Saturday, July 9, 2011

ဂီရိဒုက္ခသည်တိအတွက်အလာကားချပီရေပစ္စည်းတိကိုဗန်းပြဗနာကျေးရွာအုပ်ချုပ်ရီးမှုးမှငွေကောက်ခံ




(ရခိုင်ရိုးမ)။ ။နယူးဒေလီ
ခိုင်ထွန်း(လေးဝတီ)

မြေပုံ။ ။ဂီရိမုန်တိုင်း ဒုက္ခသည်တိအတွက် နိုင်ငံတကာက အလကား(အခမဲ့) ချပီးရေ အိမ်နှင့် မျိုးစပါးတိကို ရယူဖို့အတွက် ကျေးရွာ အုပ်ချုပ်ရေးမှုတိကို ဖေ့ချာပီးနိန်ရရေလို့ သတင်းရရှိပါရေ။

ရခိုင်ပြည်မှာ ဂီရိမုန်တိုင်း တိုက်ခတ်လားခလို့  ဒေဂု အချိန်ထိ နီစရာ အိမ်နိန့်  စိုက်ပျိုးစရာ မျိုးစပါး မဟိန့် ကတ်သိမ့်လို့လည်း သိရပါရေ။။

ယင်းအတွက် မိုးရာသီ ကျလာဗျယ်ဖြစ်လို့  အမိုး အကာအောက်ကို အယင်ရောက်စီဖို့အတွက် နိုင်ငံတကာက အလှူအဒါန်းတိ ပီးနိန်ကြရကြောင်း သိပါရေ။

( CDN) ADRA -အဖွဲ့က လှူဒါန်းရေ ပစ္စည်းတိကို ရပ်သူရွာသားတိအား တရားသဖြင့် ပြန်ဗနာ မ၀ီငှဘဲ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ၀က်ခေါင်းကျေးရွာ အုပ်စုမှ အုပ်ချုပ်ရီးမှူး ဦးထွန်းမြင့်အောင်ခေါ် ဦးညီညီက တအိမ်ထောင်ကို(ဖေ့ချာ-၃၀၀၀)စီ ကောက်ပနာ တောင်းစားနိန်တောင်းစားနီစော်ဖြစ်တေလို့ သိရပါရေ။

ယင်းအဖွဲ့မှာ အိမ်တိကို ပီးစွာမှာ အလကား ပီးစွာဖြစ်နိန်ကေလဲ မဆမတိအပါအ၀င် ရပ်သူရွားသားတိကို ခြိမ်းခြောက်ဗနာ တောင်းနိန်ရေအတွက် ဒုက္ခသည်ကျေးရွာသားတိမှာ နိန်စရာမဟိန့်၊ စားစရာမဟိန့်ရေ ကြားက ဖေ့ချာတိကို ပီးနိန်ရပါရေ။

ကမ္ဘာ့ ကုလသမဂ္ဂ လက်အောက်ခံ(UNDP)ကလဲ မိုးရာသီအမှီ စိုက်ပျိုးနိုင်ဖို့  အတွက် ဂီရိမုန်တိုင်းကြောင့် မျိုးစပါးတစိ မကျန်ခရေ လယ်သမားတိအတွက် မျိုးစပါးနာင့် ဓါတ်မြီသြဇါတိကို အလကား ဖြန့်ပီးစော် ဖြစ်ကေလဲ ဦးထွန်းမြင့်အောင်ခေါ် ဦးညီညီမှာ ဒူက္ခသည်တိကို မျိုးစပါး ပီးဖို့စွာမှာ လိုချင်ရေ လူတိဘားက လယ်သမားတယောက်ကို ( ၅၀၀၀ ) ပီးနိန်ရရေလို့ ရခိုင်ရိုးမကို ပြောပြပါရေ။

“ ဂီရိမုန်တိုင်းကြောင့် နိန်စရာလဲမဟိန့် ၊စားစရာလဲမဟိန့်၊ မျိုးစပါးလဲမဟိန့်ရေ ဒုက္ခသည်တိမှာ တောင်းသမျှကို မပီးနိုင်ကေ ဒုက္ခ အကြီးအကျယ် ရောက်တေကိန်းကို ဆိုက်ရောက်နိန်ပါဗျန်”လို့ ယင်းရွာသားတယောက်က ရှင်းပြပါရေ။

“အလှူရှင်တိက ဒုက္ခသည်တိကို အလကား လှူပါယင့်သားနာင့် အလှူငွေတိကို ဖြန့်ဝီမပီးသည့်အပြင် ခြိမ်းခြောက်ခံနိန်ရရေ အတွက် ရဲကိုလဲ မတိုင်ဝံ့ဖြစ်နိန်ကြတ်ရပါရေ”လို့ ဆက်ဗနာ ပြောပြပါရေ ။

ရဲကိုတိုင်ဖို့စွာမှာလဲ မြေပုံမြို့နယ် ကန်သာရွာ ရဲတိကပါ ယင်းပိုင် ဖေ့ချာတောင်းစားနိန်စွာမှာ အလိုတူအလိုပါ ဖြစ်နိန်ရေအတွက်ဇာသူတယောက်ကိုလဲ တိုင်လို့၊ တောလို့  မရဖြစ်နိန်ကြောင်း သိရပါရေ ။

ဒေပိုင် ဒုက္ခသည်တိတွက် အလှူတိကို ကြားဖြတ် လာဒ်စားနိန်ရေ လူတိကို အရေးယူပီးဖို့  မြေပုံမြို့နယ်သားတိက အလိုရှိနိန်ကတ်တေလို့  ကန်သာရွာသား တယောက်က ရခိုင်ရိုးမကို ပြောပြခပါရေ။

(၂၀၁၀)ခုနှစ် အောင်တိုဘာ ၂၂-ရက်နိက တိုက်ခတ်ခရေ ဂီရိမုန်တိုင်းဒဏ်ကြောင်း အိမ်ခြီပေါင်း (၇၀၉၇၅) အိမ်ပျက်စီးခပြီကေ လူဦးရေပေါင်း နှစ်သိန်းကျော် ဒုက္ခရောက်ခရေလို့ ယူအန် အစီရင်ခံစာမှာ ဖော်ပြခပါရေ။

ဂီရိဒဏ်ကို အဆိုးရွားဆုံးခံလိုက်ရရေ ဒေသများမှာ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူနိန့် မင်းပြားရို့ဖြစ်ပြီးကေ ဒေဂု ၀က်ဂေါင်း ကျေးရွာ အုပ်စုဆိုစော် ယင်းအဆိုးရွားဆုံး ခံလိုက်ရရေ မြေပုံမြို့နယ်ထဲက ဒေသ တခုဖြစ်ကြောင်း သိရပါရေ။