Monday, August 15, 2011

၄၄ နှစ်မြောက် စစ်တွေ ဆန်ပြဿနာနိန့် အခမ်းအနားကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘာဇာတွင် ကျင်းပ

ရခိုင်ရိုးမ။ 13, August
၄၄ နှစ်မြောက်ကြိမ်မြောက် ကျရောက်တေ ၁၃ သြဂတ်စ် စစ်တွေ ဆန်ပြဿနာနိန့် အခမ်းအနား ကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံနယ်စပ်မြို့ ကော့စ်ဘာဇာတွင် ဂနိန့်ကျင်းပ ပြုလုပ်ခကြောင်း သတင်းရရှိပါသည်

ဆန်ပြဿနာနိန့်မှာ ကျဆုံးလားခကတ်တေ ပြည်သူတိကိုရီမှန်းပြီးကေ တမိနိ ဂါရ၀ပြုလို့ အခမ်းနားကို ဖွင့်လှစ်ခကတ်ပါသည်။
ဆန်ပြဿနာအရေးအခင်းမှာ ကိုယ်တိုင် ပါဝင်ခဖူးသူ အသက် (၇၀) ကျော် အရွယ် APCRB ဥက္ကဌ ဦးခိုင်ကျော်ခိုင်မှ စစ်တွေဆန်ပြဿနာ အရေးအခင်းဖြစ်ပွားရပုံကို သဘာပတိ အပိတ်မိန်းခွန်း၌ အဂုပိုင်ပြောပြခပါသည်။
’’ဆန်ပြဿနာဖြစ်ခရရေအကြောင်းရင်းက ရခိုင်ပြည်ကဆန်ကို ပြည်ပနိုင်ငံတိကိုပို့ရေ။ ပြီးကေ ဧရာဝတီ လီမုန်းဒိုင်းကျရေ ဒေသတိကို ရခိုင်ပြည်ကဆန်တိကို တင်ပို့နိန်စွာမာ ရခိုင်ပြည်မာ ရခိုင်သားတိ စားစရာ ဆန်မရှိ ဖြစ်လားခဂတ်ပါရေ။ ယင်းပိုင်ဖြစ်နိန်ရေအတွက် ဦးနေ၀င်း စစ်အစိုးရကို တင်ပြကတ်ပါရေ။ ယင်းအချိန်က ရခိုင်ပြည်မှာ အာဏာဟိရေ ဗိုလ်မှူး စောဖြူ ဖြစ်ပါရေ။ နောက်ဆုံး လမ်းမထက်ကိုထွက်ပြီးကေ ဆန်ရဟိဖို့ကို တောင်းဆို ဆန္ဒပြကတ်တေ ယင်းပိုင်ခါ စစ်တပ်ကသနတ်နန့် ရက်ရက်စက်စက် ပစ်သတ် ခပါရေ ခန့်မှန်း ရသလောက် အပြစ်မဟိရေ ရခိုင်ပြည်သူ ၃၀၀ ကျော်သီဆုံးခကတ်ရပါရေလို့ အခမ်းအနားတွင် ပြောပြခပါသည်။
သဘာပတိ အဖြစ် သာသနဦးသျှောင်အတွင်းရေးမှူး ဆရာတော် ဦးစန္ဒာဝရ၊ ဗဟိုလ်ကော်မီတီဝင် ကိုယ်တော်ဦးခေမာနှင့် လူပုဂ္ဂိုလ်တိဖြစ်ကတ်တေ ဦးမောင်ဟန်(အယင်က ACP ဥက္ကဌ) ဦးထွန်းရဲ(NUPA) ဦးခိုင်ကျော်ခိုင်ရို့က တာဝန်ယူဆောင်ရွက်ခကတ်ပါသည်။ အဖွင့်မိန်းခွန်းစကားကို ဆရာတော် ဦးစန္ဒာဝရက ပြောကြားခပြီးကေ နောက်ထပ် ဆန်ပြဿနာ အရေးအခင်းမှာ (ဆန်ပြဿနာဖြေရှင်းပါ ရခိုင်အရေးတော်ပုံ အောင်ရမည်) ဆိုင်းဘုတ်ကို ရွီးဗြီး အဓိကဦးဆောင်ခသူ ဦးခိုင်အောင်ကျော်(USA)က ဝမ်းနည်းကြောင်းသဝဏ်လွှာကို ပီးပို့ ဖတ်ကြားဗျာ ယင်းနောက် RWU. ANC AASYC. IFA.ANFU.နန့် တသီးပုဂ္ဂလိက မျိုးချစ်များမိန်းခွန်းစကားတိကိုပြောကြားခကြောင်း သတင်းရဟိပါသည်။ အခမ်းနားဖြစ်မြောက်ရေးကော်မတီက လက်ဟိအစိုးရကို အသိပီးတောင်းဆိုရေ အချက်တိကို အခမ်းအနားဆောင်ရွက်ကတ်တေ ကိုနီကျော် နန့် ကိုခိုင်စိုးရို့ က ရခိုင်ရိုးမကို အဂုပိုင်ပြောပြခပါသည်။
’’အေနိန့် ပြုလုပ်တေရည်ရွယ်ရေချက်တိကတော့ခါ

(၁) ဦးနေ၀င်းလက်ထက် က ကျူးလွန်ခရေ အမှားမျိုးတိကို အဂုလက်ဟိ အစိုးရအနိန်နန့် ဆက်လက်မမှားမိဖို့ (၂) စစ်မှန်ရေပြည်ထောင်စု အစိုးရတရပ် ပေါ်ပေါက်လာဖို့်

(၃) နိုင်ငံရေးကိုလက်နက်နန့်မဖြေရှင်းဘဲနိုင်ငံရေးအရဖြေရှင်းဖို့ဒေအချက်တိကိုကျနော်ရို့အဓိကတောင်းဆိုပါရေဟုဆိုသည်။
အခမ်းနားကို မိုးထ ၉ နာရီမှာစတင်ခပြီးကေ သံဃာတော်အရှင်ဘုရားရို့ ဆွမ်းသုံးချိန် ၁၁ နာရီ ၃၀ မှာ ပြီးဆုံးခပါသည်။ ယင်းနောက်ပိုင်း ဆန်ပြဿနာနိန့်မှာ သီဆုံးလားခရေလူတိအားလုံးကို ရွယ်စူးပြီးကေယင်းအခမ်းအနားပြုလုပ်နီရေ ကျောင်းရှင် အသျှင်ဘုရားဘားမှာရီစက်ချအမျှဝီဆန်လှူဒါန်းခကတ်ပါရေ။အခမ်းနားကို ဒီဗွီဘီ။ရက္ခပူရ။နိန်ရိဉ္စရာ ။လေးဝတီ သတင်းဌါနရို့ နန့် ဒေသခံတိပါ လူပေါင်း ၃၀ ကျော်တက်ရောက်ခဗြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခပါသည်။

ခိုင်သဇင်(လေးဝတီဝိုင်းတော်သား)