Monday, August 1, 2011

၂၁-ရာစု ရခိုင်လူမျိုးရို့  ညီညွတ်ရီး လက္ခဏာပြယုဂ်

တလိုင်းက ဤကား ရက္ခမြီဖွား အသံတည်း ဆိုပနာ ကျွန်တော်ဆောင်းပါးတပုဒ် ရီးခသည်။ ယင်းဆောင်းပါးအခြီခံမှာ မလေးရှားနိုင်ငံရှိ ရခိုင်လူမျိုးရို့ နင့် ရခိုင်လွပ်မြောက်ရီးပါတီကာ တာဝန်ဟိပုဂ္ဂိုလ်တိနင့် တွိဆုံကတ်တေ ညီလာခံကို အခြီခံပနာ ရီးလိုက်စွာဖြစ်သည် ။ ရခိုင်လွပ်မြောက်ရီးပါတီမှ အတွင်းရီးမှူး အောင်မိုးဝေက မီးလိုက်စွာ စကားကို အစီးအ၀ီး တက်ရောက်နီကတ်တေ ရခိုင်လူမျိုးတိက ဖြီလိုက်ကတ်သည်။ အဖြီက မီးသူပါးမှာ ကောင်းကောင်း ထိရောက်ပါသည်။ ရခိုင်လူမျိုးရို့ က လွပ်လွပ်ရီး လိုချင်ပါယင့်လားကို သုံးကြိမ်မီးသည်။ ယေခါ လူတိက သုံးခါဖြီသည် ။ သူရို့  အဖြီကား လွပ်လွပ်ရီးကို လိုချင်ပါရေလတ် ။ ယင်းအဖြီကို ကျွန်တော်ကြားသည် ။ ယေဇူးနင့် ကျွန်တော်က ဒေချင့်ကား ရက္ခမြီဖွားက အသံပင်လို့ ဆိုစွာ သဘောကို ဆောင်ရေ ဆောင်းပါးကို ဂုဏ်ပြုရီးလိုက်ရစွာဖြစ်သည်။

အခုတခါ ဂုဏ်ပြုဆောင်းပါးကို ရီးယင်း ကြိုဆိုရဖို့ စွာကို ရီးရပြန်သည် ။ ဒေတခါလေး မလေးသျှားနိုင်ငံက ရခိုင်လူမျိုးရို့ နင့် ပါတ်သက်လို့  ရီးရဖို့ စွာဖြစ်သည် ။ ပထမတခါက ကျွန်တော်ရီးလိုက်တေ ဆောင်းပါးမှာ လူထုတရပ်လုံးကို လေးစားလို့  ရီးလိုက်တေဆိုကေ အခုတခါ ရီးလိုက်တေ ဆောင်းပါးက ခေါင်းဆောင်( အဖွဲ့ အသီးသီးက တာဝန်ဟိ ပုဂ္ဂိုလ်တိ ) ရို့ ကို ဦးညွှန်းရေလို့  ပြောနိုင်ပါသည် ။ ယှင်းယှင်းလင်းလင်း ပြောရဖို့ ဆိုကေ အစီးအ၀ီးလုပ်ခကတ်တေ တာဝန်ဟိပုဂ္ဂိုလ်ရို့ နင့် လူထုတိကိုပါ ဂုဏ်ပြုကြိုဆိုရစွာကို နားလည်ပီးချင်ပါသည်။ ကောင်းပါဗျယ် ။ ပဇေါင်အတွက်တာနင့် ဂုဏ်ပြုနီရပါလေဂု ။ ဒေအချက်ကို ယှင်းပြရဖို့  ကျနီလာပါရေထော ။
ကျွန်တော်လှုပ်ရှား နီခရေ ပတ်ဝန်းကျင်ကြားမှာ အကြားရဆုံး စကားနင့် လုံးဝသဟဇါတ မဖြစ်ရေ စကားမှာ ညီညွတ်ရီးနင့် စီးလုံးကတ်ပါ ဆိုရေ စကား ။ ဒေစကားရို့ က ဇါဖြစ်လို့  သဟာဇါတ မဖြစ်စွာလဲ မသိ ။ ညီညွတ်ဖို့ ပြောလီ - မညီညွတ်ကတ်စွာက ကျွန်တော်ရို့  ရခိုင်သားပါယေ ။ ညီညွတ်ကတ်ဖို့ ဆိုကေ ယင်းလူတိကား ရခိုင်သား မစစ်ထင်ပါရေလို့  ပြောယူနိုင်ပါသည် ။ ရခိုင်သားမှာလေး မစစ်တေ ရခိုင်သားတိက များလာရေအခါ တခါတခါ လူတိကို သီသီချာချာ မီးကြည့်  စစ်ကြည့်လုပ်ရပါသိသည် ။ ထားပါဖိ ။ ယင်းကိစ္စကို ။ အခုကိစ္စက မညီညွတ်ကတ်တေအကြောင်း ပြောကတ်ရဖို့ စွာပါ ။ ကြည့်ပါဖိတချက် ။ ရခိုင်တော်လှန်ရီးလုပ်နီကတ်တေ တိုင်သားတိကို အယင်ကြည့်လိုက်ပါနားရာ ယေ ။ သူရို့ လောက် ရခိုင်ရှင်ဘုရင်အကြောင်း သိကတ်ပါဖို့ လား ။ မထင် ။ တခြားလူတိ သိကတ်ဖို့  မဟုတ် ။ ရခိုင်တော်လှန်ရီးအကြောင်း သိကတ်ပါဖို့ လား ။ မထင် ။ တခြားလူတိ သိကတ်ဖို့  မဟုတ် ။ ယေကေ သူရို့  ဇါလုပ်နီကတ်ပါလေချင့် ။ ပြောရလီဖို့ဆိုကေ ရခိုင်တော်လှန်ရီး အကြောင်းကို ၊ ရခိုင်နိုင်ငံရီးအကြောင်းကို ကျွန်တော်ရို့ နင့် ပြိုင်လို့  ပြောနိုင်စွာလေး သူရို့ ပါကားယေ ။ ကျွန်တော်ရို့  ချစ်စွာထက် သူရို့ ကလေး ရခိုင်နိုင်ငံကို ချစ်စွာပါကား ။ ချစ်စွာမှာ သူရို့ က ပိုတောင် ပိုသိရေလို့  ပြောချင်ပါသိယင့် ။
အမျိုးကိုချစ်စွာမှာလေး သူရို့ ၊ အမျိုးကို ချစ်လို့  လက်နက်ကိုင်ကိုင်ထားစွာလေး သူရို့  ၊ အမျိုးကိုချစ်လို့  စုပနာဖွဲ့ စွာလေးသူရို့  ။ ယေကေ ယင်းလူရို့ ကို တတိုင်တည်းရာ မြင်ရဖို့  မဟုတ်ပါမနား ။ ယှင်းနီပါသည် ။ သူရို့ တိုင်သားတိမှာ တတိုင်တည်း နီလို့  မရပါ ။ ကွဲပြဲနီပါသည်။ လူစုလို့ နီဖို့ သာသာ ။ ကွဲနီလိုက်ကတ်စွာက သုံေးလးတိုင်တောင် ဟိနီရေလား မပြောတတ် ။ အခုဟိနီရေလူတိကို ကြည့်ကေ ညဇကပေါက်တေ အစိတ်ကေချေတောင် သိပါသည် ။ တခုဝမ်းနည်းစရာ ကောင်းစွာက သူရို့ မှာ အားလုံးတိုင်သားပေါင်းလို့  လူတရာ မဟိစွာကို တွိရသည် ။ ယင်းချင့်ကို အောက်သားတိက သရော်ကတ်သည် ။ ၀ီဖန်ကတ်သည် ။ မလေးစား ။ ယင်းသူရို့  လေးစားစွာ မလေးစား စွာ ထားလိုက်ပါဖိ ။ ကိုယ်ရို့  ရခိုင်လူမျိုးတိက လေးစားကတ်ပါယင့်လား ဆိုစွာကို စိုင်းစားကြည့်ကတ်ဖို့ လိုပါသည်။ ကျွန်တော်ထင်သည် ။ ရခိုင်လူမျိုးရို့ က လေးစားချစ်ခင် ယုံကြည်ရေ တော်လှန်ရီးခေါင်းဆောင် မှာ ဗိုလ်ခိုင်မိုးလင်းနင့် ဗိုလ်ချုပ်ခိုင်ရာဇါ နှစ်ယောက်ရာ ဟိသည်လို့  ထင်သည် ။ ကျွန်တော့်ခန့် မှန်းချက် မှားချင် မှားနိုင်ပါသည် ။ ယေကေလေး ကျွန်တော်လေးစားသူမှာလေး သူရို့ နှစ်ယောက်ရာ ဖြစ်ကြောင်း သိဇီချင်ပါသိသည် ။ ယင်းပိုင်ဆိုကေ အခြားလူတိကို မလေးစားကတ်လားလို့  မီးနိုင်ကတ်ပါသည် ။

ဒေကိစ္စမှာ တထိုင်တည်း ဖြီလို့  မရရေပိုင် အားနာဖို့ လေး ကောင်းသည်။ ယေဇူးနင့် မမီးဘဲနီဖို့ ကောင်းရေပိုင် မဖြီဘဲနင့် နီစွာက ကောင်းပါဖို့  ထင်သည် ။ လေးစားစွာ မလေးခန့် စွာ ပြောနီခြင်းသည် ရခိုင်လက်နက်ကိုင်တော်လှန်ရီး အဖွဲ့ တိကို သရော်ပနာ အားမနာ ရီးနီစွာမဟုတ် ။ ဒေအချိန်မှာ တိုက်ဆိုင်လို့  ရီးနီစွာရာ ဖြစ်သည်။ ဇါဖြစ်လို့  ယင်းအဖွဲ့ တိက ပုဂ္ဂိုလ်တိ မညီညွတ်ကတ်ရလေး ။ ယင်းလူတိက ရခိုင်ရာဇ၀င်ကိုလေး ကောင်းကောင်း သိကတ်ယင့်သားနင့် လို့  ပြောကတ်ပါသိယင့် ။ သိတောင်ကပါလား ယေ ။ ကျွန်တော်နင့် ညီလာခံတိမှာ ဆုံဖူးရေ ရခိုင်တော်လှန်ရီးအဖွဲ့ တိက ခေါင်းဆောင်တိ ၊ နိုင်ငံရီးအဖွဲ့ တိက ခေါင်းဆောင်တိ ပြောလားခရေ ညီညွတ်ရီးစကား စီးရုံးရီးစကားရို့ မှာ အခုအချိန်ထိ နားကမထွက်ပါသိ ။ လက်သီးလက်မောင်းတန်းလို့  ပြောနီစွာ အာပေါက်လားအောင်ထိ ။ ညီလာခံမှာ တယောက်ကား မိုက်ကို အနားလားပီးစွာကိုတောင်လက်မခံ ။ မလိုလို့  ဆိုပနာ မိုက်မပါဘဲ ညီလာခံမှာ ပြောလိုက်တေ စကားက ညီညွတ်ရီး ။ သိရေအတိုင်း ထုံးစံအတိုင်း ပါးစပ်က အမြုပ်ထွက်လောက်အောင် ပြောလားရေ ပုဂ္ဂိုလ်ကြီး ။ တောထဲပြန်လားခရေအခါ လူက နှစ်ယောက်တပိုင်းနင့် ပြန်လားခသည် ။ နောက် တတိုင်တည်း နီပနာ အခုအချိန်ထိ တယောက်နင့်လေးမပေါင်း ။ သူရို့ နင့် ပေါင်းနီရေ ဆိုစွာကလေး အခုအချိန်မှာ လက်ဆုပ်လက်ကိုင် ကောင်းကောင်း ပြနိုင်ဖို့ လူကလေး မဟိ ။ ပေါင်းလိုက်ကေ ဇါလောက်ကောင်းလီဖို့  လဲ မသိ ။

နောက်တိုင်သားကလေး အချင်းချင်းကို ပြသနာက ဟိသည် ။ ဇါရခိုင်လက်နက်ကိုင်အဖွဲ့ တိနင့် တခါချေလဲ ပေါင်းစီးရေလို့  မမြင်ဖူး မကြားဖူး ၊ တပ်ပေါင်းစုထဲ ပါရေလို့  ပြောသံရာ ကြားလိုက်ရသိရေ ။ မဟိဗျယ်လို့  ကြားလိုက်ရစွာက ယင်းတိုင်သားတိ သတင်း ။ ကျွန်တော့်လက်ကို ချိုးကြည့်မိသည် ။ သူရို့  တိုင်သားတိကို ရီတွက်မိသည် ။ ဘေးကလူတိ မမြင်ခင် လက်ကို ၀ှက်ထားလိုက်ရပါသည် ။ ဆယ်ဂဏန်းဟိရေ အဖွဲ့ ရာ ဟိနီလို့  ဖြစ်သည် ။
ယေကေ ဒေအဖွဲ့ ချေတိက ဇါဖြစ်လို့  မပေါင်းစီးဘဲ နီနိုင်ကတ်စွာ စိုင်းစားလို့ မ ရ ။ လူများကေ ရန်သူကို သတ်လို့  ရသည် ။ သနတ်များကေ ရန်သူကို တိုက်လို့ ရသည် ။ အခုက လူမများကေ ဇါပိုင် လူကို ကျင်ကိုင်လို့  သတ်နိုင်ကတ်ပါဖို့ လေးချင့် ။ ဇါပိုင် သနတ်နင့် ပစ်သတ်နိုင်ကတ်ပါဖို့ လဲချင့် ။ လက်နက်ကိုင်အဖွဲ့ က နှစ်ဖွဲ့ ထဲ ဟိစွာကို ပေါင်းလို့  မရကေ ထားရာထားဖိ - သူရို့ က အမှန်ပင် ရခိုင်လူမျိုးအတွက် လက်နက်ကိုင် တော်လှန်ရီး လုပ်နီစွာလို့  ဇါပိုင် ပြောရဖို့  ချင့် ။

တခုချေကို စိုင်းစားရသည် ။ သူရို့ လက်နက်ကိုင်အဖွဲ့ ရို့ မှာ ရီမှန်းချက်တိ ဟိပါသည်၊ ပါတီမူဝါဒ ဟိပါသည် ။ စည်းကမ်းတိ ဟိပါသည် ။ ပါတီဖွဲ့ စီးအုပ်ချုပ်ပုံအခြီခံ ဥပဒေဟိပါသည် ။ အားလုံးမှာ အခြီခံဥပဒေတိ စီးကမ်းချက်တိနင့် ဟိနီဖို့  ရာထင်သည်။ ယင်းအခြီခံဥပဒေနင့် စီးကမ်းချက်ရို့ မှာ ရခိုင်နိုင်ငံတော်အတွက် ချမှတ်ထားစွာ ဖြစ်ဖို့ များသည် ။ ယင်းချင့်မှာ ရခိုင်လူမျိုးရို့  အနာဂါတ်အတွက် ဖြစ်ဖို့  များသည် ။ ယေကေ ရခိုင်နိုင်ငံတော်နင့် ရခိုင်လူမျိုးရို့  အတွက်ဆိုကေ ။ ဇါဖြစ်လို့  မပေါင်းစီးနိုင်ကတ်လေး ။ ယင်းအချက်ကို စိုင်းစားကြည့်ဖို့ လိုလာသည် ။ ခေါင်းဆောင်ပိုင်း ပြသနာကို စိုင်းစားကြည့်ရဖို့  ဖြစ်တေလို့  ထင်ရသည် ။ ခေါင်းဆောင်ပိုင်းပြသနာဟိကေ ခေါင်ေးဆာင်ပိုင်းပြသနာကို ညီလာခံခေါ်ပနာ ဆွီးနွီးဆုံးဖြတ် ။ ယေကေ ပါတီတွင်းသန့် ရှင်းပနာ လုပ်ကတ်လို့  ရဖို့  ထင်သည် ။ ဇါဖြစ်လို့ ဆိုကေ ပါတီသည် အဖရခိုင်ပြည်အတွက် ဆိုကေ ရခိုင်ပြည်သူရို့ နင့် သက်ဆိုင်နီ၍ဖြစ်သည်။ ခေါင်းဆောင်ဆိုစွာမှာ နောက်လိုက်ကောင်းတိက ရွီးချယ်ခြင်းရာဖြစ်ပါသည် ။ နောက်လိုက်ကောင်းကိုလေး ခေါင်းဆောင်ကရာ မွီးဖွါးပီးရစွာဖြစ်သည် ။ ယေကေ ခေါင်းဆောင်ပိုင်းပြသနာနင့် နောက်လိုက်ပြသနာဟိကေ ပါတီညီလာခံတိ ကျင်းပပနာ လုပ်လိုက်ကတ်ကေ ကွဲပြဲနီရေ အဖွဲ့ တိက စုလို့ ပေါင်းလို့  မဖြစ်ဘဲ နီကတ်ပါဖို့ လားချင့် ။ တဖွဲ့ တည်းဖြစ်လို့ ဟိကေ ရံပုံငွေဆိုစွာ စိုင်းစားစရာ မလို ။ လက်နက်ကိုင်တော်လှန်ရီးအဖွဲ့ မှာ သနတ်သံညံမှ လူထုက ထောက်ခံကတ်စွာပါကား ။

အခုဆိုကေ မလေးရှားနိုင်ငံမှာဟိရေ ရခိုင်လူမျိုးရို့ က ကော်မီတီတိ ပေါင်းစီးလိုက်ဗျယ်ဆိုရေ သတင်းကြားလာရသည် ။ ယေအခါ စိုင်းစားစရာ အများကြီးဖြစ်လာသည် ။ ပထမအချက်က ဒေရခိုင်လူမျိုးဆိုစွာ မလေးသျားနိုင်ငံ တနံတလျှားမှာ နီထိုင်ကတ်တေ လူတိဖြစ်သည် ။ ဒေသူရို့ ကို ကော်မီတီတိက သူ့  မြို့ နယ်အလိုက် စုစီးပနာ လုပ်ထားခကတ်သည် ။ ကိုယ့်အဖွဲ့ နာမည်သူ့ အဖွဲ့ နာမည်နင့် သီးခြားလုပ်နီကတ်ခစွာ နှစ်ပရိစ္ဆေဒ ကြာမြင့်ခဗျယ်ဖြစ်သည်။ လူကွဲကေ ကျားကိုက်တတ်စွာ ဟိသည်။ တခါက သမိုင်းလိမ်ကုလားတိက ရခိုင်ဒီမိုကရေဒီအဖွဲ့ ချုပ်ဆိုပနာ လုပ်ခစွာ ကြားဖူးသည်။ နောက်ယင်းချင့်ကို ဖျက်ဆီးနိုင်ခကတ်သည် ။ ရခိုင်ကော်မီတီတိကြားထဲ ပြသနာက ဖေ့ချာပြသနာတိ ဟိလာခါ တချို့ က အလွှဲသုံးစား လုပ်သူတိ ဟိလာသံလဲ ကြားဖူးသည် ။ အဖွဲ့ အစီးတခုမှာ ဖေ့ချာနင့် အလုပ်သမားနင့် ကော်မီတီနင့် ကျလာလို့  ဟိခကေ စကားများလာကတ်ရသည် ။ အလွှဲသုံးစားမူ ဟိလာနိုင်သည်။ အလုပ်သမားအချင်းချင်း ကော်မီတီအချင်းချင်း စကားများရန်ပွဲတိ ဖြစ်လာနိုင်သည် ။ ယင်းချင့်က ဓမ္မတာ ။ တချို့  နိုင်ငံရီးအမြင်ဟိသူတိက ဒေပိုင် ရခိုင်လူမျိုးရို့ တိက စုစီးညီညွတ်လာစွာကို တွိရေအခါ နိုင်ငံရီးအရ လူစုရေသဘောနင့် လုပ်လာစွာလေး တွိလာရသည် ။ ဖေ့ချာကောက်စွာလေး ကြားရသည် ။ ယင်းချင့်က နိုင်ငံရီးသမားတိ အမြင်နင့် လုပ်လားစွာဖြစ်လို့  ပြောစရာ မဟိ။ ဖေ့ချာကောက်လို့  ရကေ တော်လှန်ရီးအဖွဲ့ ကို ထောက်ပံ့ရေ ဆိုစွာက ကောင်းရေ အလုပ်တခု ။ ဇါရခိုင်သားမဆို ရခိုင်လူမျိုးကို ချစ်တေလို့  ပြောဖို့  ၊ ဇါရခိုင်သားမဆို ရခိုင်နိုင်ငံတော်ကို လွပ်လွပ်စီချင်ရေလို့  ပြောဖို့  ။ ယင်းပိုင်စွာမျိုးကို နိုင်ငံရီးသမားတိက စီးရုံးရီး ဆင်းရဖို့  စွာလေး လုပ်ကိုလုပ်ရဖို့  အပိုင်း ။

သတိထားရဖို့  စွာက ဖေ့ချာထည့်ပီးရေလူတိကရာ တာဝန်ဟိသည် ။ ပီးရေလူလေး ကိုယ်ရို့  ၊ မန်ပါရေလူလေး ကိုယ်ရို့  ဆိုလို့ ကတော့ ဇါသူတယောက်လေး ၀င်လို့  ပြောစရာ မဟိနိုင် ။ မပီးချင်ကေ မပြောကေ့ ။ မဆက်ဆံကေ့ ။ မပေါင်းသင်းကေ့ ။ ပီးချင်ကေ တပည့်ခံခံ ခေါင်းထက်တင်ထားထား ။ နိုင်ငံရီးသမားမှာ အပြစ်မဟုတ် ။ ကိုယ်ကမှ ပီးနီစွာကို ။ အဓိကပြသနာက မလေးသျှားမှာ ဟိနီကတ်တေ ရခိုင်လူမျိုးရို့ မှာ ဇါကော်မီတီ ဆိုစွာလေ ဆိုစွာကို သိထားရဖို့  အရီးကြီးသည် ။ ကိုယ့်နိုင်ငံကို စွန့် ပနာ လာနီကတ်တေ လူချည်း ။ စီးပွါးရီးစွန့် လို့  လာလူ ။ မိဖကို စွန့် လို့ လာလူ ။ လယ်ယာမြီကို စွန့် လို့  လာလူ၊ တက္ကသိုလ်ကို စွန့် လို့  လာလူ ။ ရည်းစားကို စွန့် လို့  လာလူ ။ နို့ စို့  ချေ သားသမီးကို စွန့့် လို့  လာသူ ။ တက္ကသိုလ်မှာ တက်နီရေ သားတိကို စွန့် လို့  လာလူ ။ အားလုံးက ဘ၀တခုအတွက် ထွက်ပေါက်တခုကို ရဖို့  လာကတ်စွာချည်း ။ တရားဝင်လာလာ တရားမ၀င်လာလာ လာသူက နိုင်ငံခြားသားဖြစ်နီစွာရာ ။ ယင်းပိုင်လူတိရာ ဟိသည် ။ တွက်ကြည့်လိုက်ကေ အားလုံးက လူများနိုင်ငံမှာ ဒုက္ခသည် ။ နီစရာ မဟိ ၊ နီစရာ ရအောင် ကြိုးစားရသည် ။ လုံခြုံရီးမဟိ ။ လုံခြံရီးရအောင် ကြိုးစားရသည် ။ စားစရာမဟိ ၊ စားစရာ ရအောင် ကြိုးစားရသည် ။ အလုပ်မဟိ ။ အလုပ်ဟိအောင် ကြိုးစားရသည် ။ ယေနင့်ပင် အခြီချနီထိုင်လာကတ်တေ လူမျိုးဖြစ်နီကတ်ရသည် ။ အခု ဆိုကေ သိန်းဂဏန်းပြည့်ဖို့ ပင် ဖြစ်သည် ။ ယင်းလောက် လူဦးရေ များနီရေစွာကို ဒုက္ခသည် ကော်မီတီကို ကြည့်လိုက်တေအခါ -၃- ဖွဲ့ တောင် မဟိတဟိ ။ ယေကေလဲ ရခိုင်လူမျိုးတိအတွက် စုစီးပနာ လုပ်နီကတ်တေ ရခိုင်ကော်မီတီတိမှာ အားနင့်မန်နင့် လုပ်နီကတ်စွာ အားရစရာကောင်းသည် ။
မလေးသျှားနိုင်ငံမှာ ဟိနီရေ ကော်မီတီတိကို ကြည့်ကေ တနိုင်ငံလုံးနင့် ကြည့်ကေ ကောင်းကောင်းနည်းစွာကို သီသီချာချာ သိနိုင်သည် ။ ယေကေလဲ သူရို့မှာ လက်တန်ရှည်ရေလို့  ထင်ရသည် ။ ရခိုင်လူမျိုးရို့ ကို ကော်မီတီမန်ဘား လုပ်ကိုင်ပီးနိုင်စွာကတော့ သြချလောက်နိုင်သည် ။ ယင်းချင့်က သူရို့ တိ အရည်အချင်းဖြစ်သည် ။ ဇါပင်ဖြစ်ဖြစ် အဖွဲ့ နည်းသိရေ ဆိုပနာ နောက်ထပ် အဖွဲ့  ဖွဲ့ ဖို့  စွာကို ပြောနီစွာကား မဟုတ် ။ သူရို့ တိအရည်အချင်းကို ချီးကြူးချင်လို့  ပြောရစွာဖြစ်သည်။ အရေးကြီးနီသည်မှာ သူရို့  ဇါခါ ပေါင်းစီးကတ်ဖို့ လေး ဆိုစွာ ပြသနာဖြစ်လာသည်။ ရခိုင်လူမျိုးရို့ မှာ ကွဲပြဲနီစွာကို မလိုချင်ကတ်ဗျယ်ဖြစ်သည် ။ ညီညွတ်နီချင်ကတ်ဗျယ်ဖြစ်သည် ။ ခက်နီစွာက သူရို့  အဖွဲ့ တိမှာ တတိုင်သားလေး နိုင်ငံရီးသမားမဟုတ် ။ ဒုက္ခသည်ကော်မီတီဖြစ်၍ ဒုက္ခသည်ရီးးရာကိုရာ လုပ်ရဖို့ ပြသနာဖြစ်သည် ။ မလေးသျားနိုင်ငံက ဒုက္ခသည်ကော်မီတီမှာ အခြားနိုင်ငံတိနင့် ယှဉ်ပနာ နိုင်ငံရီးလောကကို မြီစမ်းနီရာ ၀င်လိုက်ကြသည်။ ဇါသူက ဇါလေဆိုစွာ မသိဘဲ ရောထိုင်ကတ်ခြင်းဖြစ်သည်။ အခုဆိုကေ ရှမ်းလူမျိုး ဦးဟန်ညောင်ဝေက မလေးသျှားးနိုင်ငံမှာ ဥရောပရီးရာ အဖွဲ့  ဒါရိုက်တာအနီနင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ အဖွဲ့  ကို လားလို့  ဖွဲ့ ထားသည် ။ ယင်းအဖွဲ့ မှာ ရခိုင်လူမျိုး ဒုက္ခသည်ကော်မီတီက အဖွဲ့ ဝင်အဖြစ် ပါရေလို့  သိရသည် ။ ယေကေ ဦးဟန်ညောင်ဝေ ဆိုစွာကို သိထားဖို့  လိုလာပါရေချင့် ။ တနားချေလောက်က ကုလားမဂ္ဂဇိန်း တစောင် ထွက်လာသည်။ ယင်းချင့်ကား ကာဇစ်စတန်နိုင်ငံမှာ ဦးဟန်ညောင်ဝေက သမိုင်းလိမ်မူဆလင်ကုလားလူမျိုးတိ လုပ်တေ ညီလာခံကို လားလို့  တက်စွာဖြစ်သည် ။ ယှင်းယှင်းပြောရဖို့ ဆိုကေ သမိုင်းလိမ် မူဆလင်ကုလားလူမျိုးတိက ရခိုင်ပြည်ကို ကုလားပြည်ဖြစ်အောင် လုပ်ကတ်တေ ညီလာခံ ။ ရခိုင်တိုင်းရင်းသားအဖြစ် သမိုင်းလိမ်ကုလားတိကို အသိအမှတ်ပြုဖို့ တိုင်းရင်းလူမျိုးများ အဖွဲ့ ကို ဖွဲ့ ထားရေ ဦးဟန်ညောင်ဝေကို ရောင်းစားနီခြင်းဖြစ်သည် ။ ယင်းအတွက်တာနင့် ရခိုင်ဒုက္ခသည်ကော်မီတီတိကလေး အခုအချိန်မှာ ဦးဟန်ညောင်ဝေ လုပ်ထားရေ တိုင်းရင်းသားအဖွဲ့ တိထဲက အယင်ဆုံးနုတ်ထွက် ။ အထူးသဖြင့် ရ -ရောင်းသတ်သံ ကြားရစွာမှာ ဒုက္ခသည်ကော်မီတီတီက နိုင်ငံရီးကို ရောနှောပနာ ဖေ့ချာကောက်ဗြီး လက်နက်ကိုင်တော်လှန်ရီးအဖွဲ့ ကို ကောက်ခံပီးနီခြင်းက ပြသနာကို စလာကတ်တေလို့  မြင်သည် ။ ယင်းပြသနာက လွယ်ပါသည် ။ ပီးသူက ဟိနီကေ ယင်းကော်မီတီတိက ဖေ့ချာကို ကောက်ခံနီဖို့  ဖြစ်သည် ။ မပီးချင်ကေ မထည့်ကေ့ ။ ယင်းပိုင်ရာ ဟိသည် ။ ပီးရေလူကိုလေး အပြစ်မြင်စရာ မဟိ ။ ဖေ့ချာကောက်ခံရေလူကိုလေး အပြစ်မြင်စရာမဟိ ။ ဇါဖြစ်လို့ ဆိုကေ သူရို့ ဇတ်နင့် သူရို့  ပွဲကြည့်ပရိတ်သတ်နင့် ။
ယင်းပြသနာသည် အခုပိုင် ရခိုင်လူမျိုးတိ စုစီးပေါင်းသင်းရီးကို ဦးတည်လားရေ အချက် ဖြစ်သည်လို့  ထင်သည် ။ သာမန်အားဖြင့် မြုပ်နီရေ အဓိကငုပ်ကောင်မှာ ယင်းချင့် ။ ပဇေါင်ပင်ဖြစ်ဖြစ် အခု ကော်မီတီ ပေါင်းစီးလိုက်ကတ်ဗျယ်ဖြစ်သည် ။ မပေါင်းစီးကေ ဇါဖြစ်ဖို့  ။ ဒေဖြစ်ဖို့ ဒေ ။ ဆိုပနာ စာတိ ရီးနီစွာကိုလေး တွိရသည် ။ ယင်းစာတိကို မရီးကတ်ပါကေ့လို့ မေတ္တာရပ်ခံချင်သည် ။ မေတ္တာရပ်လိုသည် ။ အခု ကော်မီတီ ပေါင်းဗြီးဗျယ်ဖြစ်သည် ။ ယေကေ ဇါလုပ်ကတ်ရဖို့ လေး ။ ကွမ်းယာဆိုင်ရောင်းစွာ လွယ်သည် ။ ဆက်လက် တည်တန့် အောင် လုပ်ဖို့ က ခက်သည် ။ အရင်းအနှီးနင့် ဖေါက်သည်ကောင်းကောင်း ရဖို့ က ကွမ်းယာဆိုင် တည်တန့် ဖို့  အချိန်အတွက် အကောင်းဆုံးလက္ခဏာဖြစ်သည် ။ အခုလေး ရခိုင်ဒုက္ခသည်ကော်မီတီရို့ မှာ တဖွဲ့ တည်းဖြစ်အောင် စုစီးပေါင်းလိုက်တေ ဆိုသော သတင်းမှာ ကျွှန်တော့် နားကိုလေး မယုံ ။ မျက်စိကိုတောင် ပွပ်သပ်ပနာ သီသီချာချာ ပွပ်ကြည့်လိုက်ရသည် ။ အော် - သူရို့ ကော်မီတီတိက အ၈င့်ဂင့်ပင် ပေါင်းစီးလိုက်ဗျန်ကားလို့  ပါးစပ်က ဆိုယင်း မျက်ရည်တောင် စို့ မိလာဖြစ်သည် ။ ဇါဖြစ်လို့  မျက်ရည် လည်လာရပါရေလေး လို့  မီးချင်ဖို့  ထင်သည် ။

ကျွန်တော်ရို့  အနှစ်နှစ် အလလ ပြောခစွာ စကား ၊ ကျွန်တော့ပတ်ဝန်းကျင်ကြားမှာ ပြောနီကျစကား ။ ဒေစကားက ကျွန်တော်ရို့ နင့် တခါချေလဲ သဟာဇါတ တခါချေလေး မဖြစ်ရေ စကား-ယင်းစကားက ညီညွတ်ရီး - အခုတော့ ယင်းချင့်ကို ဆန့် ကျင်လိုက်တေ မလေးသျှားကရခိုင်လူမျိုးတိ ။ လက်တွိမှာ ရခိုင်လူမျိုးရို့ က ညီညွတ်ပနာ လုပ်ပြလိုက်ဗျယ် ထော ။ ကျွန်တော့်ကိုယ် ကျွန်တော် ကြည့်လိုက်မိသည် ။ ကျွန်တော်က နိုင်ငံရီးသမား ။ လူတိကို
ပေါင်းစီးကတ်မေလို့  ပြောနီသူ ။ ကျွန်တော်ပြောလို့  လူတိ ကောင်းကောင်း မပေါင်းစီးကတ်သိ ။ ကိုယ့်စွာကို ကိုယ်ရှက်နီမိသည် ။ ယင်းပိုင်ဗျယ် ။ တော်လှန်ရီးအဖွဲ့ တိ ၊ နိုင်ငံရီးအဖွဲ ဆိုစွာတိကလေး ရှက်တတ်ဖို့ လိုသည်။ အခု နိုင်ငံရီးသမားတိ မဟုတ်တေ မလေးသျှားက ရခိုင်ဒုက္ခသည်ကော်မီတီတိက တနိုင်ငံလုံးကို ကိုယ်စားပြုပနာ လုပ်ဗျယ် ။ အစီးအ၀ီးတက်ရောက်ဗြီးကေ တဖွဲ့ တည်း လုပ်လိုက်ကတ်ဗျယ် ဆိုစွာ မလွယ် ။ သူရို့ က တယောက်နင့် တယောက် အမြင်ချင်းတူဖို့  စီးကမ်းချင်း ညှိဖို့  လွယ်ဖို့ ကား မဟုတ် ။ ယင်းချင့်ကို လုပ်လာကတ်ရစွာ ။ အခက်အခဲ မျိုးစုံ နင့် ။ ဒေပိုင် ညီညွတ်ရီးကို ရခိုင်လူမျိုးရို့  သမိုင်းမှာ ဇါခါလေး မတွိခဖူး ။ မကြားခဖူး ။ ဒေပိုင်ညီညွတ်ရီးကို ဆက်လက်ပနာ ရီရှည်ထိမ်းသိမ်းလားဖို့  ဒေသူရို့  လုပ်လားဖို့  စွာကိုလေး ယုံကြည်မိသည် ။ လူတိုင်းလူတိုင်းကလေး ညီညွတ်ကတ်တေ အကြောင်းကို ၀မ်းမသာဘဲ နီကတ်ဖို့  မထင် ။ ညီညွတ်ကတ်စွာ ပေါင်းစီးရီး လုပ်လားခဗျယ် ဆိုစွာစကားကို လက်မခံရေ လူကိုကား ထားရာထားဖိ ။ အရေးကြီးစွာက ရခိုင်လူမျိုးတိက ပြည်တွင်းမှာ မအီးချမ်းသရွိ

မလေးသျှားနိုင်ငံကို ရောက်လာကတ်ဖို့  သိ ။ တတိယနိုင်ငံကို ထွက်လားရေလူတိ ဟိရေပိုင် လာဖို့ လူတိကလေး ၀င်လာမစဲ တသဲသဲနင့် ဟိလာဖို့ ရာ ။ ယေအခါ တဖွဲ့ တည်း တပါတီတည်း တစုတည်း တတိုင်တည်း လုပ်လားကတ်ဖို့  ရာလိုသည် ။ တခြားနိုင်ငံက ရခိုင်လူမျိုးတိလေး တော်လှန်ရီးသမားတိပိုင် အဖွဲ့ ကွဲလို့  မလုပ်ကတ်ကေ့ဖိ ။ နိုင်ငံရီးအဖွဲ့ တိပိုင် ကွဲလို့  ပြိုလို့  မနီကတ်ကေ့ဖိ ။ ထိုအဖွဲ့  ဒေအဖွဲ့ တိပိုင် ကွဲလို့  ပြိုလို့ ယိုင်လို့  မနီကတ်ကေ့ဖိ ။ မလေးသျှားရောက် ရခိုင်လူမျိုးတိကို အားကျ ။ အခုပိုင် စုလို့  စီးလို့  ပေါင်းလို့  သင်းလို့  လုပ်ခကတ်ကေ အနာဂါတ်ရခိုင်လူမျိုးတိမှာ ဒေချင့်ကို စံနမူနာ မယူဘဲ ထားလီဖို့ စွာကား မဟုတ် ။ ဒေချင့်ကား -၂၁-ရာစု ရခိုင်လူမျိုး ညီညွတ်ရီး ပြယုဂ် အမှန်စစ်စစ်ရာ မနား ။ ယေဇူးနင့် လက်ခုပ်တီးလို့  အားပီးကြိုဆိုလိုက်ပါသည် ။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )