Friday, July 22, 2011

ရခိုင်စကား- ရခိုင်သံ-ခေတ်သစ်ရခိုင်စာ

ဆရာကြီး( မောင်စံဖေါ်) ၏ " ရခိုင်စကား၊ ရခိုင်သံ၊ ခေတ်သစ်ရခိုင်စာ " စာစောင်ကို ထုတ်ဝီရစွာမှာ ရည်ရွယ်ချက်( ၂ ) ခု ဟိပါရေ ။ တခုက ရခိုင်စကား ၊ ရခိုင်အရီးအသားသစ် အယူအဆနန့်  ပတ်သက်လို့  လေ့လာချင်သူအတွက် နမူနာ လမ်းညွှန် ရနိုင်အောင် ဖြစ်ပါရေ။ နောက်တခုက ရခိုင်စာအရီးအသားသပ်သပ်နန့်  ' ရခိုင်ရိုးမ-မဂ္ဂဇိန်း " ကို ထုတ်ဝီကတ်တေအခါ တာဝန်ခံစာတည်းချုပ်အဖြစ် ရှိဆုံးက မားမားမတ်မတ် ဦးဆောင်ပီးခသူ ဆရာကြီးမောင်စံဖေါ်ကို ဂုဏ်ပြုချင် လို့  ဖြစ်ပါရေ။

အမှန်က ဆရာကြီးကို ရခိုင်အရီးအသား ကိစ္စ ဦးဆောင်ဦးရွက်ပြုခလို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုဖို့  အတွက် ဆရာကြီး၏ အပေါင်းအသင်း၊ စာပီမိတ်ဆွေ၊ တပည့်သားမြီး၊ ကလောင်သျှင်တိပါးက စာမူတိတောင်းယူဗျာ စာအုပ်ထုတ်ကတ်ပါဖို့  ၊ ယင်းပိုင်ရည်ရွယ်ချက်မျိုး အကျွန်ရို့ မှာ ဟိဗြီးသားပါ၊ ယင်းလုပ်သင့်ရေ အလုပ်ကြီးကို မလုပ်ခင် လုပ်နိုင်စွာသျှေနန့်  စထားလိုက်စွာဖြစ်ပါရေ။ ဆရာကြီးကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုသင့်ရေလို့  အထက်မာ ပြောခပါရေ ၊ ဇါကြောင့်လေ။ ဗြိတိသျှကိုလိုနီခေတ်မာ ခေတ်ပိုင်ညာတတ် ရခိုင်သားတိ အများကြီး ဟိခပါရေ ။ ယင်းပုဂ္ဂိုလ်ထဲက မပြောစလောက် ( ဦးမေအောင်၊ ဦးစံရွှေပု ။ ဦးအောင်သာဦး ) ရာ ရခိုင်စာပီကိစ္စကို စိတ်ဝင်စားခကတ်တေ။ အများစုက ကိုယ့်ယဉ်ကျေးမူ၊ကိုယ့်စကား၊ ကိုယ့်စာပီရို့ ကို လေ့လာဖေါ်ထုတ်၊ပြုစု၊ မြှင့်တင်ရဖို့  ကိစ္စကို အမျိုးသားရီးတာဝန်တခုအဖြစ် သဘောထားပုံမရပါ။ယေဇူးနန့်  လွပ်လွပ်ရီးရလှာရေအခါ ရခိုင်လူမျိုး၏ အမျိုးသားရီး လက္ခဏာထဲက တခုဖြစ်တေ " ရခိုင်စာ " စာကို ပုံပန်းသဏ္ဍန် ထင်းလို့  ပေါ်လှာအောင် မလုပ်နိုင်ခကတ်ပါ။

ယင်းပိုင် " ရခိုင်မာ စာဟိလား၊ မဟိလား " လို့  ပြတ်ပြတ်သားသား မဟိဘဲ ဖြစ်နီချိန်ခါ " ရခိုင်တန်ဆောင် ( ၁၉၅၅-၅၆) မဂ္ဂဇိန်းမှာ " ရခိုင်သံ" ခေါင်းဉ်နန့်  ဆောင်းပါးတခုပါလှာပါရေ ။ ရီးသူက ဘာသာဗေဒ ပိုင်ညာသျှင် ဆရာဦးတင်လှပါ။ ဆရာက ဆောင်းပါးအစမာ " ရခိုင်လူမျိုးတို့ ၌ မွန်လူမျိုး၊ ရှမ်းလူမျိုးကဲ့ သို့  စာပေအရေးသား သီးခြားမရှိတော့ပေ။ မြန်မာအက္ခရာများကို အသုံးပြု၍ မြန်မာစာရေးနည်းအတိုင်းပင် ရေးသားနေကြသည်။ ဖတ်သောအခါ ပြောဆိုသောအခါများတွင် သာ ရခိုင်သံဖြင့်ဖတ်ကြခြင်း၊ ပြောဆိုခြင်းဖြစ်သည်လို့  " အမှန်အတိုင်း ဖေါ်ထုတ်ထောက်ပြလိုက်ပါရေ။ ဒေဆောင်းပါးကြောင့် တက္ကသိုလ်ရောက် ရခိုင်ကျောင်းသားအသိုင်းအ၀ိုင်းမာ " ရရောင်းသတ်" လားပါရေ ။ " ကောင်းကောင်း နောက်ကျနီယေကား ဒေ ' လို့ သဘောပေါက်လှာကတ်တေ။ အချိန်မဆွဲဘဲ ကော်မီတီဖွဲ့ ဗျာ ရခိုင်ဆရာ ။ ရခိုင်ဆရာမတိပါးက အကြံဥာဏ်တောင်းကတ်တေ။ ရခိုင်ဆရာတော်ကြီးအချို့ နန့်  နောက်(၂ ) နှစ် အကြာ ရခိုင့်တန်ဆောင် ရခိုင်စာပီ ကဏ္ဍသစ်မှာ ' ရခိုင်အက္ခရာ၊ ရခိုင်သင်ပုန်းကြီး " ကို ဖေါ်ထုတ်တင်ပြလိုက်ကတ်ပါရေ။ ဒေကိစ္စအတွက် လှုပ်ယှားဆောင်ရွက်ကတ်တေအခါ အတိုင်ပင် ဆရာအဖြစ် ဆရာကြီးဦးကျော်ရင် ။ ဆရာမကြီး ဒေါ်မြစိန်၊ နန့် အတူ ဆရာကြီးမောင်စံဖေါ်လေး ပါဝင်ခပါရေ။ ရှိတန်းက မားမားမတ်မတ်ရပ်ဗျာာ ရခိုင်အက္ခရာ ဖေါ်ထုတ်ရဖြင်းအကြောင်းကို အမှာစာရီးပီးပါရေ ။ ( နောက်ဆက်တွဲ ရှူ )

ယေဇူးနန့်  " ရခိုင်အက္ခရာ၊ ရခိုင်စာ၊ " ဖေါ်ထုတ်ရီးကိစ္စမာ ဆရာကြီးမောင်စံဖေါ်ကို မှတ်တမ်းတင် ဂုဏ်ပြုသင့်ရေလို့  အကျွန်ရို့  သဘောထားရစွာဖြစ်ပါရေ ။
စာပီဆိုစွာ ခေတ်၏ကြီးမုံဆိုရေ စကားအတိုင်း -၁၉၅၇-၅၈-ခုနှစ်က ရခိုင်တန်ဆောင် မဂ္ဂဇိန်းပါ " ရခိုင်စာပီကဏ္ဍ" ယင်းကာလ ရန်ကုန်တက္ကသိုလ်ရောက် ရခိုင်ပိုင်ညာတတ် အသိုင်းအ၀ိုင်း၏ အမျိုးသားရီး ခံစားချက်ကို ရောင်ပြန်ဟပ်စွာဖြစ်ပါရေ။ ပြည်ထောင်စုမြန်မာနိုင်ငံမှာ " ရခိုင်ရေ လူမျိုးတမျိုးဖြစ်လို့ ပင် ကိုယ်ပိုင်အက္ခရာ ၊ ကိုယ်ပိုင်စာမဟိ" ဆိုစွာမျိုး အဖြစ်မခံချင်ကတ်ပါ။ ယင်းခံစားချက်ကြောင့် ရခိုင်အရီးသားသစ်တခုကို ကြိုးစားရီးကတ်စွာဖြစ်ပါရေ။ ရီးရေ ကလောင်သျင် အသီးသီးရို့ မာ ရည်မှန်းချက်ကတော့ခါ တူကတ်ပါယင့်။ ယေဒါလေးသော့ ရီးနည်းရီးဟန် ပုံသဏ္ဍန်မှာတော့ခါ ကွာဟမူ တဆတ်ဆတ် ကျဉ်းလှာရေလားလို့  သုံးသပ်မိပါရေ ။ စာလုံးပေါင်းစွာက ကွဲမြဲတုံး ကွဲတုံးသီး။
အေကိစ္စ" ရခိုင်ရိုးမ "မဂ္ဂဇိန်း ထုတ်ဖို့ ခါ ဆရာကြီးကို အကျွန်က " မောင်စံဖေါ် စာလုံးပေါင်မူလို့  လုပ်လိုက်ပါမေ။ ကျွန်တော်ရို့ က နောက်ကလိုက်ဗျာ ယင်းမူအတိုင်းရီးပါမေ။ မကောင်းပါလား ဆရာကြီးလို့  တင်ပြဖူးပါရေ ။ ဆရာကြီးက ချက်ချင်း ပယ်ချပါရေ ။

ဆရာကြီး၏၀ါဒက " သည်းညည်းခံဗျာ စိတ်ရှည်ရှည်ထားဖို့ ။ အချင်းချင်း မေတ္တာစိတ်နန့်  အပြေအလည် တိုင်ပင် စီစစ် ညှိနိုင်း သတ်မှတ်ဖို့  လိုလိမ့်မေ" ဆိုရေ ၀ါဒဖြစ်ပါရေ ။
ဒေစာစောင်သျှေမှာ ရခိုင်ရိုးမ မဂ္ဂဇိန်းအမှတ်( ၁) (၂) (၃ ) ရို့ က ဆရာကြီး၏အာဘော် ( စာတည်းချုပ်အာဘော် ) သုံးခုကို ဖေါ်ပြထားပါရေ။ ယင်းအာဘော်တိမှာ ရခိုင်စကား၊ ရခိုင်သံ၊ ရခိုင်အရီးအသားသစ်ကိစ္စတိကို ယေဘူယျငုံမိအောင် ယှင်းလင်းထားရေအတွက် လေ့လာချင်သူအဖို့  အထောက်အကူ ဖြစ်နိုင်လိမ့်မေလို့  အကျွန်ရို့  သဘောထားကတ်ပါရေ။ ယေဇူးနန့်  တနှစ်ကျော်ခန့် ကပင် နှလုံးအားလျော့ဝီဒနာကြောင့် အိပ်ရာထဲမှာ ပျော့ခွေနီရေ ဆရာကြီးထံ ( ၂၀၀၀-ပြည့် ၊ ဒီဇင်ဘာလအတွင်းမာ ) အားနာနာနန့်  ချဉ်းကပ်ပနာ ဆန္ဒယူခပါရေ ။

" စာတည်းချုပ် အာဘော်သုံးခကိုစုဗျာ စာစောင်သျေ ထုတ်ချင်ပါရေ ဆရာကြီး၊ စာစောင်နာမည်ကို ရခိုင်စကား ၊ ရခိုင်သံ၊ ခေတ်သစ်ရခိုင်စာ လို့  ပီးပါဖို့  ။ ကောင်းပါဖို့ လား။"
အကျွန်က ယင်းပိုင်တင်ပြရေအခါ ဆရာကြီးက တအောင့်သျေဆေလာက် အတွက်ခံပါရေ ။ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပနာ " ကောင်းယင့် " လို့  သဘောတူပါရေ ။
ယေဇူးနန့်  အေစာစောင်သျှေရေ ( ၇-၃-၂၀၀၁) နိန့် က ကွယ်လွန်သူ ဆရာကြီးမောင်စံဖေါ်၏ ဆန္ဒနန့် အညီ အများးပရိတ်သတ်လေ့လာနိုင်အောင် ထုတ်ဝီလိုက်ရစွာဖြစ်ပါကြောင်း ။။။။။။။။။။။။။။။။။။

မောင်ဗသိန်း
၂၀၀၁-ခု-စက်တင်ဘာလ( ၇ ) ရက်
ရခိုင်ရိုးမ -မဂ္ဂဇိန်း အမှတ်( ၄ )