Wednesday, August 3, 2011

လူဖမ်းပွဲလုပ်မေ-ကျောင်းသားတိ ကျောင်းထုတ်မေဆိုကေ ဆန္ဒပြပွဲ ဆက်လက်ဖြစ်နိုင်

လေးဝတီ။။ စစ်တွေ။

စစ်တွေမြို့ မှာ တက္ကသိုလ်ကျောင်းသားတိ ဆန္ဒပြ့ပွဲကို နှစ်ရက်တိတိ ပြခကတ်ဗြီးနောက် ပြသနာက လူဖမ်းပွဲ လုပ်လာဖို့ လားဆိုစွာက ဟိနီလာပါရေ ။ ဒေပိုင်ဆန္ဒပြပွဲမှာ ရဲတိ၊စသုံးလုံးတိ ၊ စစ်ဖက်ဆိုင်ရာ လုံခြုံရီးတပ် ( စအဖ) က နီပနာ ဆန္ဒပြနီချိန် တချိန်လုံး ဓါတ်ပုံလိုက်လို့ ရိုက်နီခကတ်ပါရေ ။

ယေဇူးနင့်လေး ဓါတ်ပုံမှာ ပါခရေ ကျောင်းသားတိကို အဓိက လိုက်ပနာ ဘုန်းကြီးကျောင်းတိ နင့် ဆွီမျိုးမိသားစုတိ အိမ်မှာ လိုက်ပနာ ရှာနီကတ်တေလို့  မိသားစုဝင်တယောက်က ပြောပါရေ ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ဒေကိစ္စကို ကျောင်းသားတိ ကျီနပ်အောင် ပြောဆိုခလို့  ဆန္ဒပြပွဲကို ရပ်ထားခစွာဖြစ်ပါရေလို့  သိရပါရေ ။

ဒေကနိကုန်ဈေးနုံးတိ အဆမတန်ကြီးမြင့်နီလို့  ပြည်သူလူထုမှာ စားဝတ်နီရီး ကြီးရေအထဲ အခုပိုင် ကားခမတန်မဆ ကောက်လာရေအတွက် ဆန္ဒပြခကတ်လို့  ၀န်ကြီးချုပ်ကိုယ်တိုင် ဂတိခံပနာ လုပ်ခကတ်ရစွာဖြစ်ပါရေ ။ ယေကေလေး အခုပိုင် ကျောင်းသားတိက ဆန္ဒပြပွဲကို ရပ်လား စွာနင့် ဓါတ်ပုံရိုက်ထားရေအတွက် ခေါင်းဆောင်လို့  မယုံသင်္ကာ ဟိရေ လူတိကို ဖမ်းဖို့  ဆိုကေ ဆက်လက်ပနာ ဆန္ဒပြပွဲကို လုပ်လားဖို့ ရာ ဟိကတ်တေလို့  သိရပါရေ ။

နောက်တခါဆန္ဒပြပွဲဖြစ်လို့  ဟိကေ ကျောင်းသားတိကလေး ဓါတ်ပုံတိရိုက်ယူထားဖို့ လိုနီပါလို့  ပြောနီကတ်ပါသိရေ ။ ဇါဖြစ်လို့ ဆိုကေ ပုလိပ်တိ ၊စသုံးလုံးတိ၊ စအဖ တိက ဓါတ်ပုံရိုက်ကေ ယင်းသူရို့ ကိုလေး ပြန်လို့  ရိုက်ထားဖို့  လိုရေလို့  ပြောနီကတ်ပါရေ ။ မှတ်တမ်းတင် ဓါတ်ပုံတိ ၊ ဗွီဒီိယိုတိကို ရိုက်ထားကေ ဖမ်းချင်တိုင်းဖမ်းလို့  မရဘဲ အခြီအနီတိကို ဖြီရှင်းလို့  ရနိုင်ကတ်ပါရေလို့  မှတ်တမ်းတင်ဓါတ်ပုံရိုက်သူတိက ပြောဆိုနီကတ်ပါရေ ။

ယင်းပိုင် တက္ကသိုလ်ကျောင်းသားတိ ဆန္ဒပြပွဲလုပ်နီကတ်စွာမှာ သီကေသီလီ ဖမ်းကေ ဖမ်းလီ ဆိုပနာ မသိရေပိုင် နီရေပုံစံမျိုးနင့် ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတိက ၀န်ကြီးတိ ၊ လွှတ်တော်ကိုယ်စားလှယ်တိ ၊ ပါတီဝင်တိပါ ရှောင်နီရေအတွက် တက္ကသိုလ် ကျောင်းသားတိကလေး မကြီမနပ် ဖြစ်နီသံတိကို ကြားနီရပါရေ ။ စစ်တွေတကက္ကသိုလ်ကျောင်းသား ဆန္ဒပြပွဲမှာ -၂-ရက်ဆက်တိုက် ဖြစ်ပွါးခဗြီးနောက် အခုပိုင် လူဖမ်းပွဲ လုပ်စွာတိ ၊ ကျောင်းသားတိကို ကျောင်းကထုတ်စွာတိ လုပ်လာကေ ဆက်လို့  ဆန္ဒပြပွဲ လုပ်ကတ်ဖို့ လို့  တိုင်ပင်ညှိနိုင်းနီကတ်စွာကိုလဲ ကြားနီရပါရေ ။


အခုပိုင် ကုန်ဈီးနုံးကြီးမြင့်လာရေအတွက် မော်တော်ကားခကြီးမြင့် ရေပိုင် ပြည်တွင်းရီကြောင်း သင်္ဘောလိုင်းတိလေး အဆမတန်ကြီးမြင့်လာမူ ဟိလာရေစွာကိုလေး ဆန္ဒပြကတ်ဖို့ ဖြစ်လာနိုင်ရေလို့ ပြောဆိုသံတိ ထွက်လာနီပါရေ ။ စစ်တွေ တက္ကသိုလ်ကျောင်းသားတိ ဆန္ဒပြပွဲကို နိုင်ငံတကာအပါအ၀င် အမေရိကန်နိုင်ငံက ရခိုင်လူမျိုးတိကလေး စောင့်ကြည့်နီကြောင်း သိရပါရေ ။

ဒေပိုင် လူဖမ်းပွဲ လုပ်မေ - ကျောင်းသားတိကို ကျောင်းကထုတ်မေဆိုကေ ဆက်လက်ပနာ ဆန္ဒပြ့ပွဲလုပ်ဖို့  ဟိရေလို့  ဆင်ကူလးမ်းရပ်ကွက် ဦးရဲကျော်သူကျောင်းနားက တက္ကသိုလ်ကျောင်းသား ကိုကျော်ထွန်းဇံက ပြောပါရေ ။

ပြီးခရေ လက ရီကြောင်းခရီးလား ရေ သင်္ဘော နန် ကုန်းလမ်း ဘတ်စကားလှိုင်းတိ ကို ကြံ့ခိုင်ရေး နန်နီးစပ်တေလူတိ ကြံခိုင်ရေး တိ က လေလံဆွဲ ဗျာလ် သင်္ဘောခ၊ဘတ်စကားခ၊တိကို အဆမတန် ဈီးနုန်းမြင့် တက်လာ ရေ အတွက် ရခိုင်ပြည်က တက္ကသိုလ်ကျောင်းသားတိ ဆန္ဒပြ လာရစွာဖြစ်ပါရေ။ စစ်တွေတက္ကသိုလ် မှာ ဘတ်စကား ခ ကိစ္စကြောင်း အကြိမ်ကြိမ် ဆန္ဒပြဗျာလ် တောင်းဆို ခဖူးကြောင်း သတင်း ရဟိန်ပါရေ။