Thursday, July 21, 2011

ထိုအယင် တခါက

ထိုအယင်တခါ ၊ ရွာသူငယ်ချင်း
ရောင်းရင်းသင်းရို့ ၊ မိုးတွင်ရီချိုး
မြစ်ချောင်းမြူးကတ် ၊ ရွံ့လူးပီကျံ
လှမျိုးဟန်သစ် ၊ ပန်းမပန်ကေ့
ကလေ့မေချေ ၊ အဗြီးရီချိုး
ပျော်ရေမိုးနာင့် ၊ ရွာရိုးကိုးပေါက်
အော်ဗြီးလျှောက်ဗြီး ၊ မှောက်၍လဲသော်
သွီးရဲသံရဲ ၊ အာပြဲအောင်ငို
အမိကိုတ ၊ မိုးကချုန်းသည်
ရွာလုံးဝုန်းဝုန်း ညံယင့်ထင့်---။။။။။။။။။။။။။။။။
ထိုအယင်တခါ ၊ ရွာမှာကျောင်းပျော်
စာသင်တော်သူ ၊ ကျောင်းသူကျောင်းသား
အစ်ကိုများရို့  ၊ မြို့ ကို့ လားဗြီး
သင်ကြားပိုင်ညာ ၊ ပြည့်စုံဗျာလ်နာင့်
သီလ္လာတက္က ၊ ကျောင်းမဟာမှ
ရွာပြန်ရ၏ ၊ မြို့ ကအကြောင်း
မီးခွန်းပေါင်းများ ၊ ထောင်သောင်းမက
မီးကတ်ရကတ် ၊ ရယ်ကတ်ရနာင့်
အလှပလှ ၊ ပြုံးရွှင်ရသည်
ညသန်ခေါင်တိုင် ကျော်ခယင့် --။။။။။။။။။။။။။။။။။။

ထိုအယင်တခါ ၊ ရွာမှာခိုးဝှက်
လုယက်ကတ်လျှင် ၊ ရွာဝင်ကျောင်းမှ
တုံးမောင်းခေါက်သံ ၊ တောလုံးညံ၏
လူသန်အားကောင်း ၊ မောင်းမယောင်္ကျား
ဗြီးလွှားစုစီး ၊ လက်ချည်းမဟုတ်
ဝါးရင်းတုတ်ဓါး ၊ ရုပ်ရုပ်သဲသဲ
အော်မစဲနာင့် ၊ အမြဲထကြွ
လှုပ်ရွရွလို့  ၊ အနီးရို့ ရွာ
ဟန်ကိုယ့်ဖို့ သည်
ညီညီညာညာ ဟိန့် လီထင့် ---။။။။။။။။။။။။။။။။။။။။။

ထိုအယင်တခါ ၊ ခိုးဗျာလ်ရန်သူ
ဓါးပြမူလည်း ၊ အတူလက်တွဲ
တိုက်ရဲကတ်ရ ၊ ရွာမှာလူပျို
ညီအကိုရို့  ၊ ရွာကိုကာကွယ်
ရန်စွယ်နှိမ်၍ ၊ အေးငြိမ်ဝန်းကျင်
ပျော်မြူးရွှင်ကတ် ၊ ဟိန့် ခကတ်ရ
ဘ၀ကြမ္မာ ၊ ဆိုးလာလီခိုက်
တွိကြုံကြိုက်ရ ၊ ဓမ္မမြွက်ယူ
ရန်သူမျိုးငါးပါး ၊ တပါင်းမင်းကြောင့်
ပြည်တွင်းပြည်သူ ၊ သားတူသမီး
အပူမီးတောက် ၊ တောက်လျှောက်ခံစား
မျက်မှောက်ဖြစ်နိန်
ကယ်သူကင်းမဲ့  ဖြစ်ယောင်ထင့်---။။။။။။။။။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )