Monday, August 29, 2011

ဒုက္ခကြားက ကြွေးကြော်သံတိ

ရခိုင်ရိုးမ။ ။ August 29, 2011


စစ်တွေ။ ။“ပုံမှန်တော မရ တရက်ကို နှစ်ထောင်လောက်ရာ ရစွာအရင်ထက် ကျလာရေ လုပ်စားရစွာလဲ အဆင်မပြေ”လို့ စစ်တွေမြို့ မင်းဂံရပ်ကွက်က ဆိုက္ကားသမား ဦးသာအေးက ဆိုသည်။


ဆိုက္ကားသမားဘ၀နန့်ရပ်တည်လာစွာ နှစ်ပေါင်းနှစ်ဆယ်လုံးလုံးရှိလာပြီးကေ မိသားစု ၄ယောက်နန့်အတူ ရုန်းကန်နိန်ရမှုအပေါ် သူ၏ဖွင့်ဟချက် ဖြိုက်သည်။

ကိုယ်ပိုင်ဆိုက်ကားနန့် သင်္ကြန်ပွဲတော်အတွင်း ပပျော်ပပါး မြို့ကို လည်ပတ်နိန်ရေ မိသားတစု

“ကုလားတန် ဖြားရီထက် အတက် အကျ မြန်လာရေ ကုန်ဈိးနှုန်းကလည်း ဦးသာအေးရို့ မိသားစုအတွက် မဟာရ ပင်လယ်ပြင်ကို ဖြတ်သမ်းနိန်ရပိုင် တွိရေ”လို့လဲ သူက ပြောပြသည်။

“ယပိုင် ရုန်းကန်နိန်ရစွာဗျာယ်ဝေး အချေတိကို အခမဲ့ ပညာသင်ကျောင်းမှာ ထားစွာ တော်သိယင့် မဟုတ်ကေ ပညာရေး စရိတ်က မလွယ်ဒေ”လို့ သူ၏ အခက်အခဲကို ရှင်းပြသည်။

ဆိုက္ကားနင်းရေ ဆိုစွာလဲ အလွယ်တကူ မဟုတ်ကြောင်း အခက်အခဲ ရှိကြောင်းကိုလည်း သူက
“အဂုဈီးလမ်းတိမာဆိုကေ တစ်လမ်းမောင်းဆိုပနာ ကပ်ထားရေနိန်ရာတိကို မှားပနာ ဝင်ထွက်လားမိကေ ဖေသာ ငါးထောင်း လျှော်ရရေ။ မပီးနိုင်ကေ ဖမ်းထားရေ၊ အရင်ခါ လမ်းပြ ပုလိပ်တိရာဖမ်းရေ၊ အဂုက ရဲတိက လမ်းပြပုလိပ် ဖြိုက်လာခါ လမ်းခွဆုံတိုင်းမှာ စောင့်နိန်ရေ လမ်းမှားလားကေ တောင်းစွာဗျာယ်“လို့ လက်ရှိစစ်တွေမြို့မှာ ဆိုက္ကားသမား အသိုင်းဝိုင်းကြား ဖြိုက်ပေါ်နိန်ရေ ပြဿနာကို သူကရှင်းပြခြင်း ဖြိုက်သည်။

မကြာမိက စစ်တွေမြို့ရှိ လူစည်ကားရေ လမ်းတစ်ချို့ကို တစ်လမ်းပြောင်း အဖြိုက် သတ်မှတ်ထားရေ အတွက် ဆိုက္ကားသမားတိအဖို့ ဝင်ထွက်လားလာမှု ခက်ခဲလားခြင်းဖြိုက်ရာ လမ်းမှားပနာ မောင်းနှင်မိကေ ဒဏ်ငွေ အရိုက်ခံရစွာတိ ရှိလာသည်။

သို့သော် ယင်းအခက်အခဲကြားကသားသမီးအတွက် ရုန်းကန်ကြိုးစားနိန်ရခြင်းဖြစ်သည်ဟု ဦးသာအေးက ဖွင့်ဟသည်။

စစ်တွေမြို့တွင် ဆင်းရဲသားနန့် လူလတ်တန်းစား၏ သားသမီးများအတွက် အခမဲ့ ပညာရီးစနစ် တိုးလာရေအတွက် ပညာရီးပိုင်းမှာ သင့်တင့်ရေ အနိန်အထားမှာ ရှိလာသည်။

ဘကကျောင်း တစ်ချို့ကိုလည်း အလယ်တန်း အထက်တန်း တိုးမြှင့်လာရေအတွက် ဆင်းရဲနွမ်းပါးရေ ကျောင်းသား ကျောင်းသူတိအဖို့ ပညာရီးလမ်းစ ပွင့်လာခြင်း ဖြိုက်သည်။

ရခိုင်ပြည်တွင်းက ကိုယ်ထူကိုယ်ထ စာသင်ခမ်းမ တခု

စစ်တွေမြို့တွင် နိန်ရာ အများအပြားမှာ အခမဲ့ ပညာရီးစန်တာ (center)တိ တိုးလာစွာကို တွိရသည်။

“အဂုကပညာရေးခေတ်လို့ ဆိုရဖို့ယေ အလုပ်လျှောက်ကေလဲ ဘွဲ့ရဖြိုက်ရဖို့ ဆယ်တန်းအောင်ရဖို့ဆိုစာတိရှိလာခါ သားသမီးတိကိုလည်း ပညာတတ်စီချင်ရေ။ ငါရို့ခေတ်နန့် အဂုခေတ်နန့် မတူဗျယ်ယေ”လို့ အသက် ၄၀ အရွယ်ရှိ ဦးသာအေးကဆိုသည်။

သမီးကြီးက ပုစွန်ဒိုင်မာလုပ်တေ ကျန်ရေ အချေတိကတော ကျောင်းတက် နိန်တုန်း မယားကတော ဈီးမှာ ဟင်းရောင်းရေလို့ သူရို့ဘ၀ပုံရိပ်တိကို ပြောပြနိန်ခြင်း ဖြိုက်သည်။

ရခိုင်ပြည်နယ် မှာ လူလတ်တန်စားအတွက် အလုပ်အကိုင်အခွင့်အလန်း မရှိရေ အတွက် အများစုက ကြုံရာကျဘမ်း အလုပ်ကိုရာလုပ်ကိုင်နိန်ကတ်ရသည်။

ကျေးလက်ဒေသထက် မြို့ပေါ်လောက ရှိလူလတ်တန်းစားအတွက် အလုပ်အကိုင်က ရှားပါးသည် ဆိုက္ကားနင်းနန့် တခြားကြုံရာ အလုပ်မျိုးရာ ရှိသည်။
အဓိက အကြောင်းရင်းတရပ်မှာ ရခိုင်ပြည်အတွင်း စက်ရုံအလုပ်ရုံတိ မရှိခြင်းကြောင်း ဖြိုက်တေလို့ ဒေသခံအများက ပြောဆိုနိန်ကတ်တေပိုင် တစ်ဦးတစ်ယောက်ချင်း စီးပွားရေး လုပ်ကိုင်မှု အခွင့်အလမ်း မရှိရေအတွက် ယင်းပိုင် အလုပ်လက်မဲ့ ပြဿနာတိ တိုးလာရစွာ ဖြိုက်တေလို့လဲ သိရသည်။