Sunday, August 21, 2011

ရတပ ပါတီ လွှတ်တော်ကိုယ်စားလှယ် ပါတီမူကို ချိုး ဖေါက်

စစ်တွေ၊လေးဝတီ
အခုပိုင်ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီရသေ့တောင်မြို့ နယ်လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်စောဝေက ကြံ့ဖွံ့ အစိုးရကို ထောက်ခံရေအတွက် ဆလွန်းကားတစီးကို ၀ယ်ယူခွင့် ရခပနာကြံ့ဖွံ့ပါ တီ၏ အသုံးချခြင်းကို ခံနီရဗျန်ဖြိုက်တေလို့ သုံးသပ်နီကတ်စွာ ဖြိုက်ပါရေ ။

ဇါဖြိုက်လို့ ဆိုကေ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ-၂ရ-ရက်-နိစွဲနင့် ထုတ်ပြန်ရေ စာမှာ တိုင်းရင်းသားဒေသတိမှာ အပစ်အခတ်ရပ်စဲရီးအတွက် ငြိမ်းချမ်းရီးလုပ်ငန်းစဉ်တိကို ပံ့ပိုးပီ့း  ဖို့ လို့ သူ့ အနီနင့် ကိုယ်စွမ်းဟိသမျှ ပါဝင်ကြိုးပမ်းဖို့  အသင့်ဟိကြောင်း ပါပါရေ ။ ယေကေလေး ယင်းစာမှာ ဇါသူ့ ကို ရည်ရွယ်ပနာ ထုတ်တေစာလို့  အခုအချိန်ထိ ထုတ်ဖေါ် မပြောသိစွာ တွိရပါရေ ။

ယင်းပိုင်စွာမှာရုပ်သီးအစိုးရဖြိုက်တေသမတဦိးသိန်းစိန်အစိုးရကယင်းပိုင် ဒေါ်အောင်ဆန်းစုကြည်စာကို ပြန်လို့  ဖြီရှင်း ထောက်ခံ ရေ စာမျိုးကို မထုတ်ပြန်ဘဲနင့် လွှတ်တော်ကိုယ်စားလှယ် ( ၂၃ ) ယောက်က ထုတ်ပြန်ရေ စာတစောင် ထွက်လာ လတ် စွာ ဖြိုက်ပါရေ ။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တိနင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်( ၂၃ ) ယောက်က သြဂုတ် လ-( ၈ ) ရက်နိစွဲနင့် ငြိမ်းချမ်းရီးးလိုလားသူများသို့  ဆိုပနာ အိပ်ဖွင့်ပီးစာ တစောင်ထွက်ပါလာလတ်ပါရေ ။ ထုတ်ပြန်လက်မှတ်ရီးထိုးသူထဲမှာ ပြည်သူ့ လွှတ်တော်ကုယ်စားလှယ် ( ၂၀ ) နင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ( ၃ ) ယောက် ပါဝင်စွာကို မြင်တွိရပါရေ ။

ယင်းလွှတ်တော်ကိုယ်စားလှယ်ရို့ ၏ အိတ်ဖွင့်ပီးစာမှာ ပြည်တွင်းငြိမ်းချမ်းရီးအတွက် အစိုးရနင့် ပြည်သူတိက ရပ်တည် ခပနာ လုပ်နီကြောင်း၊ ကျန်ရေ လက်နက်ကိုင်တော်လှန်ရီး အဖွဲ့ အစီး( KIO ) မှာ သံသယလွန်ကဲခြင်း ၊ အစွန်းရောက်ခြင်း ၊ ဘေးပယောဂ ၀င်ရောက်စွက်ဖက်နှောင့်ယှက်ခြင်း၊ ကတိပျက်ကွက်ခြင်း ၊ အကြမ်းဖက်ခြင်း တိမှာ ပါဝင်ကတ်တေ အတွက် ငြိမ်းချမ်းရီးး ပျက်ပြားရရေလို့  ဖေါ်ပြထားပါရေ ။ ယင်းပိုင် ကချင်လက်နက်ကိုင်တော်လှန်ရီးအဖွဲ့ ( KIO ) ကို အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ ဆိုပနာ စွပ်စွဲထားစွာကို လွှတ်တော်ကိုယ်စားလှယ်တိက လက်မှတ်ထိုးပနာ ထုတ်ပြန်လိုက် စွာ ဖြစ်ပေါရ ။ ယင်းပိုင် လက်မှတ်ထိုးလို့  ထုတ်ပြန်လို့  အိပ်ဖွင့်ပီးစာ ထုတ်ပြန်စွာမှာ ဦးဆောင်စီ ၊ ဦးစောနေကော်ကြီး ၊ ဦးခွန်မောင်မောင် ၊ ဦးငွန်မောင်း ၊ ဦးစောသိန်းအောင် ။ ဦးမောင်မောင်ညဏ် ၊ ဒေါက်တာသန်းဝင်း ၊ ဦးစိုင်းသီဟကျော် ၊ ဒေါ် မိယဉ်ချမ်း၊ ဒေါ်နန်းဝါနု ၊ ဒေါ်နွဲ့ ဘူ ။ ဒေါ်နန်းနွံ ၊ ဒေါ်ခင်စောဝေ၊ ဒေါ်မိမြင့်သန်း၊ ဦးသူရိန်ဇေါ် ၊ ဦးဝင်းသိန်း ၊ ဦးတီခွန်မြတ် ၊ ဦးမောင်တိုး၊ ဦးလှမြင့်ဦး၊ ဦးသန်းမြင့်နင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစခုန့် တိန့် ယိန်း၊ဦးနေ၀င်းထွန်း ။ ဦးမန်းအောင်တင်မြင့် ရို့  ဖြိုက်ကတ်ပါရေ ။

ဒေပိုင် ကချင်လက်နက်ကိုင်တော်လှန်ရီး ( KIO ) ကို အကြမ်းဖက်အဖွဲ့ ဆိုပနာ ငြိမ်းချမ်းရီးလိုလားသူများဆိုဗြီးကေ လက်မှတ်ထိုးလို့ ထုတ်ပြန်လာရေအခါလွှတ်တော်ကိုယ်စားလှယ်တိနာမည်ထဲမှာရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီက ဒေါ်ခင်စောဝေ နာမည်လေး ပါလာနီစွာကိုတွိရပါရေ။ယင်းအတွက်နင့် ဒေပိုင်သတင်းစာမှာနာမည်ပါလာလို့ မီးရေအခါမှာ ဒေါ်ခင်စောဝေက ရသေ့တောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ်အဖြိုက် လက်မှတ်ထိုးရေ အကြောင်းကို ရှင်းပြ စွာကြားရပါရေ ။

ယေကေလေး ဒေပိုင် ငြိမ်းချမ်းရီးလိုလားသူများ အတွက် ဆိုပနာ လက်မှတ်ကောက်ခံရေအခါ ကြံ့ဖွံ့ပါတီက တိတ်တိတ်ချေ လက်မှတ်ကောက်ယူထားခစွာ ဖြိုက်တေလို့  သံသယ ဟိနီကတ်ပါရေ ။ အဆိုးဆုံးမှာရသေ့တောင်လွှတ်တော် ကိုယ်စား လှယ် ဖြိုက်သူ ဒေါ်ခင်စောဝေမှာ ဒေပိုင် ငြိမ်းချမ်းရီးအတွက် လက်မှတ်ထိုးရဖို့ ဆိုကေ ဒေကိစ္စကို မိခင်ရခိုင်တိုင်းရင်း သားတိုး တက်ရီးပါတီမှာ အစီးအ၀ီးဆုံးဖြတ်ချက်ကို မယူဘဲနင့် ကိုယ်စိတ်ကြိုက် လုပ်လားခရေလို့  ကြားသိရပါရေ ။ ပါတီလွှတ်တော်ကိုယ်စားလှယ်တိမှာ အစီးအ၀ီး ပြုလုပ်ဗြီးမှ ဆုံးဖြတ်ချက်အတိုင်း လုပ်ရစွာ ဟိကေလေး ယင်းစဉ်းကမ်း စဉ်းမျဉ်းတိကို အများကြီး ချိုးဖေါက်ပနာ ရခိုင်တိုင်းရင်းသား တိုးတက်ရီးပါတီက တချို့ လွှတ်တော်ကိုယ်စားလှယ်တိမှာ လုပ်ချင် စွာ လုပ်နီကတ်ကြောင်း သိရပါရေ ။

ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ဆိုကေ ရေဒီိယို အင်တာဗျူး လုပ်ခရေအခါ အခုပိုင် ငြိမ်းချမ်းရီးလိုလားသူများဆိုပနာ တဖက်သတ် ပြသနာ ဖြိုက်လားဖို့  ပါရေ အကြောင်း အရာတိကို လက်မခံကြောင်း နင့် စာရီးသား ဖေါ်ပြစွာကို လက်မခံချင်အကြောင်း ပြောထားစွာ ကြားရပါရေ ။ အခုပိုင် ရသေ့တောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေမှာ လက်မှတ်ထိုးဗြီးကေ ပါတီက မသိအောင်လုပ်လိုက်စွာရေ လွန်ခရေလတိထဲက ဆလွန်းကား တစီးကို ၀ယ်စီးဖို့ ပါမစ်ချပီးလိုက်လို့  ကြံ့ဖွံ့ပါတီကို ဖေါ်လံဖါးပနာ ပါတီမူကို ဆန့် ကျင် ဖေါက်ဖျက်လိုက်ခြင်း ဖြိုက်တေလို့  ပြောဆိုနီကတ်ကြောင်း သိရပါရေ ။