Monday, August 22, 2011

မလေးသျှားဟိန့် ဒုက္ခ သည်အားလုံး UNHCR ရုံးမှ 6Pအတွက် လက်ဗွေနှိပ်ဖို့ အတည်ပြု

ရခိုင်ရိုးမ၊ကွာလာလမ်းပူ၊၂၂၊၈၊၂၀၁၁
မလေးသျှား UNHCR မှ 6p ကိစ္စနှင့်ပတ်သက်၍ ဒေနိန့် နိခင်းဖက် ၂ ချက်တီးအချိန်တွင်   Coalition of Burma Ethnics Malaysia (COBEM)ခေါင်းဆောင်များကို သက်ဆိုင်ရာယူအင် အရာရှိမှ ခေါ် ယူတွိဆုံကာယူအင် အထောက် အထား ကိုင်ဆောင်ထားသူများ အားလုံး လက်ဗွေနှိပ်ရမည်ဖြစ်ကြောင်းကို ပြောကြားခပါသည်။

ယူအင်အရာရှိမှ ပြောကြားခရာတွင်ပထမဆုံးအနီန်ဖြင့် လက်ဗွေနှိပ် ရာတွင် Selangor ပြည်နယ် နှင့် kl compound ပတ်ဝန်းကျင်အတွက် နက်ဖန်အဂ်ါနိမှ စ၍သောကြာနိန့်ထိ Putra Jaya လ-၀-က ရုံးချူပ်တွင် လက်ဗွေနှိပ်ရမည် ဟု အစည်း အဝေးတက်ရောက်ခရေ အင်တာဗစ် တာ ကို ဖိုးတုတ်(မြေပုံ)ကမိန်းမြန်းဗျာလ် ရခိုင်ရိုးမကို ပြောကြားခပါသည်။

နောက်ထပ်ပြည်နယ်တိကိုကျကေ မလေး Hari Raya ပွဲတော်ရက်ကျော်လွန်မှ ယူအင်မှ သက်ဆိုင်ရာ ဒုက္ခသည် ရုံးအဖွဲ့အစည်းအသီးသီးရို့ကိုဆက်လက်အကြောင်းကြားမည်ဟုပြောကြားလားသည်။ ယင်း လက်ဗွေလားနှိပ်ရာမှာလည်း မိသားစုများကိုပါ တခါတည်းခေါ်လားရမည်ဖြစ်ပြီး ၄င်းသူရို့မှာ ယူအင်နှင့် ပတ်သက် သောအထောက် အထားဟိရ မည်ဖြစ်သည်။
ယခုအကြောင်းအရာနှင့်ပတ်သက်၍ မလေးသျှားပြည်ထဲရေး ၀န်ကြီးဌာန မှ ညက(တနင်္လာ) နိန့်တွင် UNHCR  ရုံးကို ဒုက္ခသည်များ လက်ဗွေနှိပ်ရန် အတည်ပြုအကြောင်းကြားရေ အတွက် ဒေနိခါ ကျမှ ဒေဂု ပိုင် ခေါ်ယူပြောရခြင်းဖြစ်ကြောင်း ယခင် ဒုက္ခသည်အလုပ်သမားများကိုမလေးသျှားအလုပ်ရှင်များမှအတင်း  လက်ဗွေနှိပ်ခိုင်းထားပါကလည်း ၄င်းသူများကို သက်ဆိုင်ရာအဖွှဲ့အစည်းများမှ နာမည်စာရင်းကောက်ယူကာ ပစ္စပို့  ဓာတ်ပုံနှစ်ပုံပူးတွဲကာ ယူအင်ရုံးသို့ ကြိုတင်စာရင်းပီး ရမည်ဟုလည်းပြောကြားသည်။

တိုင်းရင်းသား မဟာမိတ်အဖွဲ့ COBEM အဖွဲ့  မှ သတင်းအတည်ပြုချက် ရယူဖို့  ဆက်သွယ် ရာမှာ ရခိုင်ဒုက္ခ သည်ရုံးများပေါင်းစည်းပြီနောက် များမကြာမှီက ဖျက်သိမ်းလိုက်သော ယခင် ARRC (Puchong)ရုံးမှဥက္ကဌ    ဖြစ်ခသူ ကိုသန်းဦးမှ တိုင်းရင်းသားခေါင်းဆောင်များနှင့် ယူအင်အရာဟိများမှ ဆက်သွယ်မိန်းမြန်းချက် အရ ဟုတ်မှန်ကြောင်းလည်းအတည်ပြုပြောကြားခပါသည်။
 
 ဒေနိန့် အစည်းအ၀ီး တက်ရောက်တေ နိန်ရာမှာ ရခိုင်ကိုယ်စားပြု ကိုယ်စားလှယ်ပါဝင် မတက်ရောက် ခ လို့  လည်း သိရပါရေ၊၊ ယင်းတွက်နန့် ရုံးပေါင်းစည်းရေးအဖွဲ ၀င် မြေပုံ(ဖိုးတုတ်) ကိုမိန်းကြည်ရာမှာ ဟုတ်ပါ    ရေအိုက်ကို ရခိုင်ကိုယ် စားပြုမတက်ရောက်စွာမှန်ဘာရေ လက်ဗွေနိပ်ဖို့ စွာ လုံးဝ တိကျဘာရေ၊ ယူအင် OPE ဌာနမာလုပ်နီရေ ရခိုင် သား မောင်အေးထွန်း နင့် ကျန်းမားရေးဌာ နမာလုပ်နီရေ မင်းရဲထွန်း ဘာ သူ ရိုပြော ခပါရေ ဟုမြေပုံ(ဖိုးတုတ်)က ရခိုင်ရိုးမ ကိုပြောပြခပါရေ။

မလေးသျှား ဟိန် ဒုက္ခသည် များကို 6P စလုပ်ခါ က လက်ဗွေမနှိပ်ဖို့  UNHCR က အကြံပြုခကေ လေ့ မြန်မာ သမတ္တ သိန်းစိန် က မိမိနိုင်ငံ ကိုပြန်လာ ဂတ်ဖို့ ပြောလာရေ နောက်ပိုင်း မှာ UN မှူဝါဒတိ စကေေ ပြာင်းလွဲ လာရေလို ဘာသာပြန် လုပ်နိန်ရေ ချင်းလူမျိုး ထပ်လန်းပီး က ပြောဘာရေ။

အခုပိုင် UNHCR ဒုက္ခသည်တိ ကို ၄ရက်အတွင်းမှာ လက်ဗွေနိပ်လို့  ပြီးစီးနိုင်ဖို့ လားလို စိုးရိမ်ခန်းမှန်းပြော ဆို သံ တိကြားနီရပါရေ ၊ မလေးသျှား မှာ ရခိုင်အပါအ၀င် ဒုက္ခသည် ၉သောင်ကျော် ဟိန်ရေလို့ လေ့ UNHCR ၀တ်စာမျက် နှာမှာ ဖေါ်ပြထားပါရေ။