၁၉၆ရ - ခုနှစ် သြဂုတ် ၁၃ ရက် -ဆန်ပြသနာနိ
ကျွန်တော်သည်တညလုံး ကိုယ့်အိမ်ခန်းထဲမှာ ပိတ်ဖြူထက်တွင် ပိုစတာရီးနီဖြစ်သည်။ ပိုစတာမှာ နက်ဖန်ဆန္ဒပြပွဲ၌ တခုတည်းသော ဆိုင်းဘုတ်ဖြစ်သည်။ လက်ရီးမလှကေလေး ကျွန်တော့်မှာကြိုးစားရီးရသည်။ ပန်းချီဆရာလေး မဟုတ်တေအတွက် လှလှပပမရီးချယ်နိုင်ကေလေး အဆင်တော့ပြီဖို့ ထင်သည်။ ယေဗြီးနာ ဇါသူ့ကိုမျှ မသိစီချင်သည့်
အကြောင်းကလည်း ပါပါသည်။ ပိုစတာစာလုံးတိကို ရီးဗြီးးရေအခါ သန်ခေါင်ကျော်နီပါဗျယ် ။
တညဉ်လုံးအိမ်တိကို ကျောက်ခဲတိနှင့် ပစ်နီခပနာ ပိုစတာကို ရီးနီချိန်၌ အချိန်ဇါမျှ ရှိနီခလေးဆိုစွာ ကို သတိမထားခ ။ ကျွန်တော်ရီးဆွဲထားရေ ပိုစတာဆိုင်းဘုတ်ကို စိတ်တိုင်းကျမကျ ကြည့်ဖြစ်နီမိသည်။ အလျှားပေ (၁၀)ပေရှိပြီး အနံ (၆ ) ပေရှိသောပိတ်ဖြူတွင် ရီးထားသည်မှာ ဇါပင်ဖြစ်ဖြစ် ကြီနပ်နီသည်။ " ဆန်ပြသနာဖြီရှင်းပါ×++++ ရခိုင့်အရီးတော်ပုံ အောင်ရမည် '
မိုးထဖက် -၁၀-ချက်တီးလောက်မှာ စာလုံးကြီးကြီးဖြင့် ရီးသားပါရှိရေ ပိုစတာဆိုင်းဘုတ်ကို သသီချာချာလိပ်၍ အင်ကျီအတွင်းဖက် ထည့်ဝှက်ယူလာခသည်။ အခု ကရာတေးဆရာကြီး ဟု လူသိများသော ကိုထွန်းရွှေမောင်နှင့် လမ်းမကြီးညဈီးမှာတွိ၍ အတူတူ လမ်းလျှောက်လာကတ်သည် ။ ကျွန်တော်ရို့  နှစ်ယောက် ရင်ခွဲရုံကိုလားပနာ လူသီကောင်တိကို လားကြည့်ဗြီးနောက် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးသို့ လားရေအခါ တချို့ကျောင်းသားလူငယ်တိကို တွိရသည်။ အားလုံးမှာကျွန်တော့သူငယ်ချင်းတိဖြစ်သည်။ ၁၁-ယောက်ခန့်ဟိသည်။ ကျွန်တော်၏ညီအရင်းဖြစ်သူ မောင်သာထွန်းလည်း ပါသည်။ ဘုရားကြီးရင်ပြင်တွင် ပုတီးစိတ်ပြီး တရားထိုင်နီသော ပုဂ္ဂိုလ်နှစ်ဦးကို တွိ့မြင်ရသည်။ ၀ဲယာသို့ကြည့်မိသည် ။ ယင်းပိုင်ကြည့်ရသည်မှာ အကြောင်းဟိသည်။ မဆလတွင် သတင်းပီးသူတိ မှိုပိုင် ပေါက်နီသည်။ သုံးကျပ်ဆယ့်ငါးပြားစား သတင်းပီးများဖြစ်သည်။ တကြိမ်သတင်းပီးလျှင် သုံးကျပ်ဆယ့်ငါးးပြားရသည်ဟု ပြောသံကိုကြားဖူးသည်။ ယင်းကြောင့်ဘုရားကြီးရင်ပြင်တွင် သတင်းပီးများရောက်ရှိနေမူ ရှိမရှိကို ကြည့်ရှူရခြင်းဖြစ်သည်။ စိတ်ချလက်ချဖြစ်တေအခါ ကျွန်တော်ရို့ စုဝီးထိုင်လိုက်ကြဗြီးပနာ တိုတိုတုတ်တုတ်နင့်လိုရင်းဖြစ်သည် ။ ကျွန်တော်က စတင်ပြောလိုက်သည်။
" ဒေကနိ ဆန္ဒပြဖို့အတွက် ပိုစတာကို ကျွန်တော်ရီးလို့ယူပါလတ်ဗျယ် ။ မဆခအစိုးရက ဆန်ပြသနာကို လုံးဝမဖြီရှင်း ။ ကျွန်တော်ရို့ က အငတ်ခံပြီး အသီမခံနိုင်။ အေင်ပွဲတခုခုကို ရဖို့  အတွက် တိုက်ပွဲတခုခုကို လုပ်ကိုလုပ်ရမေ ။ ဒေပိုစတာကို သသီချချာ ချိုင်ပနာ မြို့ တွင်းကိုပတ်ဗြီး ဆန္ဒပြကတ်မေ "
တယောက်ချေလေး ကန့်ကွက်သူမရှိ ။ ကျွန်တော့်ကိုယ်တွင်းမှ ၀ှက်ယူလာရေ ပိုစတာကို ထုတ်ယူလိုက်သည်။ နောက်ဝါးလုံးနှစ်လုံးကို ရှာဖွီယူပနာ ကြိုးတိနှင့် ချိုင်နှောင်ကတ်ရသည်။ ပိုစတာဆိုင်းဘုတ်ကြီးသည် ခိုင်မာစွာဖြင့် ရှိနီဗျယ် ။ ဘုရားကြီးမှထွက်တေအခါ ကျွန်တော့ညီဖြစ်သူ မောင်သာထွန်းက တဖက်က ဆိုင်းဘုတ်ကိုကိုင်ပြီး အခြားတယောက်က တဖက်ကကိုင်ပနာ စထွက်သည်။ ဘုရားကြီးရင်ပြင်မှ ဘယ်ဖက်သို့ စထွက်လိုက်ကတ်သည်။ အကြောင်းမှာ လမ်းမကြီးသို့ရာ ခြီဦးလှည့်လိုက်ကေ စစ်တွေတမြို့ လုံးက လူတိပါနိုင်ကတ်မည်မဟုတ် ။ မြို့ကိုပတ်၍ လားရန်အရီးကြီးသည် ။ ယေဇူးနင့် ကြောင့် ဘယ်ဖက်လှည့်ပနာ ဒိုးဝန်းရွာ ယခုရွာကြီးတောင်ရပ်ကွက်မှ စတင်ဆန္ဒပြကတ်ရန် ထွက်လိုက်ခြင်းဖြစ်သည်။ ထွက်သည်နှင့် ကျွန်တော်က အသံမာမာဖြင့် ကြွီးကြော်အော်ဟစ်လိုက်သည်။
" ဆန်ပြသနာ ဖြီရှင်းပါ - ရခိုင့်အရီးတော်ပုံ အောင်ရမေ "
" ဆန်ပြသနာ ဖြေရှင်းပါ- ရခိုင့်အရီးတော်ပုံ အောင်ရမေ "
နောက်မှကြွေးကြော်သံများသည် ကျယ်လောင်ပနာ ထွက်ပေါ်လာသည်။
" ဆန်ပြသနာ ဖြီရှင်းပါ--ရခိုင့်အရီးတော်ပုံ အောင်ရမေ "
" ဆန်ပြသနာ ဖြေရှင်းပါ - ရခိုင့်အရီးတော်ပုံ အောင်ရမေ "
ဒိုးဝန်းရွာကိုဝင်သည့်နှင့် မြောက်ဘက်အတိုင်းဆက်လာကတ်သည်။ အားရပါးရ ကြွီးကြော်လာကတ်သည်။ ကျွန်တော်ရို့ ၏ ကြွီးကြော်သံများကို ကြားကတ်သောဒိုးဝန်းရွာသားရို့ သည် အိမ်ထဲမှ ထွက်လိုက်လာကတ်တေပိုင် စာဘတ်အသင်းရှေ့ စင်ထက်တွင် ထိုင်နီသူတိကလေး လိုက်ပါလာကတ်သည်။ တန်းစီပြီးလားနီရေ လူတိ၏နောက်ကို သူရို့ မှာ နောက်ကကပ်ပြီး လိုက်ပါလာကတ်ခြင်းဖြစ်သည်။တရပ်ကွက်ဗြီး တရပ်ကွက်ဗြီး လိုက်ပါလာကတ်ခြင်းဖြစ်သည်။ ဒိုးဝန်းရွာ၊ ဆင်ကူးလမ်း ။ အုန်းတပင်။ သဘောင်္ဆိပ်။ လမ်းမတော် စသည်ဖြင့် ယင်းရပ်ကွက်မှာ နီထိုင်သူတိ မိန်းမ ယောက်ျား အချေသူငယ်တိ ပါလာကတ်သည်။ လမ်းမတော်လမ်းဆုံရောက်တေအခါ လူတိကြွီးကြော်သံ မစဲ ။
" မဆလအစိုးရ အလိုမရှိ- နေ၀င်းအစိုးရအလိုမရှိ "
" နှာခေါင်းပိုင်း နေ၀င်းအစိုးရ အလိုမရှိ- နေ၀င်းအစိုးရအလိုမရှိ "
" ပြုတ်ဆန်မစား ရခိုင်သား - ဆန်ပြုတ်မစားရခိုင်သား "
ကျွန်တော်ရို့ ၏ ကြွီးကြော်သံတိမှာ မဆလအစိုးရကို ချက်ချင်းစိန်ခေါ်လာသည်။ လူတန်းရှည်ကြီးသည် ကြည့်၍မဆုံးဖြစ်နီသည် ။ လမ်းမတော်တောင်ပိုင်းကို ရောက်တေအခါ မဆလတိုင်းခွဲ -(၁၃ ) ဥက္ကဌ - ဖြစ်သူ ဗိုလ်ချုပ်စောဖြူ (လေ ) သည် ကားတစီးဖြင့် စောင့်နီသည်ကို တွိ့ရသည်။ ရှေ့ဆုံးမှ ဆန္ဒပြလာကြသော ကျွန်တော်ရို့ နှင့် ဆုံလာရေအခါ တန့်ရပ်စီပြီးကေ စကားပြောသည်။
" မင်းရို့  တိ ဆန္ဒမပြကတ်ပါကေ့ - အိမ်ကိုရာ ပြန်ကတ်ပါ ဒေ "
သူ့စကားကို ကျွန်တော်ရို့ လက်မခံနိုင်ပါ။ လက်ခံနိုင်လောက်အောင်လည်း သူ့စကားကဓိပ္ပါယ်မရှိ။
" ကျွန်တော်ရို့  ဆန္ဒပြစွာက ဆန်ကိုလုံလောက်အောင် ရောင်းချပီးဖို့အတွက် ဆန္ဒပြစွာဖြစ်တေ ။ အခုမဆလအစိုးရက ဒေဆန်ပြသနာကို တခုချေလေး မဖြီရှင်း ။ ဒေပြသနာကို ဖြီရှင်းဖို့အတွက် ကျွန်တော်ရို့  ဆန္ဒပြစွာဖြစ်တေ ။ အိမ်ကိုမပြန်နိုင်ပါ "
ကျွန်တော်ရို့  လူအုပ်မှ ပြန်ပြောလိုက်တေစကားဖြစ်သည်။ သူဇါကိုမျှ ဟန့်တားနိုင်စွမ်းမရှိစွာကို သိရှိမေထင်သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၉၉၀ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခရေ ဦးလူဖြူ၏အိမ်ရှေ့လမ်းထက်မှာ ပြောဆိုနီကတ်ခြင်းဖြစ်သည်။ တနားနီကေ ဗိုလ်ချုပ်စောဖြူ နားလည်လားပါသည်။ ကားနင့်ထွက်ခွါလားသည်။ ကျွန်တော်ရို့ တရားသိစုလမ်းအတိုင်း ဆက်လာကြသည်။ ယေ.ဗြီးကေ ပါဒလိပ်ချိတ်။ လမ်းမကြီး။ ဆေးရုံကွင်း နှင့် ထောင်ကြီးနားကိုရောက်တေအခါ ထောင်ဗူးဝကို ကျောက်ခဲတိနင့် ပစ်ကတ်သည်။ ဆရာအေးကျော်နှင့် မောင်ရွှေဝင်း တို့နှစ်ယောက်အား အမြန်ဆုံးလွှတ်ပီးရန် ကျောက်ခဲတိနင့် ပစ်ပြီး ဆန္ဒပြကတ်သိသည်။ ဆရာအေးကျော်နှင့် မောင်ရွှေဝင်းမှာ နှစ်ဦးစလုံး ပညာရေးဌါနကဖြစ်ပနာ ကိုမောင်ရွှေဝင်းမှာ ကျောင်းစာရေးကြီးဖြစ်သည်။ ဆရာအေးကျော်မှာ- ၈၈၈၈ -အထွေထွေသပိတ်အရီးအခင်းဖြစ်ပေါ်လာရေအခါ စစ်တွေမြို့  သပိတ်ကော်မီတီဥက္ကဌဖြစ်ဗြီးကေ န၀တမှ အာဏာသိမ်းရေအခါ ထောင်ဒဏ် ( ၁၄ ) နှစ်ကို ကျခံခရသူဖြစ်သည်။ ( ယခုရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးဦးလှစော ( ကဗျာဆရာ-မောင်ခိုင်အောင်-စစ်တွေ ) ရို့ နှင့် ၈လေးလုံးအရေးအခင်းတွင် ဦး-( နွား-) သာထွန်းအောင်ရို့နှင့်အတူ ထောင်( ၁၄ -နှစ် ) ကျကတ်ခြင်းဖြစ်သည် ) ။ ယင်းပိုင်နှင့် ထောင်ရှေ့မှ လူအုပ်စုကို ထိမ်းသိမ်းပြီး ခေါ်ဆောင်လာခကတ်ဗြီးကေ ( ယခုရဲနွယ်စုရပ်ကွက် ) ပုလုပ်တောင်လမ်းအတိုင်း လာခကတ်သည်။ လူအုပ်ကြီးမှာ စစ်တွေတမြို့ လုံးလိုလိုဖြစ်နေ၍ မျက်စိတဆုံးဖြစ်နီသည်။ လူပင်လယ်ကြီးဖြစ်နီသည်။ မီးစက်ခွဆုံရောက်လာသည်။ မြို့တွင်းဝင်သည့် နာဇီလမ်း ( ယခုတို့ချဲ့ လမ်း) အတိုင်းဝင်လာဗြီး ကုန်တန်းလမ်းအတိုင်း လာခကတ်သည်။ ကသဲရွာထဲရှိ မြဆန်စက်အရှေ့သို့ ရောက်တေအခါ သံဆူးကြိုးကာထားဗြီး အတားအဆီးချထားစွာကို တွိသည်။ မြဆန်စက်၏ အရှေ့ဘက်မြီကွက်တွင် ဆန်စက်လုံခြုံရီး မီးကင်းမျှော်စင်ရှိသည်။ ယင်းမီးကင်မျှော်စင်တွင် စစ်သားတိက သေနတ်နင့် ချိန်ရွယ်ထားစွာကို မြင်ရသည်။ မြဆန်စက်ခြံဘေးမှ လမ်းကြားချေတခုဟိသည် ။ ယင်းလမ်းကြားမှာ ကသဲရွာကို လားရေ လမ်းကြားဖြစ်သည်။ သံဆူးကြိုးကာထားသော နီရာ၏အနောက်ဘက်တွင် ဟီးနိုးကားကြီးတိ တန်းစီ၍ ရ့ပ်ထားသည်။ ဟီးးနိုးကားကြီးတိသည် မြဆန်စက်၏ ရှေ့ဘက်လမ်းမတွင်ဟိသည်။ ကျွန်တော်ရို့ နှင့် ဆိုကေ ဘယ်ဖက်ဖြစ်သည်။ ကျွန်တော်ရို့ သည် ဟီးနိုးကားကြီးနှင့် စစ်သားများ၏ အကြားတွင်ရှိသည့် လမ်းမကြီးအတိုင်း လားရဖို့  ဖြစ်သည် ။ ယေကေလေး လမ်းမကြီးကို မလားနိုင်အောင် သံဆူးကြိုးအကာအဆီးများ ကာရံထားပြီးဗျယ် ။ လူအုပ်တိမှ ကြွီးကြော်သံတိသည် ဘ၀ဂ်ညံနီလောက်အောင် ကြားရသည်။ မရှေးမနှောင်းတွင် ဗိုလ်ချုပ်စောဖြူမှာ ကားနင့်ရောက်လာသည်။ နောက်ကျွန်တော်ရို့  ရှေ့သို့လာသည်။ အခုဒေမှာ ဘက်တွင် ကျွန်တောရို့ က ဟိနီဗြီး ထိုဘက်မှ စစ်သားတိက သေနတ်တိနင့်ချိန်ရွယ်ထားနီသည့် စစ်သားများ၏အလယ်၌ ဗိုလ်ချုပ်စောဖြူ ရှိနီ် ဖြစ်သည်။
' အိမ်ကိုပြန်ကြပါနန်း -- ဆန္ဒပြဖို့မလိုအပ်ပါဒေ ။ - ကျွန်တော်ရို့  စီစိုင်နီပါရေ ။ "
သူပြောပြီးသည်နှင့် လူအုပ်ထဲမှ အသံတိ ထွက်ပေါ်လာစွာကိုကြားရသည်။
" ဆန်ပြသနာကို ဖြေရှင်းပီးပါ- ကျွန်တော်တို့အိမ်ကိုမပြန်နိုင်ပါဒေ "
ယေအခါ ဗိုလ်ချုပ်စောဖြူမှ စကားဆက်ဗြီးကေ ပြောလာသည်။
" ယင်းပိုင်ဆိုကေ ခေါင်းဆောင်တယောက်ယောက် ထွက်လာပါ ။ ကျွန်တော်နင့် စကားပြောကတ်ပါဖို့ လေ "
ကျွန်တော်က ချက်ချင်းပင်ငြင်းဆန်လိုက်ပါသည်။
" ဒေအထဲမှာ ခေါင်းဆောင်မပါ ။ လူတိုင်းလိုလို ထမင်းငတ်လို့လာဗြီး ဆန္ဒပြဖို့ လာကတ်စွာဖြစ်တေ ။ ယေဇူးနင့် တခြားဇါတခုကိုလေး ဆွီးနွီးစရာ အကြောင်းမရှိဗျယ် ။ -ကျွန်တော်ရို့ က ဘုရားကြီးရောက်ကေ ဆန္ဒပြပွဲဗြီးပါဗျယ် ယေ ။ ယေဇူးနင့် ယင်းအတွက်နင့် ကျွန်တော်ရို့ ကို ဘုရားကြီးလားခွင့်ပီးပါ "
သူ့မှာဘုရားကြီးထိ လားခွင့်ပီးဖို့  အမိန်အာဏာမပါပါ ။ ဘုရားကြီးကို အခု ဆန္ဒပြနီရေနီရာက ဆိုကေ နီပနာ အလွန်ဆုံးလားရလျှင် ( ၁၅ မိနစ် )ခန့်ရာ လားရဖို့  ထင်ပါသည်။
ဗိုလ်ချုပ်စောဖြူအနီနှင့် ဇါသို့မျှ ဖြီရှင်းရန် အလားအလာ မတတ်နိုင်တော့ကြောင်း သူသဘောပေါက်လားပါသည်။
" ကျွန်တော့်မှာ အမိန့်စာပါလာပါရေ ။ လူထုကိုဖတ်ပြဖို့ တယောက်ယောက်ကိုကို လွှတ်ပီးလိုက်ပါ "
ယင်းကြောင့် ကျွန်တော်ရို့  ချက်ချင်းဆွေးနွေးလိုက်ကတ်ပါသည်။ မဆလအစိုးရ၏ ကောက်ကျစ်မှူကိုလည်း သိရှိထားရေအတွက် ဇါသူမျှအဖမ်းအဆီးမခံရအောင်လေး ကျွန်တော်ရို့ မှာ သိုသိပ်စွာပြုလုပ်နီရသည်။ မြဆန်စက်အနီးရှိ တံထားပေါင်တွင် တချို့ မှာ မတ်တပ်ရပ်၍ နီကတ်စွာကို တွိရသည်။ နောက်ကကပ်ပြီးနီကတ်တေ ကျွန်တော်ရို့ ၏လူအုပ်စုသည် ရှေ့မှ သေနတ်ဖြင့် ချိန်ရွယ်ထားသည်ကို ဂရုမစိုက်အားချေ။ သူရို့ မှာကြွီးကြော်သံတိကို အော်ကောင်းတုံး ဆိုကတ်တုံး ။
ကျွန်တော်ရို့ အနားမှ သူငယ်ချင်းဖြစ်သူမောင်ရွှေသိန်းကို လွှတ်လိုက်ရသည်။ သူက ဗိုလ်ချုပ်စောဖြူစီးလာရေ ကားထက်မှ စာဖတ်ပြတေအခါ ပုဒ်မ (၁၄၄) ဖြစ်နီပါသည်။ ယေဇူးနှင့် ကားထက်က သူ့ကိုဆင်းခိုင်းစီဗြီး ကျွန်တော်ရို့ ရှိရာသို့ ပြန်လာစီသည်။ အခုဆိုကေ ကျွန်တော်ရို့ ကို ပုဒ်မ ( ၁၄၄ ) ထုတ်ပြန်လိုက်ပါဗျယ် ။ ရှေ့ဆက်လားး၍ မရနိုင်ပါ ။ ဆန္ဒပြ၍မရနိုင်ပါဗျယ်ကာ ။ လူငါးယောက်ထက်ပို၍ စုဝီးနီ၍မရဗျယ် ။ ရှေ့ဆက်လားပြီး လမ်းမဖွင့်ပီးလျှင် ဒေအတိုင်းရပ်ပနာ ဆက်လက်ဆန္ဒပြမေဟုဆိုရေ အသံတိထွက်လာသည်။ ကြွီးကြော်သံတိကလေး ထွက်နီသည်။ ကျွန်တော်ရို့ မှာ လူအုပ်ကို ဇါပိုင်နည်းနှင့်မျှ နောက်ကြောင်းပြန်လှည့်ရန် ပြော၍မရ ။ ပြောလို့လည်းမဖြစ်။ နာရီဝက်ခန့်ကြာရေအခါ ဗိုလ်ချုပ်စောဖြူက ပြန်လားခသည် ။ သူပြန်လားခပနာ သံဆူးကြိုးကို ဖွင့်ခိုင်းပြီးကျွန်တော်ရို့  လူအုပ်အားလားခွင့်ပြုခသည်။ ဒေနီရာမှာ တနားလောက်က ကျွန်တော်ရို့ပြောခရေ စကားတိ ဟိခသည်။ ယင်းမှာဘုရားကြီးရောက်လျှင် လူစုခွဲပါမည် ဆိုသော စကားပြောဖြစ်ခခြင်းဖြစ်သည်။ ယင်းကြောင့်လည်း သူကဖွင့်ခိုင်းခြင်းလားမပြောတတ်။ ကျွန်တော်ရို့ ကမူ အတင်းအဓမ္မ ဖွင့်ဗြီးလားခြင်းမဟုတ်။ သံဆူးကြိုးကို ဖယ်ရှားဗြီး လားခြင်းမဟုတ်။ ယေဗြီးကေ စစ်သားတိပါးက သေနတ်လုဗြီး ဥပဒေမဲ့  လားခြင်းမဟုတ်။ စစ်သားတိကို ကျောက်ခဲနှင့် တုတ်နှင့် ပစ်ပြီး သံဆူးကြိုးကိုလည်း ဇါသူတယောက်မျှဖယ်ရှားပြီး မလားခကတ် ။ ရှေ့ကသေနတ်နှင့်ချိန်ထားရေ စစ်သားတိမှာ သံဆူးကြိုး၏တဖက်တွင် ( ၈ ) ယောက်လောက်တန်းစီ စောင့်ဆိုင်းပနာ တည့်တည့်ချိန်နီခြင်းကြောင့်လေး ဇါသူမျှ သံဆူးကြိုးကို ဖယ်ရှား၍ မလားနိုင်ကတ် ။ ယေကေ ပုဒ်မ (၁၄၄ ) အမိန့်ကိုလေး ဖီဆန်ဖေါက်ဖျက်ခြင်းမရှိခ ။
နောက်တခုမှာ ဗိုလ်ချုပ်စောဖြူပြောဆိုခရေ စကားတခွန်း သတိရလာသည်။ တနားက ခေါင်းဆောင်တယောက်ယောက်ထွက်လာပါ ဆိုရေ စကားကို စိုးရိမ်လာကတ် သည်။ သူရို့ သည် ခေါင်းဆောင်ဟုထင်မှတ်ယုံကြည်သူများကို ဖမ်းဆီးလိမ့်မေဟု ကျွန်တော်ထင်သည်။ သူငယ်ချင်းတိကို လှည့်ပြီးသတိထားဖို့ ပြောကြားရန် နောက်သို့ပြန်လှည့်လိုက်သည်။ နောက်သို့လှည့်လိုက်စွာနှင့် လူအုပ်မှာ ရရောင်းသတ်ပနာ တိုးဝှေ့လာသည်။ သံဆူးကြိုးမှာ ဖွင့်ပြီးဖြစ်နီရေအတွက် လူအုပ်မှာဝမ်းသာအားရ ကြွီးးကြော်ပနာ လားကတ်သည်။ အတားအဆီးဖွင့်လိုက်၍ လူအုပ်သည် ရှေ့သို့ သူ့ ထက်ငါ ဗြီးလားကတ်သည်။ အလုအယက် တိုးဝှေ့လားကတ်ခြင်းဖြစ်သည်။ ကျွန်တော်သည်ရှေ့သို့ တိုးဝှေ့လာရေ လူအုပ်ကြားထဲသို့ သူငယ်ချင်းများကို ကြည့်ယင်း လူအုပ်အတွင်းမျောပါလားသည်။ ငါးမိနစ်ခန့််ကြာဖို့ ထင်သည်။
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
အဆက်မပြတ် သေနတ်သံတိကို ချက်ချင်းကြားရသည် ။ သေနတ်သံကြား၍ လှဲချလားးခြင်းလား ၊ လူအုပ်တိမှ တိုးဝှေ့တွန်းတိုက်၍ မှောက်လျှက်ကျလားခြင်းလားမပြောတတ်။ ကျွန်တော်သည် မြီကြီးပေါ်မှာ မှောက်ရက်သားဖြစ်နီသည်။
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
သေနတ်သံတိသည် ညံမစဲဖြစ်နီသည်။ ညီးညူသံများ၊ နာကျင်စွာအော်နီသံများ၊ ငိုယိုနီသံများ၊သည် ကမ္ဘာပျက်သည့်အလား ကြားနီရသည်။ လက်တကမ်းအကွာတွင် ဟီးနိုးကားကြီး ရပ်ထားလျှက်ဟိနီသည်။ ချက်ချင်းဟီးနိုးကားအောက်ကို လှိမ့်ဝင်လိုက်သည်။
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
" ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း "
သေနတ်သံမှာ ကျွန်တော်ရို့  ကားအပါးချေမှ မဟုတ်။ လမ်းတလျှောက်ရှိရေ လူတန်းရှည်ကြီးကို ပစ်ခတ်နီရာက ကြားရခြင်းဖြစ်သည်။ ကားအောက်မှာ လူတိ တပုံကြီးရှိနေရာ ကားအောက်သို့ ပစ်သတ်လိုက်ဖို့ ဆိုပါက တန်းစီထပ်၍ သီလားဖို့ ဖြစ်သည်။ ဟီးနိုးကားကြီး၏ ညာဖက်မှာ ချောင်းဟိသည် ။ ယင်းချောင်းကို ကုန်တန်းချောင်းသို့မဟုတ် ဂေါ်ဒူဘင်းဂါ ချောင်းဟုလည်းခေါ်သည်။ ကျွန်တော်ရို့ သည် ယင်းချောင်းသို့ခုန်ဆင်းလိုက်ကတ်သည်။ ချောင်းကို ဆင်းရေအခါ ရဲတိနင့် ကြုံနီရပြန်သည် ။ ယေကေလေး ရဲတိက သေနတ်ကိုယ်စီဖြင့် ရှိနေကေလေးလည်း မပစ်ခတ်ချေ ။ ရဲသားများရှေ့မှပင် ချောင်းထဲသို့ ခုန်ဆင်းကြရခြင်းဖြစ်သည်။ ကျွန်တော်ထင်ပါသည် ။ ရဲတိထဲမှာ အားလုံးရခိုင်လူမျိုးဖြစ်၍ ယင်းပိုင် မပစ်သတ်စွာဖြစ်နိုင်သည် ။ ချောင်းမှာမီတာ( ၅၀ )ခန့်ရှိမည်ထင်သည် ။ ရီကူးနီစိုင် ကျွန်တော့်အနီးမှ ကူးလာသူတဦးက အော်ပြောသည်။
" ကျွန်တော့်ပေါင်တဖက်ခြမ်းမှာ ကျဉ်ဆံကျနီပါဗျန် ။ ကျွန်တော် ကောင်းကောင်းနာနီပါဗျယ်၊ ရီကူးလို့  မရပါဗျန်ဒေ "
" ကောင်းဗျယ်လေ - ဒေပိုင်ဆိုကေ ကျွန်တော့်လက်ကိုကိုင်ဗြီးကေ ရီကူးဗြီးလို့  လိုက်နန်း "
ပြောရင်း ကျွန်တော်က သူ့ကို လက်ကမ်းဗြီး ရီကူးလာသည်။ကမ်းထက်ကို ရောက်လို့  သူ့ဒဏ်ရာကို ကြည့်ရသည်။ ညာဖက်ပေါင်ခြမ်းမှာ သွေးသံရဲရဲနှင့် အသားစများမှာ အကွင်းလိုက်ကို ထွက်ကျနီသည်။ ယင်းပုဂ္ဂိုလ်မှာ ကိုစံသိမ်းဖြစ်ဗြီး အခုရဲတွင် အမှူထမ်းနီသည် ။ တဖက်ကမ်းမှနီဗြီး ဆန္ဒပြနီခရေ -နီရာကို ကြည့်လိုက်သည်။ သေနတ်သံတိမှာ စဲလားပါဗျယ် ။ ဟီးနိုးကားကြီးထက်တွင် လူတိကို စစ်သားတိက ဆွဲငင်ယူဆောင်တင်နီသည်ကိုမြင်ရသည်။ သီဆုံးသူရော ဒဏ်ရာရသူတိကိုရော စုပုံရောနှောပနာ ဆွဲယူတင်ဆောင် နီကတ်ခြင်းဖြစ်သည်။ လမ်းတလျှောက်မှာ သွီးသဲရဲရဲဖြင့် မှောက်ရက်လှဲနေသူ။ ပက်လက်လန်ပြီး သီဆုံးနေသူတိ ၊ မြင်နီရသည်။ ဒဏ်ရာရ၍ လူးလှိမ့်နီသူတိကို မြင်ရသည်။ မြဆန်စက်ရှေ့တည့်တည့်မှ ကသဲရွာထိပ်ရှိ တံထားဘောင်ထိ လူတိ လဲကျသီဆုံးနီသည်ကို မြင်နီရသည် ။
နောက်နှစ်ရက်တွင် ရင်ခွဲရုံ၌ အလောင်း( ရ ) လောင်းရာ မဏ္ဍပ်ထိုးဗြီး တန်းစီချထားသည်။ ယင်းအချိန်က ရင်ခွဲရုံမှာ ကြီးနန်းရုံးရှေ့မှာဖြစ်သည်။ သဘောက ဆန္ဒပြပွဲ၌ လူပေါင်း
( ရ ) ယောက်ရာ သီဆုံးကတ်ခြင်းဖြစ်သည်ဟု ကြီညာခြင်းဖြစ်သည်။ ယင်းနိထုတ် သတင်းစာတိတွင် သီဆုံးသူ ( ရ ) ဦးရာရှိဗြီး ဒဏ်ရာရသူမှာ (၂၃ ) ယောက်ရာရှိရေလို့  ပြည်သူ့ဆီးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနီကြောင်း သတင်းစာများမှာ ဖေါ်ပြသည်။ ရင်ခွဲရုံ၌ အလောင်း ( ရ ) လောင်းကို ထားရာ ကျွန်တော်ရို့ လားကြည့်ရသည် ။ အကြောင်းမှာ ကျွန်တော်၏တူတော်သူ မောင်စံသိန်း သီဆုံးလား၍ဖြစ်သည်။ မောင်စံသိန်း၏ဖခင်မှာ အငြိမ်းစားရဲစခမ်းမှူးဦးလှထွန်းဖြူဖြစ်သည်။ မောင်စံသိန်းအတွက် သီတမ်းစာကို ကိုယ်ခန္ဒာထက်မှာ တင်ထားသည်။ မောင်စံသိန်းခေါ် ကုလားချေ အကိုမှာ စစ်တွေမြို့  အမှတ်( ၁) ရဲစခမ်းမှ တပ်ကြပ်ကြီး ဦးထွန်းရွှေ -ဖြစ်သည် ။ သီတမ်းစာ၌ ယင်းပိုင်သီဆုံးရခြင်းမှာ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပီးဆပ်ရရေအတွက်ကြောင့် ဖခင်တယောက်အနီနင့် ဂုဏ်ယူကြောင်း ရီးသားဖေါ်ပြထားသည်။ ယင်းသီဆုံးသူ ( ရ ) ယောက်၏ အလောင်းကို ရင်ခွဲရုံတွင်ပြသထားစွာမှာ လမ်းသစ်ရပ်ကွက်မှ ဒေါ်အေးမေ ။ မောင်စံသိန်း ( ပါဒလိပ်ချိတ် ) မောင်သိန်းနု ( ရွှေပြား၊) ။ ကိုသာအေး ( မြောက်ဦး ) ။ ကိုထွန်းဝင်း ၊( တရားသိစု ) ၊ မောင်နု ( မောလိပ်) နင့် အခြားတယောက်ကို မမှတ်မိပါဗျန် ။ စစ်တွေမြို့  တရာသိစုရပ်ကွက် ဗုဒ္ဒပြတိုက်ရှေ့အိမ်မှ ဦးမြသိန်းပါးမှာ ယင်းနိက ထုတ်ဝေခရေ သတင်းစာတိကို အခုအချိန်ထိ သိမ်းဆည်းထား၍ သြဂုတ်(၁၃ ) အရီးတော်ပုံကို သမိုင်းသုတေသီများက လိလာနိုင်ကြပါသိသည်။ ၁၉၉၀-ခုနှစ် ရွီးကောက်ပွဲ လုပ်တေအခါ ကျွန်တော်က တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဦးညွန့် မောင် အနိုင်ရရီးအတွက် မဲဆွယ်တရားဟောစိုင် ဦးမြသိန်းအိမ်မှာ ဟောပြောပွဲ ပြုလုပ်ခရသည်။ ယင်းအချိန်က ဦးမြသိန်းက ယင်းသတင်းစာတိကို ထုတ်ပြရေအတွက်ကြောင့် အစည်းအ၀ီးမှာ ထိရောက်အောင်မြင်ခပါသည် ။ သမိုင်းဆိုသည်မှာ လိမ်၍မရ ။ ညာ၍မရ ။ ဘုရားကြီးအနီးရှိ ဒိုးဝန်းရွာမှ တရပ်ကွက်လုံးရှိ အသက် ( ၆၀ ) ကျော် ၀န်းကျင်ရှိရေ လူတိုင်းသည် သြဂုတ်လ (၁၃ ) ရက်နိက ဆန်ပြသနာ ဆန္ဒပြပွဲကို ဘုရားကြီးမှ စတင်ထွက်ခွါခချိန်၌ လိုက်ပါသူတိဖြစ်သည်။ သို့အတူစစ်တွေမြို့သားတိုင်းမှာ ယင်းအကြောင်းကို အားလုံးသသီချာချာ သိရှိထားကတ်သူတိလေးဖြစ်သည်။
ကျွန်တော်ရို့ နောက်ဆုံးသိရှိထားရသော ၀မ်းနည်းဘွယ်ရာ သတင်းတိမှာ အိမ်ကိုပြန်၍ မရောက်လာကြတေသူများ၏ သတင်းဖြစ်သည်။ ယင်းပိုင်ဆိုကေ ၄င်းသူရို့  ဇါနီရာတွင်ရှိသည်ကို စုံစမ်းကြည့်ကတ်သည်။ မသီဆုံးဘဲ ဒဏ်ရာရသူတိကို ဟီးနိုးကားကြီးထက်တွင် တင်ဆောင်၍ သီဆုံးသူတိနှင့် ပင်လယ်ကမ်းနားရှိ အုန်းတောတွင် မြုပ်နှံကြောင်းသိရှိရသည်။ သီဆုံးသူတိမှာ ( ၂၀၀ ) ကျော်ရှိသည်ဟု သိရသည်။ ဒဏ်ရာရသူ(၁၀၀ ) ကျော်သည်ဟု ကြားရသည်။ နာဇီရပ်ကွက်တွင်နီသူ နှင့် ကုန်တန်းရပ်ကွက်တွင် နီထိုင်ကတ်သူ မူဆလင်ကုလားအများစုမှာ တယောက်မျှ ဆန္ဒပြစွာ၌လည်းမပါရေပိုင် သီဆုံးသူများစာရင်း ၊ဒဏ်ရာရသူရို့  စာရင်းတွင်လည်း မပါကြောင်း သိရှိရသည်။ ဒဏ်ရာရသူရို့ စာရင်းတွင် ပါဝင်ဗြီးကေ စစ်တွေဆီးရုံတွင် ၀မ်းဗိုက်ကိုသေနတ်ကျည်ဆံထိမှန်ကာ တက်ရောက်ကုသခသူ သန်းမောင်မှာ ကျွန်တော်၏အိမ်ရှေ့မှဖြစ်သည်။ သူလေးဆန္ဒပြရာတွင် ဘုရားကြီးရှေ့မှ စတင်ထွက်ခွါစိုင် ကျွန်တော်၏ညီအရင်းဖြစ်သူ မောင်သာထွန်းနှင့်အတူ ဦးဆောင်ပါခသူဖြစ်သည်။ သန်းမောင်မှာဝမ်းဗိုက်မှ ဒဏ်ရာကောင်းစွာနင့် မဆလအစိုးရကို လက်နက်ကိုင်တော်လှန်ရီး မှတပါးအခြားမရှိ ဆိုကာ ဆေးရုံးကဆင်းဆင်းချင်း တောခိုလားသည် ။ နှစ်ပေါင်း ( ၂၀ ) အကြာ တောခိုဗြီးနောက် ၁၉၉ရ- ခုနှစ်တွင် ဗကပပါတီမှ ဘင်္ဂလားဒေရှ့်နိုင်ငံနယ်စပ်မှာ ဆက်လက်မရပ်တည်တော့သောကြောင့် လက်နက်ချအလင်းဝင်ခသည်။ ကျွန်တော်၏ညီဖြစ်သူမှာ အခုအချိန်တွင် နိုင်ငံရေးသမားအကျဉ်းသားဘ၀ဖြင့် ဘူးသီးတောင်ထောင်၌ ထောင်ဒဏ်( ၅ ) နှစ်ကျခံနေရသည်။ လွန်ခရေ နှစ်လလောက်က ကွယ်လွန်ခရေ မျိုးချစ်ရခိုင့်နိုင်ငံရေးသမားကြီးဦးညွန့်မောင်မှာ ဘုရားကြီးမှ စတင်ထွက်လာသော ကျွန်တော်နှင့်အတူတူ (၁၃ ) သြဂုတ် ဦးဆောင်လှုပ်ရှားခ သူတဦးဖြစ်သည်။ မြောက်ဦးမြို့ နယ်မှာ ကျမ်းမာရေးကြီးကြပ်ရေးမှူး( ၁ ) အဖြစ် တာဝန်ထမ်းဆောင်ခရေ ဦးထွန်းဦးသာမှာ ကျွန်တော့်သူငယ်ချင်းဖြစ်ပြီး ခြီသလုံးတွင် ယင်းနေ့ က ကျည်ဆံမှန်၍ ဆီးရုံတက်ရောက် ကုသရသော လူနာတယောက်ဖြစ်သည် ။ ကျွန်တော့် သူငယ်ချင်း ကိုအောင်ထွန်းဦးမှာ လမ်းသစ်နှင့်ပါဒလိပ်ချိတ်လမ်းကြားမှာနီသည် ။ အခွန်ဦးစီးဌါမှူးရုံးမှာ ဌါနမှူးအဖြစ် တာဝန်ထမ်းဆောင်လျှက် ရှိသည်။ စစ်တွေထောင်ကြီးမှ စာရေးကြီး ဦးထွန်းအောင်ကျော်၏အကိုဖြစ်သည် ။ ဦးအောင်ထွန်းဦးမှာ ယင်း-၁၃-ရက်နေ့ က ညာဖက်ပေါင်တွင် သေနတ်ကျည်ဆံ ထိမှန်၍ ဆေးရုံတက်ရသူ လူနာတယောက်ဖြစ်ခသည်။ ရခိုင်ပြည်က နှစ်စဉ်ထုတ်ဝေသော ဓည၀တီပြက္ခဒိန်ကို ပင်တိုင်ရီးဆွဲပီးနီသော ပန်းချီဆရာ ဦးဗိုလ်ဝင်းမှာ ညာဖက်လက်ဖ၀ါးကို ကျည်ဆံထိမှန်ခသည်။ ဦးဗိုလ်ဝင်းမှာ စစ်တွေ - အထက ( ၁ ) ကျောင်းမှ အထက်တန်းပြအင်္ဂလိပ်စာဆရာဖြစ်သည် ။ ကျွန်တော်၏အမကြီးနှင့် ဦးဗိုလ်ဝင်း၏ အကိုကြီး အိမ်ထောင်ကျ၍ သူနှင့် သမီးယောက်ဖဖြစ်ရေပိုင် ငယ်ငယ်ကတည်းမှ ပြည်ပသို့  မထွက်ခွာချိန်ထိ သူနှင့် အတူတူ သွားလာနေခဲ့ ကြသည်။ ဦးဗိုလ်ဝင်းမှာ ညာဖက်လက်က မသန်မစွမ်းဖြစ်လားခကေလေး ယင်းလက်နင့်ပင် သူတတ်ကျွမ်းရေ ပန်းချီပညာကို ရက်ပြတ်ဆွဲနီလူဖြစ်သည် ။ ယေကေလေး သက်မွေးဝမ်းကျောင်း ဆွဲနီသူမဟုတ် ။
ဆန်ပြသနာနိမှာ ကျွန်တော်မသီမပျောက် ဒဏ်ရာမရခပါ ။ တချိန်တည်းမှာပင် ဤပြသနာကို ဖြီရှင်းရန်အတွက် သီကံမရောက်သက်မပျောက်ခဟု ဆိုနိုင်ပါသည်။ ယင်းအတွက်ကြောင့် ယေဘူယျကြီနပ်နှစ်သိမ့်ခြင်းရာဖြစ်သည်။ တိတိကျကျပြောရဖို့ ဆိုကေ တနိနိတချိန်ချိန်တွင် ၁၉၆၇-ခုနျစ် သြဂုတ်လ-၁၃-ရက်နိမှာ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရအောင် အမိန့် ပီး ခိုင်းစ်ီခရေ မဆလအစိုးရက တာဝန်ဟိရေလူတိကို လက်စားချီဖို့  သမိုင်းပီးတာဝန်ကို ကျွန်တော်ထမ်းဆောင်လိုပါသည်။ ယင်းချင့်မှာ အမှန်တရားဖြစ်သည်လို့ လေး ထင်မြင်ယူဆထားပါသည် ။
ခိုင်အောင်ကျော် ( နယူးယောက် )