Tuesday, August 16, 2011

ကနေဒါမှာ ၀ီဒနာကို ကြီညာခရလီယင့်လား

ကျောက်မဲအကျဉ်းသားရုပ်ရှင်ကားမှာ
ကွယ်လွန်သူဝင်းဦးက ဇတ်ဝင်ခန်းမှာ ပြောခသည့် စကားတခွန်း သတိရမိသည် ။ ဒုဌ၀တီမြစ်ကို ရောက်ဖူးသူတိုင်း နောက်တခါ ဒုဌ၀တီမြစ်ကို ရောက်တတ်ကြသည်ဟု ပြောခခြင်းဖြစ်သည်။ တိုက်ဆိုင်ရေလားတော့ မပြောတတ်။ ကမ္ဘာကျော်နိုင်ယာဂယာ ရီတံခွန်ကို ကုန်ခသော ၁ လ ကျော်က ကျွန်တော်ရောက်ခသည်။ အမေရိကန်နိုင်ငံဖက်က ကြည့်ခရရေအခါ ရီတံခွန်အနီးထိ သဘောင်္ာချေတိနင့် ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါလားနီသည်ကို မြင်ခရသည်။

ယင်းအချိန်က ယင်းမှာသို့ လားချင်ခပါသည်။ သို့သော် အချိန်တိကို မပီးနိုင်ခ ။ သိချင်သော မြင်ချင်သော လ့လာချင်သော ရီတံခွန်သည် ကျွန်တော့်ရင်မှာ တလှပ်လှပ် ခုန်နီစီခသည်။အခုဒုတိယအကြိမ် အဖြစ် လားရောက်ဖို့  အကြောင်းပေါ်လာသည်။ မိသားစုတခုလုံး ကနေဒါနိုင်ငံတ၀ှမ်း ကမ္ဘာလှည့်ခရီး လှည့်ချင်ကတ်သည်ဟု ပြောဖြစ်လာကတ်သည်။ ကားလက်မှတ်ဝယ် အစီအစဉ်လုပ်ယင်း ခရီးစဉ်ကို စတင်ကတ်ဖြစ်သည်။ နယူးယောက်ပြည်နယ် အထက်ပိုင်းမှာရှိသော ဘာဖန်လိုမြို့ သည် ကျွန်တော်ကုန်ခသောလက ညီလာခံတက်ရောက်ခသော မြို့ ဖြစ်သည်။ ထိုအချိန်က ညဖက်မှာထွက်သော ကားနင့်- ၈ နာရီ - လောက်လား ခရသည်။ တိတိကျကျ ဆိုပါကေ ညဥ့်- ၁၀ -နာရီမှာ ကားကထွက်ပနာ မိုးထက်- ၆- နာရီလောက်မှာ ဘာဖန်လိုမြို့ သို့ ရောက်ခသည်။ ညဥ့်ခရီးဖြစ်လို့ လမ်းမှာ ဇါတခုကိုမှ မတွိမမြင်ခ ။ စားသောက်ဆိုင်များတွင် အပေါ့အလေးလားရန် ကားကို ရပ်တန့်ပီးသည်မှအပ ဇါပိုင်စွာ အဆောက်အဦးတိကိုလည်း မမြင်ဖူးခ ။
အခုဒုတိယအကြိမ်မှာမူ မိုးထက် -၈- ချက်တီးမှာ ထွက်ရေ ကားဖြစ်၍ ပတ်ဝန်းကျင်လမ်းတလျှောက် မြင်တွိရသည်။ ကျွန်တော်ရို့ ၏ ခရီးစဉ်မှာ ဘာဖန်လိုမြို့ မှသည် နိုင်ယာဂယာရီတံခွန်၊ ယေဗြီးကေ တိုရန်တိုမြို့ ၊ အက်တ၀ါ မြို့ နှင့် နောက်ဆုံးမှာ မွန်ထရီယယ်မြို့ မှ တိုက်ရိုက် နယူးယောက်မြို့ သို့ လာဖို့ ခရီးစဉ်ဖြစ်သည်။ ကမ္ဘာလည့်ခရီးသည်များမှာ တန်ဇန်နီးယားလူမျိုးမိသားစု ၊ အိန္ဒိယလူမျိုးမိသားစု၊ တောင်အာဖရိကနိုင်ငံမှ မိသားစု။ ယေဗြီးကေ တရုပ်စကားပြောသောတရုပ်လူမျိုးတိနှင့် ကျွန်တောရို့မိသားစုအပါအ၀င် ခရီးသည် - ၅၀- ဖြစ်သည်။ ခရီးလားးအေဂျင်စီမှ တရုပ်လူမျိုး ကလေ့မေချေမှာ များသောအားဖြင့် တရုပ်စကားနှင့် တလှည့် အင်္ဂလိပ်စကားဖြင့်တလှည့် ခရီးစဉ်အကြောင်းတိကို ပြောပြသည်။ ကားထွက်စွာနင့် ဇါနီရာ ၊ ဇါအချိန် ၊ ဇါအကြောင်းအရာများအား လိလာရမည်ဆိုခြင်းကို ပြောပြတတ်သည်။
ဘာဖန်လိုမြို့ မ၀င်ခင်မှာ မှန်စက်ရုံတခုတွင် လိလာကတ်ရသည်။ ရှေးခေတ်က မှန်ကိုချက်ဗြီး မီးအိမ်များ၊ မှန်နင့်ပြုလုပ်သော ရီကရားများ။ ပုံစံအမျိုးအမျိုးနင့် မှန်နှင့်ပြုလုပ်ထားပုံတိကို အလုပ်သမားတိက ပြုလုပ်နီပုံများကို ဆလိုက်ထိုးပြီးပြသည်။ မှန်ရီဖလားများ။ သောက်ရေအိုးများနှင့် အလှပြ မှန်ထည်ပစ္စည်းများမှာ မှန်ဘီရိုထဲတွင် လှပလွန်းသည်။ ယင်းမှန်နင့် ပြုလုပ်ခကတ်သည့် အယင်က အလုပ်သမားများ၏ တီထွင်လုပ်ဆောင်ခမူများမှာ စိတ်ဝင်စားစရာဖြစ်သည်။ ယေဗြီးပနာ လက်တွိလုပ်ပြသည်။ ရှေးခတ်ကလုပ်နီကတ်သော သရုပ်ပြရုပ်ရှင်မှာ ခေတ်မမှီတော့သော လုပ်ငန်းတိဖြစ်သည်။ လက်တွိပြနီသော မှန်မီးအိမ်တလုံး လုပ်ပြနီစွာမှာ ဇါမျှမကြာလိုက်။ စက်ပစ္စည်းတိ ဆန်းပြားလာစွာနင့် မီးကို အသုံးချခြင်း၊ လျှပ်စစ်ကိုအသုံးချခြင်းတိကြောင့် ခေတ်မှီပြီး မြန်ဆန်လွန်း လှပလွန်းလှသော မှန်ချပ်များ ၊ မှန်ဖြင့်အလှကုန်ပစ္စည်းများ ပြုလုပ်ပြသထားစွာမှာ ရှူမ၀အောင် စက်ရုံတွင်းမှာ ခန်းလုံးပြည့် ရှိနီပါသည်။
အစပိုင်းတွင် ဘာဖန်လိုမြို့ မှနီဗြီး ရီတံခွန်ကို ကြည့်ရှူရဖို့  ထင်ခသည်။ ယေကေလေး အေဂျင်စီမှ ကလေ့မေချေက ကနေဒါနိုင်ငံဖက်ကိုကူးဗြီး နိုင်ယာဂယာ ရီတံခွန်ဖက်မှာ ညဥ့် အိပ်ရပ်နားဖို့ လို့ု ဆိုသည်။ ကျွန်တော်ရို့  ဗီဇါယူနီချိန်မှာ ညဖက်ရောက်နီပါဗျယ် ။ ယေဇူးနင့် ရီတံခွန်အနားသို့ သဘောင်္ာဖြင့် လားရောက်ဖို့ အစီအစဉ်မှာ မိုးထက်မှရှိရေလို့ အသိပီးသည်။ ညဖက်တွင် မီးရှူးမီးပန်းဖေါက်ပနာ ရီတံခွန်၏အလှကို ပုံဖေါ်ပီးသည်။ ကမ္ဘာလှည့်ခရီးသည်များမှာ ရောင်စုံပန်းမီးပွါး အလှများနှင့် နိုင်ယာဂယာရီတံခွန် အလှကို သူ့ထက်ငါ ဓါတ်ပုံလုပြီး ရိုက်နီကတ်သည်မှာ ပျော်စရာဖြစ်သည်။ စင်စစ် ရီတံခွန်ဆိုစွာမှာ တောင်ထက်မှာရာ ရှိဗြီး တောင်ထိပ်မှ ရီစီးအားပြင်းပြင်းဖြင့် ကျနီသော ရီကို ရေတံခွန်ဟု ခေါ်ကတ်သည်။ အခုနိုင်ယာဂယာ -ရီတံခွန်မှာ ယင်းပိုင်မဟုတ်။ တောင်ထိပ်မှ စီးကျနီသော ရီတံခွန်မဟုတ်။ ယင်းဇူးကြာင့် ကမ္ဘာကျော်သော ရီတံခွန်ဟု ပြောစမှတ်ဖြစ်နီရသည်။ ရီတံခွန်၏အမြင့်မှာ ပေပေါင်း( ၈၀ ) လောက်မြင့်သည် ။ ယင်းမှာထူးလည်း ထူးခြားနီသည်။ အံ့သြစရာလည်း ဖြစ်သည်။

ခရီးစဉ်လေးရက်၏ ပထမညဥ့်ကို နိုင်ယာဂယာ ရီတံခွန်အနီးရှိ ဟိုတယ်တွင် ကုန်ဆုံးဖြစ်ကတ်သည် ။ မိုးထက်ပိုင်းတွင် နိုင်ယာဂယာမျှော်စင်ကို လားရောက်ကတ်သည်။ မျှော်စင်မှာ မြင့်လွန်းအားကြီး၍ အမြင့်ကိုကြောက်တတ်တေ ကျွန်တော့် မှာ ဗြုံးကနဲ မျက်စိကိုမဖွင့်ဝံ့ ။ ရီမြီတဆုံးမြင်ရရေ အတွက် ကြောင့် အ၀ီးကြီးကိုရာ လှမ်းမျှော်ကြည့်ဖြစ် သည်။ မျှော်စင် တွင် ပတ်ဝန်းကျင်ကို ကြည့်ရှူနိုင်သော ပထမအဆင့် ။ ဒုတိယအဆင့် တတိယအဆင့် ဆိုပနာ ရှိသည်။ ထမင်းစား အဆင့်တွင် ကျွန်တော်ရို့  နိလည်စာကို စားဖြစ်ကတ်ပါသည်။ စားယင်းသောက်ယင်း ကနေဒါနိုင်ငံ၏ မြင်ကွင်းများကို ကြည့်ကတ်ရသည်။ တိုရန်တိုမြို့ မှာ မျှော်စင်၏ ဘယ်ဖက်မှာ ဟိနီရေ အတွက်တာကြောင့် ထမင်းစားပွဲခုံမှ မမြင်ရ။

ဟိုတယ်မှ အစားအသောက်များမှာ စံချိန်မှီပါသည်။ ဟင်းလျှာပွဲလာချပီးရေ သူရို့ မှာ အချိန်ကြာတတ်သည်ကလွဲ၍ စားရသောက်ရသည်မှာ အားလုံးစိတ်ချမ်းမြိစရာ ဖြစ်ပါသည်။ ဟိုတယ်တွင် မိုးထက်စာကို မကျွေး၍ ကိုယ့်အစီအစိုင်နှင့် စတိုးဆိုင်တွင် ကော်ဖီဝယ်သောက်ခရသည် ။ ခရီးလားအေဂျင်စီအဖွဲ့မှာ နိခင်းစာကို မျှော်စင်မှာကျွေးဖို့ လို့  ဆိုခြင်းကြောင့် မိုးထက်စာကို မကျွေးခြင်းဖြစ်သည်။

နိခင်းစာကို ၀မ်းတင်းအောင် ချလာပီးသမျှ စားနီရသောကြောင့် အိမ်သာတက်ကတ်ရသည်။ ကနေဒါနိုင်ငံ၏ ကမ္ဘာ၏ခရီးသည်များအတွက် အကောင်းဆုံး အစီအစဉ်တခုဖြစ်တေ အိမ်သာရှိသည်ဟု လမ်းညွှန်ထားပြသည့် လူရုပ်ပုံချေတိမှာ အထူးအဆင်ပြီစီသည် ။ ရောက်လီသမျှ နီရာတိုင်းမှာ ယင်းလူရုပ်ပုံချေတိကို ရာ အဓိကလိုက်ရှာဖြစ်ကတ်သည်။ ပဇေါင်အတွက် ဆိုသော် တနီကုန်ကားစီးလာကတ်သော သူရို့ မှာ ကားရပ်တေ ဆိုလျှင် အိမ်သာကိုရာ တန်းဗြီးရသည်။ အေဂျင်စီတရုပ်မချေကလည်း အိမ်သာကိုတက်ကတ်ဖို့ သတိပီးသည်။ ကားထက်တွင် အိမ်သာပါကေလည်း လူများဗြီးသုံးလာလျှင် အနံ့က ထွက်လာတတ်သည်။ ယေဇူးနင့် ကားထက်ရှိအိမ်သာကို အသုံးမပြုကတ်ရအောင် သတိပီးထားရသည်။

မျှော်စင်တွင် နိခင်းစာစားဗြီးစွာနင့် နောက် ရီတံခွန်အကြောင်းကိုပြသဖို့  စတူဒီယို အဆောက်အဦတခုကို ၀င်ကတ်ရသည်။ ယင်းအဆောက်အဦမှာ ရီတံခွန်အကြောင်းနှင့် ပါတ်သက်၍ ကမ္ဘာလှည့်ခရီးသည်ရို့ ကို ပြသသောခမ်းမဖြစ်သည်။ ခမ်းမ၏ပြင်ပတွင် ပြသထားရေ စာအုပ်စာတမ်းတိ ၊ ဓါတ်ပုံကားချပ်တိကို ကျွန်တော်ရို့ လိလာကတ်ရဗြီးမှ ရုပ်ရှင်ခမ်းမထဲသို့ ၀င်ကတ်သည်။ ရီတံခွန်ရုပ်ရှင်ကားကို ရုပ်ရှင်ကုမဏီ ခုနှစ်ခုမှ ပူးပေါင်းရိုက်ကူးထားစွာဖြစ်သည်။ 3D ဖြင့်ရိုက်ကူးထားစွာဖြစ် လို့  ကြည့်ရစွာမှာ တမျိုးဖြစ်နီသည်။ ရုပ်ရှင်ပြသည်နှင့် နောက်ခံတီးလုံးနှင့် ဂီတသံမှာ ကြောက်လန့်စရာ အသံများဖြင့် ကြားနီရသည်။ မိုးချုန်းသံတိမှာ ရီတံခွန်၏ ရီစီးကျသံတိနှင့် ရောထွီးပါနီသည်။ ရီစီးများ၊ ရီလုံးများ ၊ ရီမှုံများစွာ ရီတံခွန်မြင် ကွင်းကို မန်စွယ်ထနီသော နဂါးတကောင်ပိုင် အသွင်ဖြစ်ပေါ်စီနီသည်။နိုင်ယာဂယာ၏ ရီတံခွန်သမိုင်း မှာ ဆွတ်ပျံ့ဖွယ်ဖြစ် သည် ။ လွမ်းစရာပုံပြင် ဖြစ်နီသည်။ ရှိုက်ကြီးတငင် ငိုကြွီးနီရေ ကလေမေချေ တယောက်၏ အလွမ်းဇတ်လမ်းတပုဒ်သည် ဤနိုင်ယာဂယာ ရီတံခွန်နင့်အတူ ကမ္ဘာလှည့်ခရီးသည်များ၏ ရင်ကို နာကြင်စီနိုင်ပါသည်။ သူ့အလှ သူ့ဘ၀နင့် လုံးလုံးမျှ မဟပ်စပ်သော ကလေ့မေချေ၏ ကံကြမ္မာသည် ရီတံခွန်၏ မျက်ရည်များကို စိုစွတ်နီစီသည်ဟု ရုပ်ရှင်ပြသော သမိုင်းကိုမှတ်တမ်းတင်သူများက ပြနီယင်း ကြေညာဖွဲ့နွဲ့ ပြောဆိုပါသည်။ မှန်သည်။ နိုင်ယာဂယာသည် ငိုရိုက်သံများ၊ နာကျဉ်းသံများ၊ ကျိန်စာများနင့် မုန်တိုင်းတိုက်ခတ်နီရေ လှိုင်းဝဲဂယက်ရို့ အလယ် လှပါရေ လို့  ပြောနိုင်ရေ ကျိန်စာသင့်နီရေ ကလေ့မေချေအမုန်း ၏ လောကကိုသရော်ပြနီသည်နှင့် တူနီလွန်းလှသည်။ လွမ်းဆွတ်နာကြင်ဘွယ် နိုင်ယာဂယာ ရုပ်ရှင်ဇတ်လမ်းမှာ ဒေပိုင်ဖြစ်သည်။

လွန်ခသော ကာလက တောအုပ်တောတန်း တနီရာတွင် နတ်ကိုးကွယ်ရေ လူရိုင်းများ ဟိသည်။ ယင်းလူရိုင်းကြီးရို့ မှာ အနီးတ၀ိုက်မှ ကလေ့မေချေ အလှပတိကို သစ်သားအကျဉ်းထောင်ထဲတွင် ချုပ်နှောင်ထားလေ့ ဟိနီ သည်။ လူရိုင်းကြီးရို့ က သည် ကလေ့မေချေတိကို အလိုမတူဘဲ လက်ထပ်ပေါင်းသင်းကတ်သည်။ နတ်ကိုးကွယ်ဗြီးပနာ နတ်တိကိုပူဇေါ်ပသပနာ ရိုးရာဘာသာဓလေ့များဖြင့် သူရို့ မှာ ဆုတောင်းကတ်တတ်သည်။

နိုင်ယာဂယာ နတ်သမီးဖြစ်လာဖို့ ကလေ့မေချေမှာ လှပလွန်းနီသည်။ ယေဇူးကြောင့် ကလေ့မေချေကို လူရိုင်းရို့ ၏ အရှင်သခင်တပါးဖြစ်သူ ၀ါကြီးတယောက်က လက်ထပ်ပွဲကျင်းပရန် စီစိုင်သည်။ ရှည်လျှားပြီး ကော့ပျံကျနီသော ရွှီဝါရောင် ဆံပင်အလှပိုင်ရှင် ကလေ့မေချေမှာ ၀ါကြီးပါးက ဆင်ယင်ပီးအပ်သော သရဖူကို ဆောင်းရသည်။ ကလေ့မေချေ၏ မျက်နှာမှာ လူရိုင်းကြီး၏ တော်ဝင်ကောက်ခံရရေ မိဖုရားငယ်တပါးဖြစ်ရကေလည်း ကလေ့မေချေ အဖို့  မင်္ဂလာဆောင်ပွဲကို ရွှီလိုင်တွဲ လို့ ပျော်သူမဟုတ်မှန်း ကလေ့မေ၏ မျက်နှာကိုကြည့်က သိသာနိုင်သည်။

တူရိယာတီးမှုတ်သံတိဖြင့် ထိမ်းမြားလက်ထပ် မင်္ဂလာဆောင်ပွဲစွာ တတောလုံးညံဗျာယ် ဟိနီခသည်။ တနားချေ မကြာခင်မှာပင် ကလေ့ချေမှာ ခေါင်းမှာဆောင်းထားရေ ရွှီသရဖူကို ယူဗြီးကေ ၀ါကြီိးကို လှမ်းပီးလိုက်သည်။ ကလေ့မေမှာ တလှမ်းချင်းတလှမ်းချင်း လက်ထပ်မင်္ဂလာပွဲ အခန်းအနားမှ ထွက်ခွါလာဖြစ်သည်။ တူရိယာများမှ ဂီတသံရို့ သည် ကလေ့မေ ၏နောက်မှ တစ္ဆေသရဲသံများပိုင် ဗြီးလိုက်လာကတ်တေပိုင် ခံစားနီရသည်။ သစ်သားအချုပ်ခန်းများမှ အကူအညီတောင်း ခံနီကတ်သော ကလေ့မေ၏ လက်ချောင်းများကို လမ်းလျှောက်ယင်း ထိတွိနုတ်ဆက်လိုက်သည်။ ဒေထက်ပို၍ ကလေ့မေမှာ ဇါမျှ လုပ်၍မရ ။ ဒေပိုင်ရာ ကလေ့မေချေကရာ လက်မထပ်ဖြစ်ခကေ သူရို့ ပိုင် အကျဉ်းကျခံနီရဖို့  ဖြစ်သည်။ ကလေ့မေချေမှာ ဥပ္ပါယ်တမျှဉ်ဖြင့် လပ်ထပ်မည်ဆိုသောဂတိဖြင့် အကျဉ်းကျခံနီရာက လွပ်မြောက်လာသူဖြစ်သည်။ အကျဉ်းစခမ်းမှ တလှမ်းချင်းထွက်လာရေ ကလေ့မေနောက်မှ ဇါသူမျှ နောက်ယောင်ခံ၍ မလိုက်ကတ် ။
လူရိုင်းအဖိုးကြီး၏ မယားဖြစ်လားသော ကလေ့မေမှာ အခုအချိန်တွင် မိဖုရားတပါးဖြစ်နီဗျယ် ။ ကလေ့မေကို ဇါသူမျှ နှောင့်ယှက် ၍ မရ ။ ယေဇူး ကြောင့် ကလေ့မေက အကျဉ်းထောင်အတွင်း တလှမ်းချင်း လမ်းလျှောက်လားနီ စွာဖြစ်သည်။ မင်္ဂလာဆောင်ပွဲမှ တူရီယာဂီတသံများမှာ သောသောညံနီသည် ။ အလှပလှ လှရေ ကလေ့မေချေမှာ အကျဉ်းထောင်လမ်းကြားထဲတွင် ကာထားရေ သစ်သားတိုင်များကြားမှ အကျဉ်းကျသူလက်တိကို ကိုင်ယင်း လားနီမိသည်။ နောက်ဆုံးမှာ တံခါးပေါက်တခုကို ပိတ်ထားကြာင်း တွိရသည်။ ယင်းတံခါးကို မိဖုရားဖြစ်နီရေ ကလေ့မေချေက အသာချေ ဖွင့်လိုက်သည်။ ကလေ့မေမှာ ကြောက်ကြောက်လန့်လန့်နင့် ဗြီး၍လွှား၍ လှုပ်ရှားသူမဟုတ်။ တံခါးဖွင့်ရေ အခါ၌ပင် အီးဆီးငြိမ်သက်ပနာ ဖွင့်လိုက်ခြင်းဖြစ်သည်။ တံခါး၏အပြင်ဖက်ရောက်လားချိန်တွင်မူ ကလေ့မေချေ၏ ခြီလှမ်းများမှာ သွက်လက်လာသည်။ မကြာခင် ခြီကုန်ဗြီးလိုက်သည်။ ဤကကြွတ်အို ၀ါကြီး၏ လက်မှ ကလေ့မေထွက်ဗြီးခြင်းမှာ သူ့ အတွက် ဘ၀ကို အဆုံးမသတ်စေချင်၍ဖြစ်သည်။

ငယ်ရွယ်နုပျိုသော ကလေ့မေ၏ဘ၀သည် ရွတအိုမင်းမစွမ်းဖြစ်နီသော သီခါနီးဝါကြီး၏ ရင်ခွင်ထဲတွင် ဇါပိုင် သို့မျှ အဆုံးအရှုံးမခံနိုင်။ ယေဇူးကြောင့် ကလေ့မေချေမှာ သူရို့ ၏လက်မှလွပ်မြောက်ရီးအတွက် တောလမ်းအတိုင်း ထွက်ဗြီးလာခြင်းဖြစ်သည်။ ကလေ့မေထွက်ဗြီးလားခြင်းကို မင်္ဂလာဆောင်သတိုးသား ၀ါကြီးအိုက နောက်ပိုင်းတွင် သိလားသည်။ ယင်းကြောင့် သူ၏ထွက်ပြေးရာ လမ်းကြောင်းအတိုင်း ဒါးတိတုတ်တိ ဆွဲပနာ လိုက်လာကတ်သည်။ သူရို့ ၏စိတ်ထဲတွင် ကလေ့မေချေမှာ မင်္ဂလာဆောင်ခြင်းကို ကြောက်၍ထွက်ပြေးခြင်းမျှသာဟု ထင်နီခသည်။ ကလေ့မေချေက အမှန်မှာမူ ယင်းသို့မဟုတ်။ သီခါနီးဝါကြီးအိုအား လုံးဝလပ်မထပ်လိုခြင်းကြောင်း ထွက်ပြေးနီခြင်းဖြစ်သည်။ ဗြီးလာယင်းပင်း ချောင်းနားစပ်တခုတွင် လောင်းချေတစီးကို တွိသည်။ ယင်းလောင်းချေကို ကလေ့မေချေက ကျွမ်းကျင်စွာ လှော်ခတ်ပနာ ရီစီးအတိုင်း သွားနီလိုက်သည်။ သူ့ နောက်မှ လိုက်လာသော လူရိုင်းအုပ်ကြီးရို့ မှာ ကလေ့မေချေအား ခြီရာခံ၍ မရလိုက်ကတ် .။

ရီစီးအတိုင်း မျောပါလိုက်လာနီသည်။ ကလေ့မေချေသည် လောင်းချေကိုကျွမ်းကျင်စွာ လှော်ခတ်နိုင်သည်။ လောင်းဦးကို တည့်မတ်အောင် တက်ကိုင်ပီးနိုင်သည်။ လောင်းချေသည် ရီစီးအတိုင်း အရှိန်အဟုန်ပြင်းစွာ တောအုပ်ထဲက မျှောပါလာသည်။ လူရိုင်းအုပ်ကြီးရို့ ၏လက်မှ လွပ်မြောက်ရန်အတွက် လောင်းကို ရောက်ရာပေါက်ရာ လှော်ခတ်လာသည်။ သူမမှာ ဤနေရာဒေသနင့် အကျွမ်းဝင်သူမဟုတ်။ ယေဇူးကြောင့် လူရိုင်အုပ်ကြီးရို့ လက်ထဲမှ မလွပ်မြောက်သိမ့် သီးရေ အထင်ဖြင့် လောင်းချေကို လှော်ခတ်လာခခြင်းဖြစ်သည်။ တောအုပ် ဘေးနားမှ ရီစီးကြောင်းသည် မြစ်တိပိုင် ဖြစ်နီသည်ကို ကလေ့မေချေက မသိ။ သူထင်နီစွာမှာ သာမန်ရီစီးဆင်းနီသော ချောင်းချေတခုလို့ ထင်နီခသည်။ ချောင်းချေဆိုရေအတွက့် စီးဆင်းနီသောရေစီးကြောင်းအတိုင်း လောင်းကိုလှော်ခတ်နီလို့ကတော့ ဇါသို့မျမဖြစ်။
ကလေ့မေချေ၏ ဘ၀ကံကြမ္မာမှာ လောင်းချေ၏ ခေါ်ဆောင်ရာနောက်ကို လိုက်ပါလာခသည်။ ကမ္ဘာကြီးသည် တခါတခါ လူသားရို့ အား ရက်စက်စွာ လိမ်ညာကောက်ကျစ်ခြင်းကို ကလေ့မေချေက မသိရှိခ ။ လောက၏ မာယာများစွာကို သိရေအခါကား သူ၏အသိမှာ နောက်ကျခရပါဗျယ် ကာ ။ ဇါသို့မျှ မထင်မှတ်သော ရီစီးကြောင်းသည် သဘာဝအတိုင်းမဟုတ်မှန်း အသိနောက်ကျလားခဗျယ် ။ တယောက်စီးလောင်းချေသည် ဒလိမ့်ခေါက်ကွေးကျကာ လူမှာလည်း လောင်းထက်မှ လွင့်စင်လားသည်။ ကလေ့မေချေမှာ ရီကူး၍ရဖို့ ဟုလည်း ထင်နီခသည်။ မရ ပါဗျယ် ။ ရီစီးသည် ထင်သည်ထက် အရှိန်ပြင်းသည်။ အတင်းရုန်းကန်ဗြီး လက်ပစ်ကူးနီကေလည်း ရီစီးက ဆွဲယူလားသည်။ နောက်ဆုံးမှာ ရီစီး၏အဆုံးဖြစ်နီသော နီရာမှ ချောက်ကမ္ပါးကြီးတခုသို့ ထိုးကျလားသည်။ လုံးဝမထင်မှတ်သော အဖြစ်အပျက်တခုကို ကလေ့မေချေက သိလိုက်ရသည် ။ ယင်းချောက်ကြီးသည် နိုင်ယာဂယာ ရေတံခွန်ဖြစ်သည်။ ထိုဖက်ကမ်းနင့် ဒေဖက်ကမ်းကို ဟက်တက်ကွဲနီစွာဖြစ်သည် ။ ကမ္ဘာ့ပထ၀ီ၏ သဘာဝအရ ငလျှင်များတုန်ခတ်လှုတ်ရှားမှူကြောင့် မြီပြင်ရို့ သည် လှိုင်းတွန့်လားရေပိုင် ဖြစ်လားတတ်သည်။ တချို့ နီရာတွင် ချိုင့်ဝှမ်းဖြစ်လားကတ်သည်။ ပင်လယ်ရို့ သည် တခါတရံတွင် ကုန်းမြီများဖြစ်လားကတ်သည်။ ကုန်းမြီများသည် ပင်လယ်ပြင်များ ဖြစ်လားကတ်သည်။ ကမ္ဘာကြီး မာယာကို မသိခသော ကလ့မေချေ၏မာယာမှာ နိုင်ယာဂယာ ရီအောက်အတွင်း ထိုးကျလားသည်။

အခုအချိန်ထိ လှပရေ ကလေ့မေချေ ၏၀ိဥာဉ်သည် နိုင်ယာဂယာရေတံခွန်တွင် လူသားတို့၏ ကောင်းကျိုးအတွက် အသက်ကိုစောင့်ရှောက်ပီးနေသည်ဟု ယုံကြည်နီကတ်ဆဲဖြစ်သည်။ သူရို့ မှာ နတ်မိမယ်ချေ တပါးအဖြစ် အခုတိုင် ယုံကြည်နီကတ်ဆဲသိမ့်  ။ ယင်းပိုင်စွာမှာ နိုင်ယာဂယာ၏ ရီတံခွန်အကြောင်းကို ဖွဲ့နွဲ့ပြသော လွမ်းဆွတ်ဖွယ်ဇတ်လမ်းချေ ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ တဖက်နငင့် ကနေဒါနိုင်ငံ၏ ဟက်တက်ကြားတွင် မြစ်ပိုင် ရှိနီသည်မှာနိုင်ယာဂယာ ရေတံခွန်ဖြစ်သည်။တချိန်ကဤနှစ်နိုင်ငံသည် မြီပြင်ဆက်စပ်နီခလီဖို့ ထင်သည်။ မြီငလျှင်လှုပ်ခမူကြောင့် မြီပြင်မှာ ချောက်ကမ္ပါးကြီးဖြစ်လားသည် ။ တောင်ထိပ်မဟုတ်ဘဲနင့် ရီစီးကြောင်းဖြစ်နီသော မြစ်သည် ယင်းချောက်ကမ်းပါးတွင် ရီစီးသန်လားစီသည်။ အမြင့်ပေ ( ၈၀ ) ကျော်ခန့်ရှိသော ယင်းချောက်ကမ်းပါးကြီးသည် လူကိုသဲကွဲစွာမမြင်ရ။ နောက်တခုပြစွာမှာက မိသားစု လောင်းစီးလာစွာကို ပြသစွာဖြစ်သည် ။
မိသားစုသုံးယောက် အပျော်စီးလောင်းချေနှင့် လာကတ်စွာမှာ တားမြစ်ထားရေ နီရာအရောက်တွင် စက်ပျက်လားသည်။ စက်ကိုနိုးယင်း ရီစီးရာသို့ ပါလားပနာ ရီတံခွန်နှင့် ပါလားသည်။ ရီတံခွန်တွင် မျောပါလားသော မယားဖြစ်သူနင့် သားဖြစ်သူကို ဆယ်ယူရရေအခါ နတ်မိမယ်ချေက ဆုတောင်းပီးနေပုံကို ပြထားစွာဖြစ်သည်။ နတ်မိမယ်ချေသည် လူသားများကို ကယ်တင်စောင့်ရှောက်ပီးနီသည်ဆိုသော အချက်ကို ပြခြင်းဖြစ်သည်။
နောက် ဗြီးကေ ချောက်ကမ်းပါးကြီး တဖက်တချက်မှ ကြိုးတမ်းလျှောက်ပြရေ လူစွမ်းကောင်းတိကလည်း သရုပ်ဆောင် ပြသကတ်သိမ့်သီးသည်။ ရီစည်ဗုံးတွင် ၀င်၍လိုက်ပါလာသော ကလေ့မေတယောက်မှာ ရီတံခွန်အတိုင်း စီးမျောလာသည်ကိုလည်း ပြသသည်။ သဘောက နတ်မိမယ်ချေမှာ လူသားများကို ဘေးအန္တရယ် မကျရောက်စေရန် ဖီးမကူညီနီခြင်းကို ပြသစွာပင်။ လူရိုင်းဝါကြီးအိုနင့် လက်ထပ်ခရေ ကလေ့မေမှာ နိုင်ယာဂယာ ရီတံခွန်းနတ်သမီးဖြစ်နီသည်ဟု ရုပ်ရှင်ဖတ်လမ်း ပြသထားစွာဖြစ်ပါသည် ။

ကမ္ဘာလှည့်ခရီးသည်အဖြစ် နိုင်ယာဂယာ အလွမ်းဇတ်လမ်းတပုဒ်ကို ကြီကွဲစွာနှင့် ရင်မှာခံစားယင်း တိုရန်တိုမြို့ ကို ထွက်လာခကတ်ဖြစ်သည်။ တိုရန်တိုမြို့ သည် စင်စစ်မှာ ကျွန်တော်နှင့် မစိမ်း။ အိန္ဒိယမှ လားကတ်သော ပုဂ္ဂိုလ်များ ဟိကတ်သည်။ ယေကေလည်း ဇါရောက်လို့ ဇါပျောက်လားကတ်မှန်းမသိ။




---------------- ------------------------- ----------------------------- ----------------------------------- --------------


တလောက နယူးယောက်ပြည်နယ် အထက်ပိုင်း ဘာဖန်လိုမြို့ ညီလာခံမှာ အတူတူတက်ဖြစ်ခရေ လူတိကို သတိရလာသည်။ လွန်ခသော နှစ်ကုန်ပိုင်းလောက်က နယူးယောက်မြို့ ရှိ ကုလသမဂ္ဂတွင် အမျိုးသမီးများအကြမ်းဖက်မူကို ကြားနာစစ်ဆီးပွဲတခု ပြုလုပ်ခသည်။ ယင်းအချိန်က ကနေဒါနိုင်ငံ တိုရန်တိုမြို့ မှာ နီထိုင်သော ရခိုင်လူမျိုး ဦးကျော်ဇေါဝေရို့  လင်မယားနင့် ဆုံဖြစ်ခသည်။ ယေဇူးကြောင့် သူရို့ ထံမှ တယ်လီဖုံးနံပါတ်တိကို တောင်းထားခသည်။ ဦးကျော်ဇေါဝေမှ ဖုံးနံပါတ်ပီးသည်။ ဘန်ကူးပါးမှ ဦးစိန်အောင်သန်း ခေါ် ( ဦးစန္ဒ၀ရ- ဘုန်းကြီးလူထွက် ) ကလည်း ကနေဒါရောက်လျှင် ဖုံးဆက်ပါဆိုပနာ ဖုံးနံပါတ်တိ ပီးထားသည်။ သီသီချာချာပင် ဖုံးစာအုပ်မှာ ရီးမှတ်ထားလိုက်ပါသည်။ ခိုင်သန်းမောင်ကလည်း ဘန်ကူးပါးနီကေလည်း ကနေဒါကိုရောက်ကေ ဖုံးဆက်ပနာ ဆိုဗြီး ပြောထားသိမ့် သည် ။
တိုရန်တိုမြို့ ကို လားခါနီး ပစ္စည်းတိကို သီသီချာချာ ပြန်လည်စစ်ဆီးကြည့်ကတ်ရသည်။ အ၀တ်အစားတိကို စစ်ဆီးရသည်။ ပျောက်စွာတိ ရှိမရှိ စစ်ဆီးကြည့်ကတ်သည်။ အားလုံးပြည့်စုံစွာ စစ်ဆးဗြီးပါဗျာယ် ။ ယေကေလည်း ဖုံးစာအုပ်မှာ ရှာ၍မရပါဗျယ် ။ ပျောက်ချက်သား ကောင်းနီသည်။ ကောင်းကောင်းကြီး စိုင်းစားယူပြီးမှ ဗီဒီယိုကမ်မရာအိတ်ကို သတိရလာသည်။ ကျွန်တော့်မှာ လွယ်အိပ်နှစ်လုံးကို တာဝန်ခံသယ်ဆောင်ရသည်။ တလုံးကိုလွယ်ပြီး တလုံးကို ပခုံးမှာဆွဲရသည်။ ယေဇူးကြောင့် ဗီဒီယိုကမ်မရာ အိတ်ကို မယူချင်ဗျယ် ။ ။ အိတ်သုံးလုံးဆိုကေ ပြသနာတက်နီသည်။ ဗီဒီယိုကမ်မရာကိုသာ ယူလိုက်သည်။ အိတ်ကိုထားခသည်။
နိုင်ယာဂယာရေတံခွန် မီးရှူးမီးပန်းပြနီစိုင် အဂယင့်စိတ်ချမ်းသာခပါသည်။ ဗွီဒီိယို ရိုက်လိုက်ရသည်မှာ ပီဘိအချေတယောက်ပိုင် ပင် ခံစားမိသည်။ အခုတော့ ယင်းအပျော်ရို့ နိုင်ယာဂယာမှ မထွက်ခင်မှာပင် ဇါပိုင် ပျောက်ကွယ်လားးသည်မသိ။ အပျော်တိ မဟိလိုက်ပါဗျယ် ဒေ ။ ဖုံးစာအုပ် က ဗွီဒီိယို အိတ်ထဲမှာ နန်းစံလို့  ကျန်ခစွာပါ ကာ ။ မဟိစွာကို သိလိုက်စွာနင့် စိတ်ကုန်လားစွာဖြစ်ပါသည်။ ဇါသူနင့်မျှ အဆက်အသွယ် လုပ်လို့  မရလိုက်ပါဗျယ် ။ ကျွန်တော်လာခရေခရီးစိုင်မှာ အဓိပ္ပါယ်မရှိဗျယ် ဆိုစွာကို ခန့်မှန်းကြည့်မိသည်။ ဘာဖန်လိုမြို့ မှာ နီထိုင်သော လူတိကို အကျိုးအကြောင်း ပြောယူရသည် ။ ဘလာဖန်လိုမြို့  အဆုံးမှာ နိုင်ယာဂယာ ရီတံခွန် ဟိသည် ။ တိုရန်တိုမြို့ နင့် တဖက်တကမ်း ဖြစ်သည် ။ နိုင်ယာဂယာရီတံခွန်ကို အမေရိကန် ဖက်ကလည်း လားလို့ ရရေပိုင် ကနေဒါကလည်း လားလို့ ရသည်။ ကမ္ဘာလညှ့်ခရီးသည်တိက လားချင်ဖက်က လားကတ်စွာဖြစ်ပါသည် ။ ဟက်တက်ကြားမှာ ဟိနီရေအတွက် အပျော်သဘောင်္စီးဖို့  စွာကို နှစ်ဖက်စလုံးက လုပ်ပီးထားစွာဖြစ်ပါသည်။ ကျွန်တော့်မှာ ဖုံးနံပါတ်စာအုပ်ကျန်ခစွာနင့် ပါတ်သက်လို့  သိသမျှလူများကို ကူပါကယ်ပါ လုပ်ယူရသည်။ သူရို့ ကလည်း အကူအညီပီးကတ်ပါသည်။
ယင်းပိုင်နင့် တိုရန်တိုမြို့ ကို ရောက်လာဖြစ်ကြသည်။ ခရီးလားအေဂျင်စီရို့ မှာ တိုရန်တိုမြို့ ကို မြစ်ပြင်က သဘောင်္ာနှင့် ပြတတ်သည်ထင်သည်။ ကျွန်တော်ရို့ မှာ သဘောင်္စီးပြီး မြစ်ပြင်က တိုရန်တိုမြို့ အလှကို ကြည့်ရသည်။ ကနေဒါသားရို့ မှာ ကမ်းနားလမ်းတလျှောက်တွင် အပမ်းဖြေ လမ်းလျှောက်နီကတ်သည်။ တချို့ မှာ ရီကူးနီကတ်သည်။ နီပူစာလှုံစွာလား ၊ အပမ်းဖြေစွာလား မပြောတတ်။ အားလုံးပျော်ပွဲစားထွက်နီရ ပုံစံနှင့် မြင်ရသည်။ မီးနင့် ဒီဇယ်နင့် မလားဘဲ ရွက်လွှင့်ပြီးလားနီသော ရှေ့ခေတ် လှေသမ္ဗန်ကြီးရို့ နင့် ကမ္ဘာလှည့်ခရီးသည်တိ အပျော်စီး လည်ပတ်နီစွာကိုလည်း တွိရသည်။ မြစ်ပြင်မှ မြင်ရသော တိုရန်တိုမြို့ ၏အလှသည် အမှန်ပန်းချီကားချပ်တခုပမာ မြင်နီရသည်မှာ မျက်စိပသာဒ ဖြစ်စီပါသည်။
ခရီးလားအေဂျင်စီမှ တရုပ်မချေကိုလည်း ကျွန်တော့်နာမည်နှင့် ဖုံးလာလျှင် ပြောပါဆိုပြီး မှာထားရသီးသည်။ စိတ်ထဲမှာတော့ မထင်မိ ။ ကျွန်တော်ရို့ မှာ တိုရန်တိုမြို့ ကမ်းနားလမ်းတွင် တည်းသည်မဟုတ်။ နည်းနည်း အလှမ်းဝီးသည်ဟု ထင်ရသည်။ အ၀ီးဗြီးကားလမ်းမှာရှိသော အဆင့်မြင်ဟိုတယ်ဖြစ်သည်။ တိုရန်တိုမြို့သားရို့ သည် ကျွန်တော်ရှိရာအရပ်သို့ လာလိုချင်ကြသည် ။ သူရို့ မလာသည်ကလည်း အကြောင်းမဟုတ်။ ကျွန်တော်ပြောချင်သော စကားကို မကြားဖြစ်ကြရသည်မှာ ပြသနာကြီးတခုဖြစ်သည်။ သူရို့ ကို ပြောပြချင်သည်။ သူရို့ သိစီချင်သည်။
နောက်တရက်အထိ ကျွန်တော်စောင့်စားနီမိပါသိမ့် သီးသည်။ ခရီးစိုင်က နှစ်ရက်တိတိကုန်ဆုံးခပါဗျယ် ။ ဇါသတင်းကိုလည်း မကြားရ ။ ပြည်တွင်းမှာ ဇါတိ ဖြစ်နီရေလည်း ဆိုသည်ကိုလည်း မသိနိုင် ။ အဆိုးဆုံးမှာ သတင်းပြတ်တောက်မူ ဖြစ်လားခြင်းဖြစ်သည်။ ခရီးကပင်ပမ်းလာရေ အခါ ဟိုတယ်ရှိ ကွန်ပြူတာရှေ့မှာ မထိုင်ချင်ဗျယ် ။ စောင့်ပြီး ကွန်ပြူတာကို ဖွင့်ရမည့်ကိစ္စမှာ အလုပ်မဟုတ်။ သို့သော် ဤပုံစံမျိုးကျခါမှ ဟိုတယ်က ကွန်ပြူတာကို အချေတိပိုင် စောင့်ဆိုင်းပနာ ဖွင့်ရဖို့  စွာကလည်း သဘာဝမကျလှ။
ခရီးစဉ်နှစ်ရက်မြောက်နေ့မှာ အက်တ၀ါမြို့သို့ ထွက်ခွါဖြစ်ကတ်သည်။ ကနေဒါနိုင်ငံသည် မြစ်ကျွန်းစုများ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ မြီကွက်ရို့ တွင် စားပင်သီးပင်တိကို လမ်းတလျှောက်လုံး စိုက်ပျိုးထားသည်။ မြီကွက်လပ်ဟူ၍ မတွိဖြစ် ။ လူသူဆို၍ အလားအလာရို့ ကို တောတန်းလမ်းမှာလည်း မတွိ ။ မြို့ ထဲရောက်ဗျန်လည်း မတွိ့ ။ ကားတိကို အင်တန် အသုံးပြုသောနိုင်ငံဖြစ်သည်။ လမ်းလျှောက်လားနီရေ လူတိ များများစားစား မမြင် ။ အက်တ၀ါမြို့ မှာ သဘောင်္စီးပြီး ကျွန်းစုချေတိကို လိုက်လံပြသသည်။ ကမ္ဘာလှည့်ခရီးသည်များမှာ သဘောင်္စီးပြီး အလှည့်ကျထွက်ခွါသည့် အစီအစဉ်အရ လိုက်ပါရသည်။ ဗမာစကားပြောသော ရန်ကုန်မွေးတရုပ်လူမျိုး ဇနီးမောင်နှံ နှစ်ယောက်ကို တွေ့ရသည်။ သဘောင်္ထက်က ဆင်းရေအခါ နောက်ထပ် တရုပ်ဇနီးမောင်နှံနှစ်ဦးကို တွေ့ရပါသိမ့်သည်။
ကျွန်တော်ရို့ မှာ သဘောင်္ထက်၌ နိခင်းစာကျွေးသော အစီအစဉ်ရှိသည်။ တခြားခရီးသည် ရို့ မှာ အစီအစိုင်မရှိ၍ မစားသောက်ရ။ ကျွန်တော်ရို့ မှာ အစားအသောက်အတွက်ပါ ဖေ့သာကို ပီးဗြီးသား ဖြစ်သည် ။ နိခင်းစာကိုစားဗြီး ကျွန်းစုချေတိကို ကြည့်ပနာ လားးရစွာမှာ အရသာရှိလှသည်။ ထမင်းစားမြိန်လှပါသည်။ ကျွန်းချေတိထက်မှာ တိုက်ချေတလုံးတည်း ရှိသော ကျွှန်းတလုံးကိုလည်း မြင်တွိရသည်။ ကျွန်းပေါင်း ၁၀၀၀ ခန့်ရှိသည်ဟု စာရီးထားသည်ကို မြင်ရသည်။ အပျော်စီးသဘောင်္ချေနှင့် လားလည်နီကတ်သော်လည်း တကြိမ်တွင် သဘောင်္ကြီးတစင်း ၀င်လာစွာကို တွိရသည်။ ရှည်လိုက်သည်မှာ မလွယ်။ ပင်လယ်ကူးသင်္ဘောကြီး တစီးဖြစ်သည်။ ကျွန်တော်ရို့က ကျွန်းချေတိရာ ရှိရေအတွက် ကြောင့် ရီစူးမနက်ဟု ထင်ခသည်။ တက်တက်စင်လွှဲမှားမှန်း သဘောင်္ကြီးဝင်လာမှ သိသည်။
ကျွန်းချေမှအပြန် အက်တ၀ါမြို၏ ပါလီမန်အဆောက်အဦကို လည်ကတ်ရပါဗျယ် ။ ကျွန်တော်၏မိသားစုရို့ မှာ ပါလီမန်အဆောက်အဦထဲသို့ ၀င်ရောက်လည်ပတ်ကတ်သည်။
ကျွန်တော်ဝင်ရန် စိတ်ဆန္ဒမရှိ ။ ကမ္ဘာလှည့်ခရီးသည်ဖြစ်သော ကျွန်တော်သည် နိုင်ငံရီးသမားတယောက်ဖြစ်သည်။ ဤပါလီမန်အဆောက်အဦသည်လည်း ကနေဒါနိုင်ငံမှ နိုင်ငံရေးသမားရို့ ၏ နိုင်ငံရေးစင်မြင့်ဖြစ်သည်။ တနည်းဆိုရသော် ကျွန်တော်နှင့် ပါလီမန်မှ လွှတ်တော်အမတ်ရို့ သည် တတန်းစားတည်းရာ ဖြစ်သည်။ သူရို့ လည်းနိုင်ငံရီးသမား ကျွန်တော်လည်း နိုင်ငံရီးသမား။ ယေကေ သူရို့ ထိုင်သောထိုင်ခုံတိ ၊ စားပွဲခုံတိကို ငေးငေးမောမော ကြည့်ရှူရန်မလိုအပ်ဟု ထင်သည်။
အိမ်ရှင်မကို ဤသို့ပြောဖြစ်ပါသီးသည်။
" တနိမှာ ကနေဒါဆီးနိတ်လွှတ်တော်အမတ်တိရေ ဒေနီရာမှာ ကိုယ်ရို့ ကို ဧည့်ခံကျွေးမွေးလာရမေ ။ ယင်းပိုင် တနိမှာ ကိုယ်ရို့ တိ ပြောဆိုဆွေးနွေးစွာ ဟူသမျှကို yes လို့ ပြောကတ်ရလိမ့်မေ ။ ပဇေါင်ဖြစ်လို့ လဲဆိုကေ သူရို့ က ကိုယ်ရို့ ကို အသီအချာ ထောက်ခံနီလို့ ဖြစ်တေ ။ သူရို့  ပါးစပ်က yes ဆိုရေ စကားတလုံးကိုရဖို့ ကိုယ်ရို့  ကြိုးစားမူတိရေ ကောင်းကောင်းကို နီးစပ်နီဗျယ် ဖြစ်တေ ။ ။ အခုဆိုကေ ကိုယ်ရို့ တိ ကနေဒါနိုင်ငံ၏ ပါလီမန်အဆောက်အဦနားကို ရောက်လာခဗျယ် ဖြစ်တေ ။ မကြာဗျန် ဖြစ်တေ အချိန်မှာ ဖိတ်ကြားခြင်းခံရရေ ဧည့်သည်တော်အဖြစ် ပြန်လာဖို့  နိုင်ငံရေးသမားတယောက်ဖြစ်တယ်။ ဒေချင့်က ကိုယ့်အိပ်မက်ဖြစ်တေ ။ ယင်းအချိန်မှာ ကိုယ်ရို့  ပြောဖို့  စကားတိကို သူရို့ တိုင်သားတိက လက်ခုပ်လက်ဝါးတီးပနာ အားပီးကတ်ဖို့  စွာကို မြင်ယောင်မိသီးရေ ။ ကနေဒါမှာ ၀ီဒနာကို ကြီညာခရေ ဆိုကေလေး ဒေချင့်က အမှန်တရားဖြစ်တေ "
ကျွန်တော်ယင်းပိုင် ပြောဆိုခသည်မှာ အကြောင်းရှိပါသည်။ တိုရန်တိုမြို့ မှ မိတ်ဆွေနိုင်ငံရေးသမားများကို မပြောခရ၍ ယင်းပိုင်လည်း နာနာကျည်းကျည်း ပြောဆိုရင်ဖွင့်ခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ စင်စစ် ကျွန်တော်သည် ဤကိစ္စကို အသေးအမွှားအဖြစ် မသတ်မှတ်။ သေသေချာချာ တွက်ချက်ထားပြီးမှ မိမိကိုယ်ကို ယုံကြည်ချက်အပြည့်နှင့် နားလည်နီခြင်းဖြစ်ပါသည်။ ကမ္ဘာလှည့်ခရီးသည်အဖြစ် လားစွာမှာလည်း ဒေအချက်က အဓိက ဖြစ်နီသည ။် အက်တ၀ါမြို့ မှ မွန်ထရီယယ် မြို့ သို့ ထွက်လာကတ်သောအခါ ကမ္ဘာ့အိုလံပစ် အဆောက်အဦကို လိလာကတ်ရသည်။ ကောင်းကင်ထက်သို့ တက်လားသော လျှပ်စစ်ကားနှင့် တက်ကတ်ရာတွင် မွန်ထရီယယ်မြို့ ကို မြင်ရစွာမှာ အသဲယားစရာဖြစ်သည်။ တာဝါ၏ အမြင့်ဆုံးပိုင်းတွင် မွန်ထရီယယ်မြို့ ကို မြင်ရသော ရှုခင်းများ တွိရပါသည်။ ယင်းနီရာမှာပင် မှန်ချပ်တိအောက်မှ မြီကြီးထိမြင်ရအောင် ပြုလုပ်ထားသော မှန်တိကိုခင်းထားပါသည်။ သတ္တိကောင်းသော အချေတိမှာ ယင်းမှန်ချပ်ထက်မှကြည့်ပနာ ပျော်တောင် ပျော်နီကတ်ပါသီးသည်
ကံကောင်းသည်ဟု ဆိုရလီရဖို့ လားမသိ ။ ကျွန်တော်ရို့  ရောက်ရှိနီစိုင် ရီကူးပြိုင်ပွဲတခုကို ကျင်းပနီပါသည်။ ရီကူးပြိုင်ပွဲကို ကြည့်ကတ်ရဗြီး အပြန်တွင် မွန်ထရီယယ်မြို့ ရှိ တရုပ်စားသောက်ဆိုင်မှာ ညနီစာကို ၀င်စားဖြစ်ကတ်ပါသည်။ လူတယောက်လျှင် ( ၁၈ ) ဒေါ်လာပီးရသော ယင်းဆိုင်မှာ မိမိကြိုက်သော အစားအသောက်မျိုးစုံကို မိမိဘာသာ ပုဂံတွင် ထည့်ယူရပါသည်။ စားကောင်းသော်လည်း ဈေးကြီးသောကြောင့် တချို့  ခရီးသည်တိမှာ ၀ယ်မစား ကတ် ။ ဈီးကြီး၍ မလွယ်လှပါ။
မွန်ထရီယယ်မြို့ မှ မိုးထက် - ၅-ချက်တီး ၃၀ မိနစ် တွင် ကားဖြင့် ထွက်ခွါလာခကတ်ပါသည်။ အပြန်လမ်းသည် လာခသောလမ်းမဟုတ်။ မွန်ထရီယယ်မှ နယူးယောက်မြို့သို့ တရက်တည်းနှင့် အရောက်လာသော ခရီးဖြစ်သည်။ ညဇါဖက် -ရ - နာရီတွင် နယူးယောက်မြို့ သို့ ရောက်သည်။ မမှောင်သိမ့် ။ အိမ်ကိုရောက်တေအခါ - ၉ -ချက်တီးနီပါဗျယ် ။ ကျွန်တော်၏စိတ်မှာ ကမ္ဘာလှည့်ခရီးစဉ်တလျှောက် တွိကြုံရသော အကြောင်းအရာများကို သီသီချာချာ ရီးပြရဖို့ ဟု ထင်ခသည်။ ယေကေလည်း စိတ်ကူးနင့် လက်တွိမှာ တလွှဲစီဖြစ်နီသည်။
ရာသီက အရမ်းပူပြင်းနီသည်။ စာရီးချင်စိတ်မရှိ။
ဇါပင်ဖြစ်ဖြစ် ဆောင်းပါးတပုဒ်ကို ရီးပနာ မိတ်ဆွေအပေါင်းအသင်းများထံသို့ ပို့လိုက်သည်။ ယင်းဆောင်းပါးမှာ ဘလော့တိ ၊ ၀ပ်ဆိုက်တိမှာမတင် ၊လူသိအောင် ရီးလိုက်ခြင်းဖြစ်သည်။ မတင်ခစွာကလည်း အကြောင်းက ဟိနီခစွာပါကိုး ။ အကြောင်းမှာ ကနေဒါမှာ ၀ီဒနာကို ကြီညာခရလီရေ ပိုင် ဖြစ်ခလီစွာပါလားဆိုရေ မီးခွန်းက ဟိနီခလို့ ပါရာ ။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )