Sunday, August 7, 2011

ဒသမအကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲ - နယူယောက်မြို့ မှာ ရခိုင်သားရို့ ကျင်းပ

အမေရိကန်နိုင်ငံ နယူးယောက်မြို့  ဗုဒ္ဒသာသာနာပြုအဖွဲ့  ( Buddhist Missionary Society ) က ကြီးမှူး ကျင်းပရေ ဒသမအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်း ကပ်လှူ ပူဇေါ်ပွဲကို ဒေကနိ-သြဂုတ်- ၇-ရက် ၂၀၁၁ နိန်မှာ ၀ါဆိုသင်္ကန်းကပ်လှူစွာတိ ဆုတောင်းမေတ္တာပို့ ကတ်စွာတိကို ပြုလုပ်ခကတ်ပါရေ ဒေ။

ကြွရောက်လာကတ်တေ တရားနာပရိသတ်ရို့ ကို ရခိုင်မုန့် တီနင့် တည်ခင်းကျွေးမွေးပနာ တရားနာပရိတ်သတ်ရို့ ကို ၀ါဆိုသင်္ကန်းကပ်လှူရစွာနင့် ပတ်သက်လို့  တရားဒေသနာတော်မြတ်ကို ဆရာတော်ကြီးရို့  ကချီးမြင့်ခပါရေ ။

မြန်မာလူမျိုးအသိုင်းအ၀န်းနင့် ရခိုင်လူမျိုးတိ အနီများရေ ( Queens ) ဒေသမှာ လုပ်တေအတွက် ကြွရောက်လာကတ်တေ ဧည့်ပရိတတ်သတ်ရို့ ကို ရခိုင်မုန့် တီ နင့် ကျွေးမွေးပါရေ ။ ၀ါဆိုသင်္ကန်းကပ်လှူပွဲမှာ ဧည့်ခံကျွေးမွေးအလှူရှင်တိကို - ကို Willian Chan နင့် မိသားစု ။ ကိုဥာဏ်ဝင်းအောင် ၊ မစီစီချိုသန်းနင့် သမီး Rachel လ၀န်းအောင် မိသားစု ။ ကိုမြတ်ထွန်း နင့် မခင်ခင်မိသားစု ။ ကိုဇေါ်မင်းဦး -မ၀ိုင်းဝိုင်း နင့် သား မောင်မင်းမြတ်ဇေါ် မိသားစု ။ ကိုသန်းနိုင် နင့် မခင်လေးဝင်းမိသားစု ။ မအင်ကြင်းဖြူ ။ ကိုသစ်လွင်နင့် မသန္တာ မိသားစု ရို့ က ဖြစ်ကတ်ပါရေ ။

လာဖို့ အောက်တိုဘာလမှာလေး တရားပွဲ ဟိရေအတွက် ယင်းခါလေး အလှူငွေ ဒေါ်လာ-၁၀၀- လောက်ကို အနည်းဆုံးထားပနာ လှူဒန်းနိုင်ဗြီး အများကြီးလှူဒန်းချင်ရေ ပုဂ္ဂိုလ်ထူး ပါရမီရှင်တိ အတွက် လှူဒန်းချင်ရေ အလှူတိ ဟိကေ ဗုဒ္ဒသာသနာပြုအဖွဲ့ ကို ဖုံးဆက်နိုင်ပါရေလို့  အခမ်းအနားဗြီးခါနီးမှာ ကြော်ငြာလားခပါကြောင်း သတင်းရဟိပါရေ ။