အဖိုးသျှင်………………
ရာဇ၀င်သမိုင်း အံဖွယ်တတ်ကျွမ်း
ရခိုင်-မြန်မာပဏ္ဍိတ် ဂုဏ်ပြုထိုက်ရာ
သမိုင်းပညာသျှင် အဖိုးသျှင်ဂါး
ရခိုင့်သာသနာ စိုဉ်အလာသည်
ထေရ၀ါဒမဟုတ် မဟာယာန ရာဖြိုက်၏
ဗမာဦးဥာဏိသရ ထိုးနှက်ချက်ကို
က၀ိပညာသျှင် အဖိုးသျှင်က
ရခိုင့်သာသနာ ကာကွယ်ဖို့အရေး
မီးခွန်း(၆)ရပ် ပြန်မီးလတ်သော်
မိန်းသူရဟန်း တုန့်မပြန်ဝံ့ဘဲ
နှုတ်ဆိတ်ပြီးခါ အရုံးပီးလာ၏။
အဖိုးသျှင်…………………….
ရက္ခတိုင်းဖွား ပြေသူများကို
ပညာအလင်းရောင် ထွန်းပြောင်ဇီဖို့
သမိုင်းရာဇ၀င် ဆီးကျမ်းတိနာင့်
ဗေဒင်အရာ ကျမ်းများစွာကို
မပန်းမပန်း ပြုစုပြီး၍
ရက္ခပြေသူ များဗိုလ်လူရို့ 
မိမိသမိုင်း သိကတ်ဖို့အရေး
တိမ်မြုပ်သမိုင်း ဖော်ထုတ်ခလေ၏။
အဖိုးသျှင်…………
၉၀ ရွီးကောက်ပွဲသမယ ချိန်ကာလ၌
ရခိုင့်အောင်ပွဲ အစိုဉ်တွေးကာ
ALD ပါတီ ဦးဆောင်နာယက
သမိုင်းပီးတာဝန် ကျေပွန်ထမ်းရွက်
မဲဆွယ်တရား ဟောပြောခရာ
အမှန်အတိုင်း တုံ့မဆိုင်းဘဲ
ဟုတ်တိုင်းမှန်ရာ ပြောလီရေခါ
ဖက်ဆစ်ဗမာ စစ်ဝါဒီမှာဂါး
အနာပေါ်တုတ်ကျ နိန်မရဘဲ
လွန်စွာစိတ်ဆိုး အမျက်တိုးကာ
သမိုင်းပညာသျှင် အဘိုးသျှင်အား
မတရားဖမ်းဆီး ထောင်သွင်းပြီးလျင်
စိန်ပါအဆိပ် မှန်ဇွာတိုက်ပြီး
ရက်မှာ(၁၄) လကားသြဂုတ်
၉၀-သက္ကရာဇ် ချိန်ကာလ၌
ရခိုင်မြီ၏ စစ်တွေထောင်မှာ
အဖိုးသျှင်အား လုပ်ကြံသတ်ဖြတ်
အဖပြေသူအားလုံုး ယူကျုံးမရ
ရင်ထဲကြိမ့်အုံး ပူလုံးဆို့ကာ
ပူဆွေးသောက ဗျာပါဒနာင့်
ရတက်မအီး ငိုကြွီးခကတ်ရလေ၏။
အဖိုးသျှင်………
ရန်သူဗမာအောက် ဒူးမထောက်ပဲ
အာရီယံနွိန်ဖွား ရခိုင်သားသွီးကို
သီဖို့ခါအထိ ဦးမညွတ်ပဲ
အဖပြေသူအပေါ် မေတ္တာပို၍
အသက်ဝိညဉ် ပီးဆပ်ခသျှေ၏တဂါး။
အဖိုးသျှင်၏ ကြီးမြတ်မေတ္တာ
စေတနာနာင့် လွန်ဇွာကြီးမား
ကျေးဇူးတရားကို အဖပြေသူ
စိတ်ကိုယ်တူနာင့် ရီမှန်းရမ်းရော်
ဦးညွတ်ပူဇော်ကတ်ပါ၏…
(အဖိုးသျှင်အား ဇီသျှင်)၃
မောင်သာကီ
(၁၄.၈.၂၀၁၁)