကားခပါ” လို့ ရခိုင်ရိုးမ ကိုပြောပါရေ။

သန်းဆွေသစ်၏ စွပ်စွဲချက်မူအပေါ် ဖလားဝါးနယူးဂျာနယ်က တဖက်သတ် ဆုံးဖြတ်လိုက်စော်ရေ စာနယ်ဇင်းကျင့်ဝတ်နန့် ဆန့်ကျင်ကြောင်း ထွန်းကျော်ရီ(စစ်တွေ)က ပြောပြသည်။

ရခိုင်ပြည်က စာပီသမား အများစုရေ ပြည်မဖက်က ထုတ်တေဂျာနယ်၊ သတင်းစာနိန့် မဂ္ဂဇိန်းတိမှာ ဝင်ရောက်ပနာ စာပီရွီးသားမှုတိပိုများလာကြောင်း သိရသည်။

ယကေလေ့ နယ်ဖက်က စာရွီးဆရာတိကို ရန်ကုန် အသိုင်းအဝိုင်းတိက စနစ်တကျ ဆောင်ရွက်ပီးမှု မရှိကြောင်း နယ်ဖက် စာရွီးဆရာ အသိုင်းဝိုင်းက ပြောပြသည်။

ဝါရင့်စာရွီးဆရာတဦးက သန်းဆွေသစ်၏ ဘဲငါးရာတောင်ပေါ်က ရတနာသစ်စာအုပ်ရေ စိတ်ကူးယိုင်ဂမ္ဘီရ လုံးချင်းစာအုပ်ဖြိုက်ပြီးကေ တိကျခိုင်မာရေ သမိုင်းအချက်အလက်တိကို ဖော်ပြထားခြင်း မရှိရေပိုင် လုံးဝကိုးကားလို့မရရေ အပျော်တမ်းဖတ်စာပီ အမျိုးအစားထဲမှာရာ ပါရေလို့ သုံးသပ်ပြသည်။

သန်းဆွေသစ်ရေ မြန်မာနိုင်ငံမှာ စစ်အစိုးရကပီးအပ်တေ စာပီဗိမာန်စာမူဆုတိကို ပိုင်ဆိုင်ထားရေ စာရွီးဆရာတဦးဖြစ်ဖြိုက်ကေလဲ မိမိရို့ရခိုင်စာပီတိုးတက်ရေး အတွက်လုပ်ဆောင်ခြင်းမရှိဘဲ ဗမာစာပီ တိုးတက်ရေးကိုရာ ကြိုးစားလုပ်ဆောင်နိန်သူ တဦးဖြိုက်ကြောင်းလဲ စုံစမ်းသိရှိရသည်။