Wednesday, August 3, 2011

ကျဉ်းမြောင်းသော လူမျိုးစွဲ၊ ဒေသစွဲမထားဖို့ သမ္မတ ဦးသိန်းစိန်ပြော

ရခိုင်ရိုးမ။ ။August 3, 2011


ရခိုင်ပြည်သူတိ အနိန်နန့် ကျဉ်းမြောင်းရေ လူမျိုးစွဲ၊ ဒေသစွဲ မထားဖို့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အခမ်းအနား တခုမှာပြောဆိုခကြောင်း သိရသည်။

ဇူလိုင်လ၂၉ရက်နိ ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရရုံး အစည်းအဝေး အခမ်းအနားမှာ အထက်ပါအတိုင်း ပြောကြားခစွာဖြိုက်တေလို့ အခမ်းအနားသို့ တက်ရောက်ခရေ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တဦီးက ရခိုင်ရိုးမကို အဂုပိုင် ပြောပြသည်။

"အေးဟုတ်တယ်၊ အခမ်းအနားမှာ ပြောခစွာ၊ ရခိုင်တိရေ ကျဉ်းမြောင်းရေလူမျိုးစွဲ၊ ဒေသစွဲတိကို မထားကတ်ဖို့၊ ပြည်ထောင်စုကြီး စနစ်အတိုင်းလားဖို့ဆိုပနာ ပြောလားခရေ၊ နောက်လဲ အများကြီးပါ" လို့ အဆိုပါ အဖွဲ့ဝင်က ပြောသည်။

သမ္မတ ဦးသိန်းစိန်ရေ ရခိုင်ပြည်နယ် ခရီးစိုင်တိဖြိုက်တေ အမ်း၊ ဂွ၊ မင်းပြား၊ တောင်ကုတ်၊ မြောက်ဦီး၊ စစ်တွေရို့ကို ရောက်ရှိခရေခါမှာလဲ အထက်ပါအတိုင်း ပြောကြားခကြောင်း သိရသည်။

ယင်းအပြင် တရားမ၀င် ဝင်ရောက်လာရေ ဘင်္ဂလီမုဆလင်တိ အပေါ်လဲ ကာကွယ်တားဆီးရန် ပြောခကြောင်း သိရသည်။

"အစည်းဝေးမှာတော့ ပြောခရေ၊ ကုလားတိကို သတိထားရဖို့ဆိုပနာ၊ အမှန်က ကုလားတိဘားက မဲရအောင်သူရို့ လုပ်နိန်ကတ်စွာ၊ ပဇကရာ ပြောနီစွာ၊ ရခိုင်လူထုရှိမှာ"လို့ သူက ဆက်ပြောခသည်။

ယင်းသို့ သမ္မတ ပြောခရေ စကားကြောင်း ရခိုင်ပြည်သူတိကလဲ မကျေနပ်ဖြိုက်ရကြောင်း သိရသည်။

"အစိုးရ သတင်းစာမှာလဲပါရေ၊ ကျဉ်းမြောင်းရေ လူမျိုးစွဲဝါဒကို ဖယ်ရှားဖို့ဆိုပနာ၊ ကျနော်ရို့ ကောင်း သဘောမကျ၊ ရခိုင်ပြည်ကို လူကြီးတိလာတိုင်း ဒေစကားဂျေးယာ ပြောရေ။ ယင်းသူရို့ ပြောပုံအရဆိုကေ ရခိုင်တိက ဒေသစွဲ၊ လူမျိုးစွဲမထားဘဲ၊ နိန်ရဖို့သဘောမျိုး၊ သမ္မတကတောင် ယင်းပိုင်ပြောနီရေဆိုကေ"လို့ စစ်တွေမြို့ခံတဦးက ဆိုသည်။

မြောက်ဦးက ဘုရားကိုပင့်ရန် အဆင်မအပြေမှုနောက်ပိုင်း ရခိုင်ပြည်နယ် မြို့နယ်အများအပြားမှာ ကြံ့ဖွံပါတီက မဲမနိုင်ရေအတွက် ယင်းသို့ပြောဆိုလာခြင်းဖြိုက်ကြောင်း နိုင်ငံရေး လေ့လာသူတိက ယူဆကတ်သည်။