Monday, August 8, 2011

နှစ်သီးစားလယ်သမားတိ စီးပွားရေးထိခိုက်လာနိုင်ဖွယ်ရှိ

မင်းပြား။ရခိုင်ရိုးမ။၉။၈။၂၀၁၁


ဒေနှစ်လယ်စိုက်ခင်းတိရေ ရီကြီးခရေအတွက် ပျိုးခင်းတိပျက်စီးခရာ နှစ်သီးစားစိုက်ပျိုးရေ လယ်သမားတိ အတွက် စီးပွားရေးထိခိုက်လာနိုင်ကြောင်းလယ်သမားများက ဆိုသည်။


ဇူလိုင်လ အတွင်း ရခိုင်ပြည်နယ် အတွင်းစံချိန်တင်မိုးကြောင်း လယ်ကွင်းတိ တောင်ကျရီနန့် သဲမြီတိ ဖုံးလားရေ အတွက် ပြန်လည်စိုက်ပျိုးရာမှာ အခက်အခက်ရှိနိန်ကြောင်း မင်းပြားမြို့နယ် ပန်းမြောင်းက လယ်သမားတဦးက ပြောသည်။

“တောင်ကကျလာရေ ရီတိမှာ သဲတိပါလာရေ၊ ယင်းသဲတိစွာ လယ်ကွင်းတိကို အားလုံးဖုံးလားရေဆိုခါ ရှိရေစပါးပင်တိလဲ ပျက်စီးလားရေ ယင်းကြားထဲ နိန်တရက်နှစ်ရက်သာရေခါ သဲတိကမာလားရေ ၊စပါးပင်တိလဲ မရှင်ဗျာယ်လေ၊ ထပ်စိုက်ဖို့ အတွက် ပျိုးကြဲတုန်းသိမ့်။ယေလဲပျိုးပင်က ရက်ပေါင်းနှစ်ဆယ်ဆိုခါ။ နှစ်သီးစားစိုက်တေ လူတိ အတွက် လုံးဝကို အဆင်မပြေ ဗျာယ်”လို့ ဆိုသည်။

မင်းပြားမြို့နယ် အထက်ပိုင်း ပန်းမြောင်းကြီးချောင်းဒေသ တ၀ိုက် မှာ ရီကြီးမှုကြောင့် လယ်ကွင်းတိ ပျက်စီးလားရာယင်း အနက် နှစ်သီးစား စိုက်ပျိုးရေ ဒေသခံတိ အတွက် မူစပါးစိုက်ရရေ ရာသီ နောက်ကျလားရေ အတွက် ဒုတိယ သီးထပ်ဖြိုက်တေ ၊ပဲ ၊ငရုပ် စရေ ကောက်ပဲသီးနှံတိ စိုက်ပျိုးရန် အခွင့် အလမ်းနည်းပါးလားခြင်းဖြိုက်သည်။

“ဒေမှာ စပါးပွဲကေ ဟင်းခြင်း တိစိုက်ကတ်တေ၊ ဆိုခါ အဂု စပါးကို ၀ါခေါင်လမှာထပ်စိုက်ရရေ ဆိုခါ အချိန် မမီဗျာယ်လေ၊ ဒေနှစ်က စီးပွားရေးလဲ ကျပ်လားနိုင်ရေ အရင် ခါ နှစ်သီးစားစိုက်စွာ အခုတသီးစားတောင် အနိုင်နိုင်ဆိုကေ”လို့သူက ဆက်ပြောသည်။

လက်ရှိ အနိန်အထားအရ ရီကြီးခရေ ဒေသတိရှိ လယ်သမားတိရေ စိုက်ပျိုးရေးပိုင်းမာ အချိန်နောက်ကျနိန်ရေ စီးပွားရေးအရ ထိခိုက်လာနိုင်ကြောင်းလဲလယ်သမားတိက ဆိုသည်။

ထို့ အပြင် ဒေလ ၆ ရက်နိကလဲ လေးမြို့ချောင်းဖျား အတွင်းအညာရီပေါက်ခရေ အတွက် လယ်ကွင်းတိ ဒုတိယ အကြိမ် ရီးကြီးမှုဖြိုက်ပေါ်ခကြောင်း သိရသည်။

ပြည်သူများ အဆိုအရ ရီကြီးခမှုကြောင်းစပါး အထွက်နှုန်းကျဆင်းလာနိုင်ဖွယ်ရှိကြောင်း ကောက်ပဲသီးနှံတိလဲ အထွက်နှုန်းထိုးကျနိုင်ကြောင်းသိရသည်။

ရီကြီးခရေ ဒေသရှိ လယ်သမားတိ အတွက် အစိုးရက စိုက်ပျိုးရေး မျိုးစပါး ကို ထုတ်ရောင်းချကေလဲ အရွည်အသွေးမကောင်းရေ အတွက် ဒေသခံတိ လက်မခံကြကြောင်း သိရသည်။