Monday, August 1, 2011

ပဗြုံးစင်ဖို့ ဗျာလ် ဖြစ်လို့  ရခိုင်ဆင်ဖြူတော် ဖမ်းစွာကို ရရောင်းသတ်ပနာ ကန့် ကွက်

ရခိုင်ပြည်ကရရှိရေ ဆင်ဖြူတိကို နောက်ထပ် မဖမ်းဆီးနိုင်ဖို့နန့် ဗမာပြည်ကို ယူဆောင်မလားနိုင်  ဖို့အတွက် ဆင်ဖြူတော်ကန်ပိန်း (Elephant Camping) လှုပ်ရှားမှုတရပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ   ပြုလုပ်လား ခကြောင်းသိဟိရသည်။ရခိုင်ပြည်အနောက်မြောက်ဖက် နယ်စပ်ဒေသ စစ်ဆေးရေးနန့် ကွပ်ကဲရေး (နစက) က၂၀၁၀ စတင်ဘာ ၁၉ ရက်နိမှာ ဖမ်းရလားခရေ ဆင်ဖြူအပါအဝင် ရခိုင်ပြည်ကဆင်ဖြူ ငါးကောင်တိတိ ရဟိလားဗျာလ်   ဖြစ်သည်။ ဆင်ဖြူတိကို ဗမာပြည် ရန်ကုန်နန့် နေပြည်တော်ကို ယူဆောင်လားခစွာရေ အဂုအခါ ရခိုင်ပြည်မှာ ဆင်ဖြူရတနာတိ ရှားပါးလာနိန်ဗျာလ်ဖြစ်တေအတွက် အဂုပိုင် ကန်ပိန်းလှုပ်ရှားမှု တရပ်ကို ပြုလုပ် ရခြင်းဖြစ်ကြောင်း ။ဆင်ဖြူတော်ကန်ပိန်းလှုပ်ရှားမှုအဖွဲ့က ခေါင်းဆောင်(မစောမြတ်မွန် ) ကို ရခိုင်ရိုးမသတင်းထောက် ခိုင်ကျော်ဆန်း(ရွှီမြောက်ဥူး ) က အင်တာဗျူး တင်ပြချက်။

မိန်း။ လက်ဟိန့်(campaign) ကန်ပိန်းတာဝန် နန့်  ဇာအဖွဲ့ မှာတာဝန်ထမ်းဆောင်နိန်ပါလေး။
ဖြေ။ အကျွန်နာမည် စောမြတ်မွန်ပါ။ ရခိုင်အမျိုးသမီးများအစည်းရုံးက အဖွဲ့ဝင်တယောက်ပါ။ အဂုလက်ဟိ ဆင်ဖြူတော်နန့်(သတာဝသစ်တော ထိန်းသိမ်းရေး) လှုပ်ရှားမှုအတွက် အဖွဲ့ဂေါင်းဆောင် ဖြစ်တေဒေါ်စော
 မြရာဇာလင်းရို့နန့်တတူ လုပ်ဆောင်နီသူတယောက်ပါ။

မိန်း။ ဆင်ဖြူတော် ကန်ပိန်း လုပ်ရရေ ရည်ရွယ်ချက်ကို ပြောပြပီးပါ။
ဖြေ။ ဆင်ဖြူဆိုစွာ ရခိုင်လူမျိုးရို့အထွတ်အမြတ်ထားရေ သတ္တဝါပါ။ ရခိုင်ရို့နာမ်ပါ။ ရခိုင်ရို့အတွက် ကကောင်းကြီး နိမိတ်ကောင်းရေသတ္တ၀ါလို့ ဆိုရပါဖို့။ မင်းကောင်းမင်းမြတ်တိ စိုးစံရေတိုင်းပြည်၊ ဘုမ္မီနက်သန်    တောတောင်ရီမြီတိမှာရာ ပေါက်ဖွါးလေ့ဟိကြောင်းကို သမိုင်းအထောက်ထားတိအရ သိရပါရေ။ ဆင်ဖြူ ဟိခြင်းအားဖြင့် ရခိုင်ရို့၏ မျော်လင့်ချက် စိတ်ခွန်အားကိုလည်း    ဖြစ်စီပါရေ။ တနည်းအားဖြင့်ဆိုကေ ကမ္ဘာမှာ အရှားပါးဆုံး သက်ဟိတမျိုးလဲ    ဖြစ်ပါရေ။  ဆင်ဖြူတော်ကို ရခိုင်ရို့တောင်မက ကမ္ဘာကပါ တန်ဖိုးထားကတ်ပါရေ။    ဒေပိုင်မြင့်မြတ် တန်ဖိုးဟိရေသတ္တ၀ါကို ရခိုင်သစ်တောတိထဲကနိန် ဖမ်းဆီးပြီးကေ ဗမာပြည်မြို့တော်ဖြစ်တေ ရန်ကုန်မြို့နန့်  နေပြည်   တော်ကိုယူလားစွာ အကျွန်ရို့တိလုံးဝမကျေနပ်ပါ။ ရခိုင်တမျိုးသားလုံးလေ့        ကျေနပ်ကတ်ဖို့ မဟုတ်ပါ။ ယင်းကြောင့် ဆင်ဖြူတော်လာဖမ်းကေ တပြည်လုံးက အုံကြွဆန့်ကျင်ဖို့နန့် ဖမ်းဆီးခံပြီးကေ ဒုက္ခရောက်နီကတ်ရရေ ဆင်ဖြူတော်တိကို ရခိုင်သစ်တောထဲ   ပြန်လည်ရောက်ဟိစီဖို့အတွက် အကျွန်ရို့ ရခိုင်အမျီုးသမီးများအစည်းအရုံးက ဒေတပြည်လုံးနန့်ဆိုင်ရေ အဂုပိုင် လှုပ်ရှားမူကိုလုပ်ရစွာပါ။

မိန်း။ တခြား NGO တိ ပါဘာလား။ ဇာအဖွဲ့တိက ဦးဆောင်နိန်ဘာလေး။

ဖြေ။ အကျွန်ရို့ ရခိုင်အမျိုးသမီးအစည်းအရုံးက စတင်လူပ်ရှားစွာပါ။ ယကေလေ့ အကျွန်ရို့က ရခိုင့်ရတနာ ဆင်ဖြူတော်တိအတွက် ကမ္ဘာတခုလုံးမှာဟိရေ ရခိုင်လူမျိုးတိကို ပူးပေါင်းပါဝင်နိုင်စီဖို့ ထုတ်ပြန်ချက်မှာ
ဖေါ်ပြထားပါရေ။

မိန်း။ အဂု ဆင်ကန်ပိန်း လုပ်လို့ ဗမာအစိုးရက ဆင်ဖြူ ရှာဖွေနိန်စော်တိ ရပ်လားဖို့လို့ ယူဆပါလား။

ဖြေ။ အသရေဟိရေ အစိုးရတိုင်းစွာ ပြည်သူမကြိုက်တေ အလုပ်ကို မလုပ်ပါ။ ယင်းအတွက် ဆင်ဖြူ ဖမ်းခြင်းရပ်ဖို့ မရပ်ဆိုစော်က သူရို့တာဝန်ပါ။ လုပ်ရဖို့ တားမြစ်ရဖို့ ကာကွယ်ရဖို့စွာက ရခိုင်တမျိုးသား လုံးတာဝန်ပါ။

မိန်း။ လက်ဟိ ရခိုင်ဆင်ဖြူတော်တိစော် ဗမာပြည်ကို ကုန်သလောက် ရောက်လားပါဗျာလ်လို့ ကြား    သိရပါရေ။ ဗမာပြည်ကို နောက်ထပ် ရခိုင်ဆင်ဖြူတော်တိကို တွိကေ ယူလားလို့မရအောင်ဇာပုံ၊   ဇာနည်း ဆောင်ရွက်လားဖို့  လုပ်ဆောင်သင့်ဖို့ ဆိုစော်ကို ရှင်းပြပီးပါ။
 
 ဖြေ။  ။ ရခိုင့်ရီမြီ၊ တောတောင်တိကို ရခိုင်ရို့ကရာ ပိုင်ပါရေ။ ရခိုင်မြီမှာဟိရေ သက်ဟိသက်မဲ့ အားလုံးကိုလဲ ရခိုင်ပြည် သားတိ ပိုင်ပါရေ။ ယင်းချင့်ကို တိုင်းတပါးက ဗမာတိလာပနာ ချင်တိုင်းယူနီစွာ ရခိုင်ရို့ညံ့လို့ပါ။ ရခိုင်ပိုင် ဆင်ဖြူတော်တိကို ဖြစ်စီ အခြားရတနာတိကို ဖြစ်စီ အားလုံးဝိုင်းဝန်း ကာကွယ်ကတ်ကေဇာအစိုးရ   လေ့ မယူနိုင်ပါ။ ဒေဂုက လာယူကေ ကြည့်ပနာစီ ကျန်လိုက်ကတ်ရပါရေ။ ယင်းကြောင့် ရတနာ တိအားလုံ     ပါလားခရစော်ပါ။ ယင်းအတွက် နောက်ထပ်လို့ ဒေပိုင်အဖြစ်မျိုးတိ မဖြစ်ရအောင် ရခိုင်လူမျိုး အားလုံးက ၀ိုင်းဝန်းကာကွယ်ကတ်ဖို့နန့် ယင်းဆင်ဖြူတော်တိကို ရခိုင်သစ်တောထဲ ပြန်ရောက်နိုင်ဖို့အတွက် တိုက်ပွဲဝင်ကတ်ဖို့ လိုပါရေ။

မိန်း။ ရခိုင်ပြည်သူတိကို ဆင်ဖြူရတနာကိစ္စနန့် ပတ်သတ်လို့ ဇာပြောစရာဟိပါလေ။
 
 ဖြေ။ အကျွန်ပြောချင်စွာက ဒေအလုပ်စွာ အမျိုးသမီးတိလုပ်တေ အလုပ်လို့လျစ်လျူရှုမထားဘဲ ဆင်ဖြူတော် ရတနာကာကွယ်ရေးစွာ ရခိုင်တမျိုးသားလုံးအရေး၊ ရခိုင်သစ်တောထိန်းသိမ်းရေးစွာ ရခိုင်တပြည်လုံးအရေး ဆိုပြီးကေ အကျွန်ရို့နန့် လက်တွဲဆောင်ရွက်ကတ်ပါလို့ ပြည်တွင်း ပြည်ပ ရခိုင်မောင်ဖွား၊ ညီမအစ်မရို့အားလုံးကို တိုက်တွန်း မိတ္တာ ရပ်ခံပါရေ။ ဒေလှုပ်ရှားမှုကို အကျွန်ရို့ အမျိုးသမီးတိ ရခိုင်ပြည် အနှံ့မှာလှုပ်ရှားနီပါဗျာယ်။ အပြင်မှာလေ့ ဆန္ဒပြပွဲတိကို ငွေရေးကြေးရေးအပေါ် မူတည်ပြီးကေ လုပ်လားဖို့ဖြစ်ပါရေ။ ကမ္ဘာအရပ်ရပ်က ရခိုင် မောင်၊ ဖွား၊ ညီအစ်မတိလေ့   ရောက်ရာ အရပ်မှာ ဆန္ဒပြလူပ်ရှားကတ်ဖို့နန့် အကျွန်ရို့နန့် လက်တွဲပါဝင်ကတ်ဖို့ ရခိုင်အမျိုး သမီးများအစည်းအရုံးက တိုက်တွန်းအပ်ပါရေ။