Sunday, August 14, 2011

ဦးဦးသာထွန်း သို့လွမ်းခြင်း


ရခိုင်သမိုင်း ရှိအတိုင်းကိုမဆိုင်းမတွက်
ကွင်းကွင်းကွက်ပြီး နုတ်ထွက်ပြောဆို
သမိုင်းဖြိုနိုင်နဂိုမူလ ပဏ္ဍိတဖြစ်အဘရခိုင်
ပြည့်မဏ္ဍိုင်မှာ ပြိုင်စံမရှိ

ကြုံကြိုက်ဘိသည် ဆိုသည့်စကား
ငါရို့ ကြားခ တိုင်းကားပြည်စည်
ရခိုင်ပြည်မှ ဇာနည်မော်ကွန်း
ဦးသာထွန်းဟု စန်းလသော်တာ
ကြယ်တာရာသို့ ပမာထွန်းပြောင်
မျိုးဂုဏ်ဆောင်ဗျယ် ဂုဏ်ရောင်မညှိုး
အများကျိုးတွက် ကိုယ်ကျိုးမငဲ့
သူ့ကိုယ်တွေ့နင့် သီနိမရှောင်
စစ်တွေထောင်​တွင် နောင်သံသရာ
ကူးခပါလည်း အနာဂတ်ခေတ်
သမိုင်းစစ်မှာ တင်ရစ်ဘိသည်
ရခိုင်ပြည်ဖွား မြောက်ဦးသား၏
စွမ်းအားဂုဏ်ရှိန် မှေးမမှိန်၍
သူရိန်နေမင်း ဆယ်စင်းလင်းသို့
ထွန်းလင်းရောင်ဝါ တောက်ခသည်။
ရခိုင်လူထု ရင်ကွဲလုသည်
ဆုတောင်းငိုကြွီး အပူဆွီးနှင့်
သီဖီးနိဂုံး ယူကျုံးမရ
သောကတောက်လောင် ရွှေတောင်ပြိုလဲ
ပြည်ဆင်းရဲသို့ စိတ်ထဲမချင့်
ရင်ထဲနင့်ကတ် အခွင့်အခါ
သာခပါက မရှင်းမလင်းသီမင်းခေါ်ရာ
စစ်ဆီးပါသော်ရတနာရွှီတုံး ပြည့်ဘုန်းသခင်ဆရာရှင်၏
သီလျှင်စောစွဒုက္ခနိစ္စ ဖြစ်သမျှကိုယမမင်းကြီး
မတားဆီးပဲအဗြီးစီရင် သီပွဲဝင်ရအရှင်တပါး
ကြွီလွင့်လားဗျယ်တိုင်းကားပြည်လည်း ဆီမီးမှိတ်တုတ်ညမိုးချုပ်လျှက်
မျိုးဖြုတ်အန္တရာယ်အသွယ်သွယ်နှင့် ရင်ဝယ်သောကမကမြင့်မိုရ်
ပမာထိုသို့ကိုယ့်ပြည်ဓည ပြည်ရက္ခကိုငါ့အဖိုးတခါ
သံသရာမှမြင်သာပါလိမ့် ဆုတောင်းမိ၏။မသိမညှာ
ကြင်နာမှုကင်းယမမင်းက သီမိန့်ချ၍ဘ၀နိဂုံး
ဆုံးခပါယင့်ရာဇ၀င်လာ သမိုင်းစာယင်ဆရာက၀ိ
အဖိုးသိသည်ပြည်၏ရတနာ သူ့ပညာကိုဇါမှာအစား
သင်ကြားတတ်ရန်ကြံဆတွေးခေါ် ငါရို့ မျှော်လည်းမိတ်ဖော်အစစ်
သီတွင်းနစ်ခအသစ်တဖန် ကိုယ့်နိုင်ငံမှာပဏ္ဍိတဘွဲ့
ချီးမြှင့်နိတွက်မမိမယွင်း လူဖြစ်ခြင်းဖြင့်ချင်းနင်းဝင်ရောက်
စိတ်ဝမ်းမြောက်ကာလွတ်မြောက်သောပြည် သာယာစည်ဖို့ဇာနည်မော်ကွန်း
ဦးဦးသာထွန်းအားမှန်းဆမျှော်ရည် တမ်းမိသည်။
လှအေးမောင် ၂၀၀၄ ခုနှစ် Ibaraki Japan လ၀ကထိမ်းသိမ်းရေးစခန်းတွင်ရေးဖွဲ့သည်။