Monday, August 8, 2011

ကမ်းထောင့်ပြိုကျလာမှုကြောင့်လူနေနေအိမ် တစ်ချို့ စိုး ရိမ်နိန်ရ

မင်းပြား။ရခိုင်ရိုးမ။၉။၈။၂၀၁၁
တဇတဇပြိုလာရေ ကမ်းထောင့်ကြောင်း ယင်းအနီးရှိလူနေအိမ်တိ ရေစိုးရိမ်ရသည့် အနိန် အထားနန့် ရင်ဆိုင်နိန်ရ ကြောင့်စုံစမ်းသိရှိရသည်။ ဇူလိုင်လ အတွင်းမင်းပြားမြို့နယ်မှာ ရီကြီးခရေ အတွက်ကမ်းထောင့် တိပြိုကျလားပြီး အဂုခါကမ်းထောင့်ပြိုကျလာစွာရေ လူနေအိမ်တိနန့် နီးကပ်လာရေအတွက် စိုးရိမ်နိန်ကြခြင်း ဖြိုက်သည်။
နောက်တခေါက်ရာဆိုကေ မလွယ်ဗျာ၊ အခုတောင် ကမ်းထောင့်ပြိုလာစွာ
နီးကပ်လာဗျာယ်၊သုံးတောင်လာက်ရှိယာ၊ရွိ့ပြောင်းဖို့ကလဲလောလောဆယ်မြီကွက် က မ၀ယ်နိုင်သိမ့် “ လို့ ပြည်တော်သာရပ်ကွက်ကဒေါ်သာဖြုကရခိုင်ရိုးမကိုပြောပြသည်။

လွန်ခရေ၄ရက်လောက် လဲဦးစိုတင့်ရပ်ကွက်က အိမ်တဆောင်ရေကမ်းပြိုစွာ အထဲမှာ ပါလားခြင်း ကြောင်းမိုးကြီးလာပါကစိုးရိမ်ရရေကမ်းပြိုလာနိုင်ကြောင်းသိရသည်။

“ချောင်းဖျားမှာမိုးကြီးကေတော့စိုးရိမ်ရရေ။အဂုတခေါက်ရာ မိုးကြီးဖို့ဆိုကေ ကမ်းနားလမ်း အိမ်တိအားလုံးပါ လားနိုင်ရေ၊ဇာလဲဆိုကေကမ်းထောင့်ပြိုကျလာစွာနန့် တစိချေ ကျန်ဗျာလေ ၊ ဖြစ်နိုင်ကေ
အိမ်ပြောင်းချင်ဗျာယ်၊မြီကွက်ကမ၀ယ်နိုင်၊အစိုးရက စနစ်တကျလုပ်ပီး ကေကောင်းဖို့”လို့သူက ဆက်လက် ပြောပြသည်။

ကမ်းထောင့်ပြိုကျမှုကာကွယ်ရန် ကျောက်တုံးတိနန့် ကားထားကေလဲ ရီစီးပြင်းရေအတွက် ထပ်ပနာ ပြိုကျ လာကြောင်းသိရသည်။

ယင်းအနီးတ၀ိုက်ရှိ ဒေသခံတိရေဆင်းရဲနွမ်းပါးပြည်သူ တိ လဲရှိရေပိုင် တခြားနိန်ရာသို့ ရွီပြောင်းဖို့လဲ ဖေသာ ကျပ်တည်းရေအတွက်အခက်ကြုံနိန်ရခြင်းဖြိုက်သည်။

ကမ်းနားလမ်းက ပြည်သူတိအတွက် သီးခြားမြီကွက်ကို ကင်းဆိပ်အနီးမှာ သတ်မှတ်ထား ကေလဲ မြို့နန့် အလှမ်းဝီးရေအတွက်ဒေသခံတိအနီနန့်ရွိးချယ်စရာခက်ခဲနိန်သည်။

ပန်းမြောင်းမှာလဲကမ်းထောင့် တိပြိုလာရေအတွက် လူနေအိမ်တိကို နှစ်စဉ် နောက်ဆုတ်ရပနာ ကမ်းထောင်းထက်မှာ ရှိရေဈီးနိန်ရာကိုလဲ အထက်ပိုင်းသို့ တဖြေးဖြေးရွှိ့လာရကြောင်း သိရသည်။

ယင်းအပြင်မြောက်ဦးမြိ့နယ်မြရိပ်ကျွန်း၊ရွှေထွန်းဖြူ၊ဆင်အိုး။လီညင်းတောင်၊ ရွာတိမာ ကမ်းထောင့် အဆက်
မပြတ်ပြိုကျမှုကြောင်းနေအိမ်တိကိုပြောင်းရွှိနိန်ရကြောင်း၊ဟင်းခြင်းမာစိုက်ပျိုးထားရေနှစ်ရှည် သီးနှံပင်တိလည်း နှစ်စိုင်ကမ်းထောင့်ပြိုမှုကြောင်းအများအပြားပျက်စီးဆုံးရှုံးနိန်ရကြောင်းသိရသည်။

ယင်းသို့မြို့နယ်တိုင်းအတွင်းကမ်းထောင့်ပြိကျမှုကြောင်းနေအိမ်တိပြောင်းရွိနိန်ရခြင်း၊ စိုက်ပျိုးရေး ဥယိုင်ခြံ နှစ်ရှည်သီးနှံပင်တိနှစ်စိုင် ပျက်စီးဆုံးရှုံးနိန်ရခြင်းကို ဒေသအာဏာပိုင်တိက ကူညီပံ့ပို့ပီး ခြင်းတိ လုံးဝ မရှိဖူးကြောင်းသိရသည်။

ယင်းသို့ကမ်းထောင့်ပြိုကျခြင်းရေလေးမြို့ချောင်း ဒေသကကျောက်အများအပြား ထုတ်ယူခြင်းနန့် ဆက်စပ် မှုရှိရေလို့ဒေသခံတိကဆိုသည်။

သို့သော်လည်းအာဏာပိုင်တိမာ ကားလမ်း စီမံကိန်းတိ အတွက် ကျောက်စရစ် လိုအပ်ချက်ကို လေးမြို့ချောင်းက စိုင်ဆက်မပြတ် မဆင်မခြင်ထုတ်ယူနိန်ဆဲဖြိုက်သည်။

အလားတူပေါက်တောမြို့မှာလဲကမ်း ထောင့်ပြိုရေအတွက် ကျောက်တုံးတိနန့် အရေးတကြီး ကာဆည် နိန်ရသည်။ ကမ်းထောင့်ပြိုကျလာ မှုကြောင့်လူနိန် အိမ်တစ်ချို့စိုးရိမ်နိန်ရရေလိုသတင်းရဟိပါရေ။