Friday, August 12, 2011

ရခိုင်ဓမ္မာရုံတွင် ပြုလုပ်ဖို့  ရခိုင်စာပီဟောပြောပွဲ ခွင့်ပြုချက် ပါမစ် မရ

ဒေပိုင်ရခိုင်စာပီဟောပြောပွဲကို သြဂုတ်လ-၁၄-ရက်နိ ရန်ကုန်ရှိ ရခိုင်ဓမ္မာရုံမှာ ပြုလုပ်ဖို့ ဆိုပနာ ခရိုင်ရုံးကို ပါမစ်ခွင့်ပြုချက် ယူထားစွာလို့  သိရပါရေ ။ ခရိုင်ရုံးက သောကြာနိခါ ရန်ကုန်တိုင်းအနောက်ဖက် တိုင်းဒေသရုံးကို လွှတ်တေအခါ အချိန်နီးကပ်လားဗျန် ဖြစ်တေအတွက် ကက်ဘိနက် အစီးအ၀ီး မထိုင်နိုင်ဗျန်ဖြစ်လို့  ပါမစ်ခွင့်ပြုချက် မပီးနိုင်ကြောင်းကို ပြောပြလိုက်တေလို့  တာဝန်ဟိ လူငယ်တယောက်က ပြောပြပါရေ ။

လွန်ခရေ ဇူလိုင်လ-၃-ရက်နိကပင် ဒေပိုင် ရခိုင်စာပီဟောပြောပွဲကို ရခိုင်စာပီနင့် ယိုင်ကျေးမှူမြှင့်တင်ရီးအဖွဲ့ က ဦးစီးပနာ လုပ်ဖို့  လို့  ပါမစ်တင်ထားခစွာဖြစ်ပါရေ ။ ဟောပြောဖို့  ပုဂ္ဂိုလ်တိမှာလေး ပါမောက္ခ ဒေါက်တာစောထွန်းအောင် ၊ သမိုင်းစာရီးဆရာကြီး ဦးထွန်းရွှေခိုင် နင့် ရခိုင်တိုင်းရင်းသား တိုးတက်ရီးပါတီက ၀န်ကြီး ဦးဇေါ်အေးမောင် ရို့  ပါဝင်ပါရေ ။

အခုပိုင် စာပီနင့် ပါတ်သက်လို့  အချိန်ကို အကြောင်းပြပနာ ဟောပြောပွဲကို ပါမစ်ခွင့်ပြုချက် မပီးစွာမှာ အဓိကအကြောင်းအရာနှစ်ခုနင့် တိုက်ဆိုင်နီရေလား ဆိုပနာ စောဒက တက်နီစရာဖြစ်နီပါရေ ။ တခုက သြဂုတ်လ-၁၃-ရက်နိဆိုစွာ ရခိုင်ပြည်မှာ ဆန်ပြသနာဖြစ်ခလို့  မဆလအစိုးရက စစ်တွေမြို့ မှာသွီးချောင်းစီး လူသတ်ခရေနိဖြစ်လို့  လူငယ်တိက နှစ်စိုင်နှစ်တိုင်း အောက်မိဘွယ်အခန်းအနား ကျင်းပ ကတ်တေစွာမျိုး ဟိပါရေ ။ နောက်တခုက ရခိုင်သမိုင်းဆရာကြီး ဦးဦးသာထွန်း ၏ ကွယ်လွန်ခြင်း-၂၂-နှစ်မြောက်နိနင့်လေး တိုက်ဆိုင်နီပါရေ ။

ဆရာကြီးဦးဦးသာထွန်းမှာ -၁၉၉၀- ခုနှစ် ရွီးကောက်ပွဲအတွက် ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ် မဲအနိုင်ရရှိရီး မဲဆွယ်တရားဟောစိုင် တစညပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးညီညီ ( မင်းပြားမြို့ နယ် ) မှ တိုင်ကြားလို့  အဖမ်းခံရဗြီးပနာ စစ်တွေထောင်မှာ ၁၉၈၉-ခုနှစ် သြဂုတ်လ-၁၄-ရက်နိ ကွယ်လွန်လားခရပါရေ ။ ယင်းပိုင် သမိုင်းဆရာကြီး ဦးဦးသာထွန်း ကွယ်လွန်ရေနိမှာ ရခိုင်စာပီဟောပြောပွဲကို လုပ်ဖို့  ဆိုကေ ရခိုင်သားတိ လူစုလူဝီးဖြစ်လားနိုင်စွာကို ကြည့်ဗြီး အခုပိုင် ဟောပြောပွဲကို ပိတ်ပင်စွာလေး ဖြစ်နိုင်ရေလို့  သုံးသပ်ကတ်ပါရေ ။ ယေကေလေး အခုဟောပြောပွဲက နိုင်ငံရီးပါတီက လုပ်တေ ဟောပြောပွဲလေး မဟုတ်တေပိုင် စာပီဟောပြောပွဲသက်သက်ရာဖြစ်တေလို့  ဟောပြောပွဲလုပ်ဖို့  စ်ီစိုင်သူ ဥက္ကဌ ကိုကျော်မင်းခိုင်က ပြောကြောင်းသိရပါရေ ။