Sunday, August 7, 2011

သြဂုတ်လ(၁၃) ဆန်ပြသနာနိ အရီးအခင်းဖြစ်ရပ်မှန်သမိုင်း ( ပထမပိုင်း )

အမှန်ဆိုကေ ကံကောင်းသည်ဟု ဆိုရေစကားသည် တခြားလူတိနင့်ရာ သက်ဆိုင်ရေဟု ထင်သည်။ ၀န်ခံရဖို့  ဆိုပါကေ မပြည့်စုံသိလို့  တွီးမိသည်။ ဖီးအန္တရယ်မကျရောက်ခြင်းကို ကံကောင်းရေဟု ပြောဆိုတတ်ကတ်ပါသည်။ လူတိုင်းလို လိုလေး ယင်းပိုင်စွာကို လက်ခံကတ်စွာလေးဖြစ်သည်။ ယေကေလေး ဤစကားရပ်ကို ကျွန်တော်လက်မခံ
နိုင်။ ဤအသုံအနှုံးကို ဘ၀င်မကျ။ မလုံလောက်တေစကားဟုထင်မှတ်သည်။ နောက်အရာရာတိုင်းကို မကြီမနပ်ချင် ဖြစ်နီမိသည်။ စင်စစ်အားဖြင့် လူ့ဘ၀တသက်တာ တလျှောက်၌ ရင်ဆိုင်တွိ့ကြုံခရသော ဤအကြောင်းအရာတိကို မှတ်တမ်းတင်ပြောကတ်နိုင်အောင် ဘေးမသီရန်မခ ရပ်တည်ရသည့် ဤအခြေအနေကိုပင် ယေဘူယျသာ လက်ခံနှစ်သက်မိသည်။ အခြားပဇေါင် အကြောင်းအရာများတိနင့်မှ သဘောမကျ။ လက်မခံ။ ကိုယ့်ကိုပင် ခွင့်မလွှတ်နိုင်သော အဖြစ်မျိုးဟု တခါတလီ ထင်မိသည်။

ဤသည်မှာ ကျွန်တော့်အပြစ်ကြောင့်လားဟုလည်း စိတ်ထဲမှာ တွီးမိသည်။ ဤသည်မှာ မိမိ၏အမှန်တရားတိလားဟုလည်း တွီးမိသည်။ သမိုင်းကအဖြီပီးလာဖို့ ထင်သည်။ အဖြီပီး၍လည်း အခုအချိန်မှာ ရဖို့ မဟုတ်။ တခုရာ ရှိသည်။ ယင်းချင့်ကား လွန်ခရေ ( ၄၄ ) နှစ်တာကာလက မဆလအစိုးရသည် ငြိမ်ချမ်းစွာ ဆန္ဒပြခကတ်သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ မှ မြို့ သူမြို့ သူများအား ရက်ရက်စက်စက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခသည် ။ ဆန္ဒပြသူပေါင်း ၂၀၀ ကျော်သီဆုံးခသည်။ မသီကေလေး ပျောက်ဆုံးသူတိလေး ရှိသည်။ ဒဏ်ရာရသူတိလေး ( ၁၀၀ ) ကျော်သည်။

ယင်းပိုင် ရက်ရက်စက်စက်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံရရေနိသည် -၁၉၆ရ ခုနှစ် - သြဂုတ်လ ၁၃ ရက် နိ ဖြစ် သည်။ အခုဆိုကေ ( ၄၃ ) နှစ်ပြည့်မြောက်ခဗျယ် ။ ထိုနိထိုရက်မှ အခုအချိန်ထိ ဤအကြောင်း အရာတိ ကို ပြည် တွင်း မှာ စာတလုံးပီတလုံး မှတ်တမ်းမရီးသားရဘေး ထားရခြင်းသည် လွပ်လွပ်စွာရီးသား ခွင့်မရှိ၍ဖြစ် သည်။ မြန်မာ နိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမရှိ ။ ယင်းအတွက်ကြောင့် ဤအရေးအခင်းနှင့် ပါတ်သက်၍ ယင်းအချိန်က နိစိုင် ထုတ်သတင်းစာများတွင် ရီးသားဖေါ်ပြခရေ အကြောင်းအရာတိသည် အမှန်တရားကို ထုတ်ဖေါ်ရီးသားခြင်း မဟုတ်။ ၁၃ သြဂုတ် ဆန်ပြသနာနင့် ပါတ်သက်၍ ရီးသားရာတွင် အမှန်ဆုံးအကြောင်းအရာကို ထုတ်ဖေါ်ရီးသားပြောဆို နိုင်သည့်သူမှာ တဦးတည်းရာရှိသည်။ ယင်းတဦးတည်းသောသူမှာ အစုလိုက်အပြုံလိုက် အသတ်ခံရာတွင် အသက်မသီဘဲ ကျန်ရစ်ခ သူဖြစ်သည်။ ယင်းသူကား ကျွန်တော်ပင်ဖြစ်သည်။ ရှင်းရှင်းပြောရကေ ဆန္ဒပြလူအုပ် ရှိ့ဆုံးမှ လူများ ၏ နောက် တန်းမှ လူများသည် သေနတ်ဖြင့်ပစ်သတ်ခြင်း ခံရသည်။ ယင်းရှေ့ လူအုပ်ထဲတွင် အသက်မသီဘေး လွပ်မြောက်ခသူဖြစ်သည်။

လူအုပ်နင့်ရော၍ မသီဆုံးဘေး လွပ်မြောက်ရခြင်းကို ကံကောင်းသည်ဟုလည်း လက်မခံသူဖြစ်သည်။ ယင်းချင့်မှာ ကျွန်တော့်ခံယူချက်ဖြစ်သည်။ ဇါဖြစ်တေအတွက်ဆိုကေ ဤအကြောင်းအရာများကို ဖတ်ရှုသိရှိလာပြီးရေနောက် ရှင်းလင်းစွာ သိရှိကတ်ပါလိမ့်မေ။ ။ နာမည်ကြီးလို၍ မုသားစကားများဖြင့် လိမ်ညာသောအဖြစ်အပျက်တိကို တန်ဆာဆင်ပြီးပနာ ပြောဆိုခြင်းမဟုတ်။ ( ၄၄ ) နှစ်တိုင်တိုင် ရီငုံနုတ်ပိတ်ပြီးနီခသော အကြောင်းအရာတိကို ဖွင့်အံပြောပြရာ၌ အမှန်တရားကိုရာ ပြောပြဖို့ ဖြစ်သည်။ သမိုင်းဆိုစွာမှာ လိမ်၍မရ။ ပြည်တွင်းမှာမူ ဤအကြောင်းအရာကို ပြောလျင် အန္တရယ်ရှိပါသည်။ ယေဇူးနင့် ဇါပိုင်သို့မှ မပြောပြခကတ် ။ မိမိ၏အပေါင်းအသင်းအချို့ နိုင်ငံရေးအ၀ိုင်းအ၀န်းများမှလွဲ၍ ဇါပိုင် ဇါသို့  လှုပ်ရှားဆောင်ရွက်ခသည်ကို သိရှိသူနည်းပါးပါသည်။ အခုပြည်ပတွင် ရောက်ရှိနီပါဗျယ် ။ ဇါကိုမျှ စိုင်းစားရန်မလိုဗျယ် ။ အကယ်၍မပြောမဆိုဘဲ နီခလျှင် သမိုင်းအမှန်ကို နောင်လာနောက်သားရို့  သိရှိကတ်ဖို့ မဟုတ်။ ဆယ်စုနှစ် သုံးနှစ်ကြာမြင့်သည့်တိုင် မပြောပြနိုင်ခ ။ နှစ်ပေါင်းများစွာ ချုပ်တည်းဗြီးနီခြင်းမှာ စောစောကတင်ပြခရေပိုင် လွပ်လွပ်စွာထုတ်ဖေါ် ရီးသားခွင့်မရ၍ဖြစ်သည်။ ထုတ်ဖေါ်ပြောဆိုမေ ရေးသားမေဆိုပါက မဆလအစိုးရသည် အကျဉ်းထောင်ထဲတွင် တသက်တကျွန်းပို့ထားဖို့ ရာဖြစ်သည်။ ယင်းချင့်ကြောင့် မဆလအစိုးရကို ကြောက်ရွံ့၍ မပြောမဆိုခ ။ န၀တအစိုးရလက်ထက်တွင်လည်း မပြောမဆိုမရေးသားဝံ့ခ ။ ယေကေလေး အာအက်ဖေ ရေဒီယိုအသံလွှင့်ဌါနက ၁၉၉ရ- ခုနှစ်တွင် အသံလွှင့်လာသည်။ ယင်းကြောင့် ကျွန်တော့်မှာ မနီနိုင်ဗျယ် ။ ၁၃ သြဂုတ်ဆန်ပြသနာအရီးအခင်းကို ( RFA ) အာအက်ဖေ ရေဒီယိုမှ ဆောင်းပါးလွှင့်ထုတ်ရန် ပီးပို့လိုက်သည်။ အာအတ်ဖေမှလေး လွှင့်ထုတ်ခပါသည် ။ အခုဆိုကေ ပြည်ပမှာရောက်နီဗျယ် ။ ယေကေ ဒေချင့်က သမိုင်းပီးတာဝန်ဖြစ်လာသည် ။ ခေတ်အဆက်ဆက် မြန်မာနိုင်ငံစစ်အစိုးရတိ၏ လူ့အခွင့်အရေးချိုးဖေါက်ခံရမှူများကို စာအုပ်စာတမ်းများ စာစောင်များ ရေဒီယိုအသံလွှင့်ဌါနများမှ ရီးသားထုတ်လွှင့်နီကတ်သည် ။ မြန်မာနိုင်ငံတ၀ှမ်းနင့်
ကမ္ဘာတ၀ှမ်းမှ သိရှိရအောင် ရီးသားရဗျယ် ။ ထိုင်းနိုင်ငံထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဆန်ပြသနာ ၁၃ သြဂုတ်အရီးအခင်းကို ဆောင်းပါးရီးပနား သမိုင်းဖြစ်ရပ်မှန်အား တင်ပြခသည်။

ကျွန်တော်အားမရနိုင်သိပါ။ လူတကာသိအောင်ပို၍ ရီးချင်သိသည်။ ယင်းပိုင်ဆိုကေ စာအုပ်တအုပ်အဖြစ် ထုတ်ဝီသည့်အခါ ဤအကြောင်းကို ရီးသားတင်ပြချင်သည်။ ၁၉၉၉ ခုနှစ်တွင် ရခိုင်ပြည်မှ လူ့အခွင့်အရေးချိုးဖေါက်ခံရမှူများစာအုပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှနီဗြီး ရီသားထုတ်ဝေခသည်။ အခြားသောဘလော့တိ ၊ ၀ပ်ဆိုက်တိတွင်လည်း တင်ဖြစ်သည်။ ၁၃-သြဂုတ်-နှစ်ပါတ်လည်ရောက်တိုင်း အခန်းအနားလုပ်ဗျန် ဟောပြောခသည် ။ အခုဤဆောင်းပါးသည် ရခိုင်ပြည်မှလူ့အခွင့်အရီးချိုးဖေါက်ခံမှူအဖြစ်အပျက်များစာအုပ်မှ ရီးသားချက်ကို ဖြည့်စွက်ပနာ ဖေါ်ထုတ်ရီးသား တင်ပြပီးလိုက်ခြင်းဖြစ်သည်။ ဇါဖြစ်လို့ ဆိုကေ သမိုင်းအမှန်ကို နောင်လာနောက်သားရို့ က အမှန်ကို သိစေချင်သည်။ ရခိုင်လူမျိုးရို့ အတွက် ကမ္ဘာလောက် အရီးကြီးသော ဤသမိုင်းအရီးအခင်းသည် အလွန်အရေးကြီးပါသည် ။ သမိုင်းအမှန်ကို လူငယ်တိ ၊မျိုးဆက်သစ်တိ မှားယွင်းစွာ မှတ်တမ်းတင်နီကတ်ဗျယ်ဆိုလျှင် ပြသနာဖြစ်ဗျယ် ။ ယေဇူးကြောင့် ဤအဖြစ်မျိုးကို ကျွန်တော်မလိုလား။ ရခိုင်ပြည်မှ ယင်းကဲ့သို့ သြဂုတ် - ၁၃ - နိတွင် ဆန္ဒပြပွဲကို လိုက်ပါခသူတိမှာ ပြည်တွင်း၌ လွန်စွာဟိနီသည် ။ တချို့ မှာ သမိုင်းအချက်အလက်များဖြင့် ရီးမှတ်ထားကတ် မှတ်တမ်းတင်ထားကတ်သည်။ တရားသီစု -ဗုဒ္ဒပြတိုက်ရှေ့ အိမ်မှ ကျောင်းဆရာဦးမြသိန်းဆိုလျှင် ၁၉၆ရ- ခုနှစ် သြဂုတ်လ ၁၃ ရက်နိနင့် အခြားနိစိုင်ထုတ် သတင်းစာတိကို တရိုတသီ စုဆောင်းထားသည်။ သမိုင်းအချက်အလက်တိကို ပြောချင်တိုင်း ပြောလို့မရ။ စစ်တွေမြို့ တွင် လူပေါင်းများစွာ အတုလမာရဇိန်ဘုရားကြီးမှ စတင်ဆန္ဒပြရန်ထွက်ခွါခကတ်သည်ကို လူတိုင်းသိသည်။ ယေဗြီးကေ ကျွန်တော်က ရှိနေသည်။ ကျွန်တော်မသီသိ ပါ။ ကျွန်တော်သည် ၁၃- သြဂုတ်အကြောင်းကို တိကျခိုင်မာစွာ ပြောနိုင် သူတယောက်ဖြစ်သည်။ ဇါဖြစ်လို့ ဆိုကေ ( ၁၃ ) သြဂုတ် ဆန်ပြသနာနိ ဦးဆောင်လှုပ်ရှားသူမှာ ကျွန်တော်ဖြစ်သည်။ တိကျစွာပြောရဖို့ ဆိုပါကေ ဆန်ပြသနာဖြီရှင်းပါ - ရခိုင့်အရီးတော်ပုံအောင်ရမည် ဆိုသော တခုတည်းသော ဆိုင်းဘုတ်မှာ ကျွန်တော်ရီးဆွဲယူလာသော ပိုစတာဖြစ်သည်။ ယင်းပိုစတာမှာ တခုတည်းသောပို စတာဖြစ် သည်။ ယင်းပိုစတာဆိုင်းဘုတ်နင့် ကျွန်တော်သည် ဘုရားကြီးမှ စပနာ ဆန်ပြသနာအရီးအခင်း ကို ဖြစ်ပေါ်ရန်အတွက် ဆန္ဒပြခစွာ ဖြစ်သည်။ ဆန္ဒပြပွဲတွင် အခြားမြို့သူမြိုသူများ တိပိုင် နောက်ကလိုက်ပါခသူမဟုတ်။ နောက်မှလိုက်ပြီးအော်ခသူမဟုတ်။ ဆန္ဒပြပွဲကို ဦးစီးဆောင်ရွက် ခသော ပုဂ္ဂိုလ်ဖြစ်သည်။ နောက်နိုင်ငံရီးအဖွဲ့ တိနင့်လည်း ဆက်စပ်စွာလေး မဟိ ။ တောတွင်းလက်နက်ကိုင် အဖွဲ့ တိနင့်လေး တခုချေလေး ဆက်စပ်မူ မဟိ ။ ယုတ်စွအဆုံး ဆန္ဒပြပွဲကို ကျွှန်တော်ကိုယ်တိုင်တောင် ပိုစတာဆိုင်းဘုတ် နင့် လားဗြီးခါမှ လုပ်ဖြစ်စွာရာ ဖြစ်သည်။ ဒေချင့်မှာကြွားဝါခြင်းလုံးဝမဟုတ်။အဖြစ်မှန်ကိုသိစီလို၍ဖြစ်သည်။ ယေကေကျွန်တော် ပြော သောသွီးစွန်းသောသြဂုတ် - ၁၃ -နိသည် လုံးဝသမိုင်းအမှန်ဖြစ်ကြောင်း မျိုးဆက်သစ်လူငယ်များ။ သမိုင်းသုတေ သီများနှင့် နိုင်ငံရေးသမားတိရို့ က ခန့်မှန်းနိုင်ကတ်ပါလိမ့်မေ ။

************

ကံကောင်းသည်ဟု ပြောရေစကားကို မိမိလက်မခံခြင်းမှာ အကြောင်းတရားဟိသည်။ ယင်းစကားရေ ကျွန်တော်နင့်မပါတ်သက်။ မသက်ဆိုင်။ ကျွန်တော့်မှာ ပြောဆိုပိုင်ခွင့်လည်းမဟိ ။ ပြောကေလေး တရားနည်းလမ်း ကျဖို့ မဟုတ်။ တခြားသူများရာ ပြော၍ဆို၍ရဖို့  ဖြစ်သည်။ ဒေအတွက်ကြောင့် ကျွန်တော့်မှာ ယေဘူယျရာ လက်ခံခြင်းဖြစ် သည်။ စင်စစ်ကျွန်တော်သည်ဤသြဂုတ်လ ၁၃ ရက်နိတွင် သာမန်ပြည်သူတိပိုင် ဆန်ပြသနာဆန္ဒပြပွဲ၌ ပါဝင်လှုပ်ရှားခရ သူမဟုတ်ချေ။ ပကတိလိုအပ်နီရေ ကာလတခုတွင် ကျောင်းသား ၁၃ ဦးနှင့် တာဝန်ယူ စတင်ဆန္ဒပြခခြင်းဖြစ်သည်။ ဆန္ဒပြပွဲ ကို ကျွန်တော်ခေါင်းဆောင်၍ လှုပ်ရှားဆန္ဒပြခရာ ယင်းနေ့၌ဖြစ်ပွါးခရေ အကြောင်းတိ၌ တာဝန်အရှိဆုံးမှာ ကျွန်တော်သာ လျှင် ဖြစ်သည် ။ ယင်းပိုင်လေး မိမိကိုယ်ကို ခံယူထားသည်။ ရခိုင်ပြည်သည် ဆန်စပါး၊ကျွန်းသစ်၊သားငါး ပုဇွန်၊ ပေါများ ကြွယ်ဝရေ ပြည်ဖြစ်သည်။ တနှစ်ဆိုကေ မိုးရီချိန်လက္မ ( ၂၀၀ ) ကျော် ရွာသွန်းရေအတွက်ကြောင့် စိုက်ပျိုးသီးနှံ ဖြစ်ထွန်းသည်။ မြီသြဇါကောင်းသည်။ နိုင်ငံတော်အစိုးရအတွက် လယ်ယာတောင်သူများသည် ပိုလျှံစပါးကို ပင် ရောင်း ချနိုင်ခကတ်သည်။ ရခိုင်ပြည်တွင်းတွင် ထွက်ရှိသောစပါးတိကို ပြည်မသို့သဘောင်္ာကြီး များဖြင့် နှစ်စဉ်ပင်သယ်ယူကတ် ရသည်။ ရှေးအယင်ကပင် ရခိုင်ပြည်သည် ရခိုင်လူမျိုးတို့၏ ဓည၀တီနိုင်ငံဖြစ်ခသည်။ ဓည၀တီဆိုသည်မှာ ဆန်ရီစပါး ပေါ ကြွယ် ၀ သည်ဆိုသည့် ပါဌိအားဖြင့် အဓိပ္ပါယ်ရသည်။ ဓည၀တီရခိုင်ပြည်သည် ဇါသည့်အချိန်တွင်မျှ ဆန်ရီစပါးရှားပါးမှူ မဖြစ်နိုင်။ မဆလလက်ထက်တွင်မူ လက်တွေ့ခံစားလာကတ် ရရေအခါ ရွှီကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်လာရသည်။ ဆန်ရှားပါးမှူဖြစ်လာသောကြောင့် ဆန်ဈီးများကြီးမြင့်လာသည်။ ဆန်ဈီးကြီးမြင့်လာသလို သားငါးဈီးကလည်း လိုက်၍ကြီး မြင့်လာ သည်။ ဆန်တပြည်ကို ၁၅ ကျပ်အထိ ဈီးတက်လာသည်။ ယင်းကြောင့် ပြည်သူရို့ သည် ဆန်ဈီးကြီးမြင့်ဒဏ်ကို ရင်ဆိုင်လာရသည်။ ဤပြသနာကို မဆလ၏လယ်သမားအစည်းအရုံးမှ ပါတီကေဒါတိသည် ဇါ့တခုကိုမျှ ရှင်းလင်းနိုင်ခြင်းမရှိ။

ကျောင်းသားရို့ သည် မ၀ရီစာ စားသောက်၍ ကျောင်းတက်လာရသည်။ မိမိရို့ စားသောက်၍ ကျောင်းတက်လာရကေလေး အိမ်မှာကျန်ရစ်ခသော မိသားစုရို့ မှာ စားသောက်ချင်မှစားသောက်ရလီ့်ဖို့  ။ တရက်တွင်နှစ်နပ်စားသောက်ရေ& ဘ၀မှ တနပ်စာသာ စားသောက်လာရသည်ကို ကျောင်းစာသင်ခန်းအတွင်းတွင် ပြောဖြစ်လာကတ်ရသည်။ ကျွန်တော်ရို့  အထက်တန်းကျောင်းသား ဘ၀အတွင်းသို့ ရောက်လာကြသည့် သတင်းအတိုင်းအတာအရ နိုင်ငံရီးကို ခန့်မှန်းတွက် ဆလာကတ်သည်။မြို့ထဲတွင်သတင်းများ သဲ့သဲ့ကြားလာရသည်။ ဆန်ပြုတ်သောက်နေ ကတ်ရသည့်သတင်းတိ၊ ဆန်မ၀ယ်နိုင်၍ လုယက်သောသတင်းတိကို ကြားရသည်။ အဆိပ်သောက်ပနာ အသက်ကိုအဆုံး သီကြောင်းကြံသည့်သတင်းတိကြား ရသည်။ လုယက်မှူတိ ၊ ဓါးပြမှူတိသည် စစ်တွေမြို့နှင့် အနီးတ၀ိုက်ကျေးရွာရို့ တွင်ဖြစ်ပွါးလာသည်။ စစ်တွေမြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည်။ နိုင်ငံခြားမှ သဘောင်္ာကြီးများ ၀င်ထွက်လားလာသောမြို့တော်ဖြစ်သည်။ ကုလားတန်မြစ် လယ်မှာ ကျောက်ချရပ်နားနေသည့် ဆန်တိကိုသယ်ယူရန် မီးတထိန်ထိန်ဖြင့်မြင်ရသော နိုင်ငံခြားသဘောင်္ကြီးတိကို အချေခါက ကြည့်၍ပျော်မြူးခရသည်။ မြစ်လယ်တွင် မီးရောင်စုံဖြင့် သဘောင်္ာကြီးများသည် အလွန်ပဏာတင့်စွာ လှပလွန်းနီသည်။ အခုဆိုကေ ဤသဘောင်္ာကြီးတိကို ရင်နင့်စွာစိုက်ကြည့်လာဖြစ်သည် ။ ဤသဘောင်္ာကြီးရို့ သည် ကျွန်တော်ရို့ ၏ ပြည်နယ်မှ ဆန်တိကို သယ်ယူရေအတွက် ဆန်စပါးရှားပါးရခြင်းဖြစ်သည်ဆိုသော အသိတရားသည် ကျွန်တော့်နှလုံးသားတွင် ဆူးစူးရေပိုင် ခံစားလာခသည်။ ဤအကြောင်းအရာတိကိုပင် သူငယ်ချင်းတိနှင့် တွိ့ဆုံပြီးစကားပြောဖြစ်ကတ်သည်။ မြစ်လယ်တွင်မီးတထိန်ထိန်ဖြင့် မြင်ရသော ပင်လယ်ကူးနိုင်ငံခြားသဘောင်္ကြီးတိ ၊ထမင်းငတ်၍ အသက်ကိုအဆုံးစီရင်လားသူတိ ၊ ။ဓါးပြတိုက်ပြီး ဆန်လုယက်သူများတိ ၊ မဆလပါတီစကားတိ ပြောပနာ လီလုံးကြွားဝါနေကြသူတိ ၊ ထမင်းကျန်ပီးပါဆိုရေ တောင်းရမ်းနေကတ်တေအသံတိ ၊ ဤအနိဌါရုံအသံရို့ သည် ကျွန်တော်နိစိုင် တွိ့မြင်နီရသည် ။ ဒေပိုင် မြင်တွိ့ရလီလီ ရင်ခုန်မူသည်မြန်လီလီ ဖြစ်နီသည်။ ရင်ထဲမှာ နာကြင်နီသည်။
============= ========== ============== ===============
၁၉၆၇ ခုနှစ် သြဂုတ်လ ( ၁၁ ) ရက်နိ

ဤနိသည်ဆန်ပြသနာကို ဖြီရှင်းရန်အတွက် တာစူသောနိဖြစ်သည်။ နိတဓူဝ ဖြစ်ပျက်နီသော အခြီအနီ ဆိုး ၏ နောက်ဆုံးရက်တိ၌ စစ်တွေမြို့ ၏ ဆန်ပြသနာသည် အရှိန်အဟုန်မြှင့်တက်လာသည်။ ယင်းနိသည် မိုးဖွဲဖွဲရွာနီသော နိဖြစ်ကြောင်း ကောင်းကောင်းကြီး အမှတ်ရနီမိသည်။ အမှန်ကိုဆိုရကေ မဆလတိုင်းခွဲ (၁၃ ) ရုံးရှိရာကို ရာ လားရောက် ကြရမည်ဖြစ်သည်။ တိုင်းခွဲ(၁၃ )သည် ဈီးကြီးထောင့်အနားက ဘဏ်ရုံးအဆောက်အဦ၏အပေါ်ထပ်မှာ ဟိသည်။ ယင်းရုံးမှာ တိုင်းခွဲ (၁၃ ) ဥက္ကဌအဖြစ် ဗိုလ်ချုပ်သူရစောဖြူ(လေ ) မှာ ပြည်နယ်၏လူမှူရေး၊စီးပွါးရေး၊ နိုင်ငံရေးပြသနာအ၀၀ကို ကိုင်တွယ်ဖြီရှင်းရန် ဖွင့်ထားသောရုံးဖြစ်သည်။ ယေကေလေး လူတိက ယင်းရုံးကို ခြီဦးးမလှည့်ခဲ့ကြ။ ခလကရုံးသို့သာ စု ၀ီးရောက်ရှိခကတ်ခြင်းဖြစ်သည်။ အကြောင်းမှာ ခလကရုံးသည် ဆန်ပြသနာအတွက် တာဝန်ရှိသည်ဟု သူရို့ နားလည် သဘော ပေါက်ထားကတ်သည်။ ယင်းအချိန်က ခလက ဥက္ကဌမှာဗိုလ်မှူးတင့်လွင်ဖြစ်သည်။

ခလကရုံးရှေ့ရှိ လမ်းဘေးတဘက်တချက်မှာ မိုးရီတဖွဲဖွဲကြားထဲ၌ တယောက်တပေါက် ပြောဆိုနီခကတ်သည်။ ကျွန်တော်ရို့  ကျောင်းသားအနည်းငယ်များမှအပ တခြားသောသူရို့ မှာ လူကြီးသူမများဖြစ်သည်။ ဆင်းရဲနွမ်းပါးသော မိန်းမ ကြီးတိကို တွိမြင်ရသည်။ လူမမယ်အချေတိကို ချီပိုး၍နီသော သားသည်အမိများကိုလည်း တွိ့ရသည်။ ညဇါစောင်း သည်အထိ ကျွန်တော်ရို့ သည် ဆန်ကိစ္စကို ခလကရုံးမှ ဖြီရှင်းပီးဖို့ လားဆိုပနာ အနီအထား ကို စောင့် ဆိုင်းနီဲခကတ်သည်။ ညဇါ ( ၆ ) ချက်တီးမှာ ခလကရုံးမှ တာဝန်ရှိသူများဟု ထင်ရရေ လူတစ်ယောက်က လမ်းပေါ် သို့ထွက်လာပနာ အိမ်ပြန်ကတ်ဖို့  ရန်ပြောလာသည်။ ကျွန်တော်ရို့ လူစုအား အိမ်ပြန်ဖို့ ပြောက တ်ရေ အ ခါ အော်လို့ ရရောင်းသတ် ကတ်ပ နာ ဖြစ် ကတ် ပါသည်။ ယေကေလေး နောက်ပိုင်းတွင် ဇါသို့မျှအကြောင်းမထူးမှန်း သိလားခကတ်သည် ။ ကျွန်တော်ရို့ အနီနှင့် ဤကိစ္စကို ဇါပိုင် ဖြီရှင်းရဖို့ ကို ချက်ချင်းဆုံးဖြတ်ကတ်သည်။ ဆတ်ရိုးကျဆိပ်ကမ်းရှိ ဆန်ဂိုဒေါင်များမှဆန်တိကို ဖေါက်ဖျက်ယူ ကြရန် ဆိုသော ဆုံးဖြတ်ချက်ဖြစ်သည်။ ယင်းချင့်မှာ လက်ငင်းဓိဌ ဖြီရှင်းနိုင်သော ပြသနာဖြစ်သည်။

ဆန်ဂိုဒေါင်မှဆန်များကို နိုင်ငံခြားသို့တင်ပို့ရန် ယင်းဆန်တိကို ဂိုဒေါင်တိထဲတွင် သိုလှောင်ထားသည်။ နိုင်ငံခြားပင်လယ်ကူးသဘောင်္သုံးစင်းသည် ကုလားတန်မြစ်လယ်မှာ ကျောက်ချရပ်နားလျှက်ရှိသည်။ ကျွန်တော်ရို့ က ၀မ်းဟောင်းလောင်းဖြစ်နီရေအခါ နိုင်ငံခြားသို့တင်ပို့မည့် မဆလအစိုးရ၏ လုပ်ရပ်ကို လက်မခံနိုင်။ အခုမဆလအစိုးရသည် ရခိုင်ပြည်တွင် ထမင်းငတ်၍ သီကေလေးလည်း ဂရုမစိုက်။ နိုင်ငံခြားသို့ဆန်စပါးတိကို တင်ပို့ရောင်းချပနာ ပြည်သူတိကို သတ်ဖြတ်ဖို့  လူသတ်လက်နက်ဖြစ်တေ သေနတ်တိကိုဝယ်ဖို့  ။ ယေနောက် သူရို့ သက်ဆိုးရှည်အောင် လက်နက် ဖြင့်အုပ်ချုပ်ဖို့  ။ ယင်းချင့်မှာ ယင်းအချိန်က ကျွန်တော်ရို့ အမြင်ဖြစ်သည်။ ငတ်၍အသီခံဖို့  မခံဖို့ ဆိုသည်မှာ ကျွန်တော် ရို့ အလုပ်ဖြစ်သည်။ ယေကြောင့်ကျွန်တော်တို့သည် လုပ်နိုင်ရေ အလုပ်ကို လုပ်ကတ်ရန်တီးတိုးပြောကတ်ပြီး လူစုခွဲလာ ကတ်သည်။ လူစုမခွဲခကေ မဆလအစိုးရသည်စစ်တပ်ကာတိဖင့် ဂိုဒေါင်တိ တွင် စောင့်ဆိုင်းနိုင်သည် ။ ကျွန်တော်ရို့ သည် မင်းဘာကြီးလမ်းအတိုင်း ရှေ့နောက်လူခွဲ၍ လာခကတ်ရာ ဆင်ကူးလမ်း ၊ အုန်းတပင်ရပ်ကွက်ရှိ ဆန်ဂိုဒေါင်ရို့ ရှိရာသို့ လာခကတ်သည်။ ကုန်သွယ်ရေး( ၁ ) ရုံးမှာ ဆတ်ရိုးကျချောင်းနံဘေးတွင် ရုံးဖွင့်လျှက်ရှိသည်။ ယင်းရုံးနှင့်မလှမ်းမကမ်းမှာ ဆန်ဂိုဒေါင်တိရှိသည် ။ ဆန်စက်တိက ချောင်းနံဘေးတွင် ရှိနီခြင်းကြောင့် ဆန်ဂိုဒေါင်တိကို အပါးချေ မှာ ဆောက် လုပ် ထားစွာဖြစ်သည်။ ကျွန်တော်ရို့ ဆန်ဂိုဒေါင်ရှိရာသို့ ရောက်လာကတ်တေအခါ ဂိုဒေါင်ခြံပေါက်ဝတွင် ရဲအစောင့်တယောက်ကို တွိရသည်။ လူအုပ်ကိုမြင်ရေအခါ သူလေးသွင့် နားလည်ဟန်တူပါသည်။

" တံခါးကိုဖွင့်ပီးပါ။ ကျွန်တော်ရို့ ဂိုဒေါင်ထဲက ဆန်တိကို ယူကတ်ရဖို့ ။ အငတ်မခံနိုင် ကတ်ဗျယ်နန်း "
ကျွန်တော် ရို့ က ခြံပေါက်ဝမှအော်ပြောသည်။ ဂိုဒေါင်စောင့်လုံခြုံရေးရဲသားမှာ အံ့သြပနာ ကြည့်နီပြီး ပြန်ပြောသည်။
" ခြံတံခါးကို ဖွင့်မပီးနိုင်ပါ။၊ ကျွန်တော်က လုံခြုံရီးအတွက် စောင့်နေရသူပါ။ ဒေပိုင်ဖေါက်ဖျက် ယူလို့ရမဟုတ် "
လုံခြုံရီးရဲသားက သူ့မှာတာဝန်ရှိသလောက် ပြောမှန်းသိသည်။

ကျွန်တော်ရို့ သည် ပြောဆိုပြီးသားစကားကို နောက်ထပ်ပြောဆိုရန် အချိန်မပီးနိုင် ၊ ထပ်မပြောနိုင်။ ရဲသားလက် ထဲ တွင် သေနတ်ကိုင်ဆောင်ထားသည်ကို မြင်ရသည်။ ချက်ချင်းခြံပေါက်ဝကို ကျွန်တော်ရို့ ချိုးဖေါက် ဖျက်လိုက်သည်။ ရဲသားသည် ဂိုဒေါင်နောက်ဖက်သို့ ဗြီးလွှားပျောက်ကွယ်လားသည်။ ကြောက်လန့်၍ထွက်ပြေးလားခြင်းဖြစ်သည် ။ ကျွန်တော် ရို့ သည် ဆန်ဂိုဒေါင်၏တံခါးဝကို ကြည့်လိုက်သည်။ ဂိုဒေါင်ထဲ၌ ဆန်အိတ်များကို စုပုံလို့ ထားစွာမှာ ဂိုဒေါင်အမိုး ထိလုနီးနီး ဖြစ်သည်။ ဂိုဒေါင်တခုလုံး ဆန်တိ အပြည့်မြင်ရသည်။
" လာကတ်ပါဖိ "
ကျွန်တော်က အော်ပြောလိုက်သည်။ ဆန်ယူရန်လာက်တေလူအုပ်သည် အမှန်ပင် ဆန်ယူရမည်ဆိုသောအခါ တုန့် ဆိုင်းနေကြသည်။ အသက်(၆၀ ) ကျော် ၀ါကြီးမ တယောက်က တုန်တုန်ရီရီနှင့် လှီခါးကိုတက်လိုက်သည်။ ဂိုဒေါင်လှီခါး သည် လေးထစ်ရာဟိသည်။ ယင်းလှေခါးထစ်လေးထစ်ကို ကျော်တက်ပြီး ၀ါကြီးမမှာ ဂိုဒေါင်ထဲသို့ တယောက်ထဲ ၀င်လားသည်။ ဇါသူကမျှကပ်၍ လိုက်မလားကတ် ။ တနားချေကြာမှ ၀ါကြီးမမှာ ဂိုဒေါင်တံခါးဝ သို့ ပြန်လည် ထွက်လာသည်။ ခေါင်းထက်မှာ အ၀တ်စုတ်နင့် ထုတ်ထားသော ဆန်ထုပ်ကိုရွက်ပြီး ထွက်လာခြင်းဖြစ်သည်။ ၀ါကြီးမလှီခါးထက်မှ ဆင်းလာပနာ အောက်သို့ရောက်တေအခါ လူအုပ်မှာလက်ခုပ်လက်ဝါးတီးပြီး သြဘာပီးကတ်ရသည်။ ၀ါကြီးမမှာ အလွန်ဆုံးဆန်တိကို ခေါင်းထက်တွင် ရွက်ယူလာနိုင်သည်ဆိုကေလေး( ၁၀ ) သိုက်ခန့်တောင်ပါဖို့  မထင်ရ ။ ဇါပင်ဖြစ်ဖြစ် ဒေနိအဖို့တွင် ၀ါကြီးမမိသားစု ထမင်းမငတ်ကတ်ပါဗျယ် ။

" ဖျောင်း --- ဖျောင်း ----ဖျောင်း ---ဖျောင်း -×- "
ယင်းနောက်မှာ ဆန်ဂိုဒေါင်ထဲမှ ဆန်များကိုလူတိ နိုင်သလောက် သယ်ယူကတ်ပါသည်။ ဂိုဒေါင်သုံးလုံးသည် ချက်ချင်းပင်ကုန်စင်အောင် ယူလားခံရသည်ဟု နောက်ပိုင်းတွင် သိရသည် ။ ကျွန်တော်ထင်ပါသည်။ လက်ငင်းဖြီရှင်းရမည့် တာဝန်တရပ်ကို ပြည်သူတိအတွက် ထမ်းဆောင်ခြင်းဖြစ်သည်ဟုသုံးသပ်မိသည်။
======= ========== ==