Wednesday, August 31, 2011

ရခိုင်ပြည်အတွင်း မှတ်ပုံတင်နန့် ခရီးလားလာနိန်ရခြင်းအပေါ် ပြည်သူတိ မကျေနပ် ဖြစ်လာ

ရခိုင်ရိုးမ။ ။ August 31, 2011

ရခိုင်ပြည်တွင်း ခရီးလားရေခါ မှတ်ပုံတင်ကိုပါ ယူဆောင်ရရေအတွက် ပြည်သူတိရေ မကျေနပ်မှုတိ ပိုများလာကြောင်း သိရပါရေ။

ခရီးလား ပြည်သူတိ အဂုအခါ စစ်တွေကနိန်ကျောက်တော် မြောက်ဦး စရေမြို့တိကို ကားနန့်လားရေခါ မှတ်ပုံတင်တိကို သက်ဆိုင်ရာ အာဏာပိုင်တိထံ ပြနိန်ရရေအတွက် ပြည်သူတိ မကျေနပ်ဖြိုက်လာကြောင်း ခရီးလားပြည်သူတစ်ဦးက ရခိုင်ရိုးမကို အခုပိုင် ပြောပြသည်။

“ကိုယ့်ပြည်တွင်းမှာ ဖြိုက်ယင့်သားနန့် မှတ်ပုံတင်ကိုတည်းအိပ်မှာထည့်ပနာ ခရီးလားနိန်ရစွာက ဟန်မကျဗျာယ်ဝေး၊ မင်းပြားက စစ်တွေကို ကားနန့်လာတောင် မှတ်ပုံတင် ပြရရေ၊ ယင်းသူရို့ပြည်မာဆိုကေ ပြဖို့တောင် မလို၊ အဂုက တစ်မြို့ဝင်ကေ မှတ်ပုံတင် ပြရရေ“လို့ ခရီးသည်တစ်ဦးက ပြောသည်။

သူကဆက်ပြီး “ ယင်းသူရို့ မှတ်ပုံတင် ဇာကြောင်းစစ်တေဆိုစွာ အခင်ရို့သိရေ ကုလား ရခိုင်ဆိုစွာကို စစ်စွာ၊ ရခိုင်သားနန့် ကုလားနန့် ဆီနန့်ရီ၊ ယင်းချင့်ကို ယင်းသူရို့ မသိရှိဖို့၊ ပြည်မဘက်မှာ ယပိုင်မစစ်ကာ၊ ငါ့ရို့ရခိုင်ပြည်မှာ တစ်ခု ဟိုနရာလားလဲ မှတ်ပုံတင် ဒေနရာလားလဲ မှတ်ပုံတင် ဇာပိုင်မျီုးတိ မသိဗျာယ် “လို့ သူက ဆက်ပြောသည်။

ရခိုင်ပြည်တွင်း မူဆလင်ဘာသာဝင်တိကို ခရီးလား စစ်ဆေးမှုတိ ရှိရေခါ ရခိုင်သားတိကိုလဲ ဇာသူပင် ခရီးလားလား မှတ်ပုံတင် ပြလာရခြင်း ဖြိုက်ပြီး ပုဏ္ဏားကျွန်းမြို့က စစ်တွေကို လာရေလူတိတောင် အစစ်ခံရစွာတိရှိကြောင်း သိရသည်။

ရခိုင်သားစစ်စစ် ဖြိုက်ကေလဲ တစ်မြို့နယ်နန့် တမြို့နယ် လားရေခါ မှတ်ပုံတင်ကိုယူဆောင်ရကြောင်း သိရသည်။

မှတ်ပုံတင် မပါရေခါ အာဏာပိုင်တိက ရစရာမရှိအောင် ဆဲလေ့ရှိကြောင်း ကိုယ်တွိ ကြုံခရသူတိက ဆိုပါရေ။

ယင်းအပြင် ထူးခြားစွာတစ်ခုမှာ ဗမာစကားနန့် ပြောရေလူတိဆိုကေ မှတ်ပုံတင်ကို စစ်ဆေးစွာ နည်းပါးကြောင်း ပြည်သူတိက တဆင့် သိရသည်။

ပြည်တွင်း ခရီးလားရေအခါ မှတ်ပုံတင် မယူဆောင်ရေလူတိကို ဒဏ်ငွေအရိုက်ခံရစွာတိလဲ ရှိလာရေအတွက် ပြည်သူတိ မကျေမနပ် ဖြိုက်နိန်ကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး စနစ်သစ် ပြောင်းကေလဲ ရှိရင်းစွဲမူဝါဒတိ စစ်အစိုးရ လက်ထက်က ကျင့်သုံးခရေအတိုင်းဖြစ်ပြီင်္း ပြုပြင်ပြောင်းလဲမှုတိ မရှိကြောင်းလဲ သိရသည်။

ဒေဂုအခါမှာ လက်ရှိ ရခိုင်ပြည်နယ်မှာ အာဏာပိုင်က ကျင့်သုံးနိန်ရေမူဝါဒတိ ပြောင်းလဲလာရန် ပြည်သူတိက အထူး လိုလားနိန်ကြသည်။

ရှိရင်းစွဲ အနိုင်ငံရေးပါတီ တစ်ချို့်လဲ ရခိုင်လူထုရှိက ရပ်တည်မှုအားနည်းလာခြင်း အပေါ် ပြည်သူတိက ဝေဖန်မှုတိရှိလာကြောင်းလဲ သိရသည်။