Wednesday, August 10, 2011

ပြတိုက်ထဲက ဖေါက်ထွက်ပနာ

ကျွန်တော့်မှာ ဆန္ဒနှစ်ခု ဟိနီပါရေ ။ ယင်းဆန္ဒက တခါချေလေး ပြည့်လီဖို့  မထင်ပါဒေ ။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာ ကျွန်တော်နီထိုင်စွာ ကြာလာလီ ယင်းအသိတရားက နှိပ်စက်လားလီဖို့ စွာပါရာ ။ အမှန်က ယင်းအသိတရားက ခံစားနီရစွာပါလို့  ရီးကေ ကောင်းကောင်းကြီး မှန်ပါဖို့ စွာပါရာ ။ ယေကေလေး ကျွန်တော်ယင်းပိုင် မရီးချင်ပါထော ။ နှိပ်စက်လားလီဖို့  စွာပါရာလို့  ရီးစွာက ပိုလို့  ပြည့်စုံ ပိုင် လေးနက်တေလို့  ထင်မိပါရေ ။ ကျွန်တော်ယှင်းပြချင်ပါရေ ။ တတ်နိုင်လို့  ဟိကေ ကျွန်တော်ပြောစွာကို နားလည်ကတ်ဖို့  ထင်ပါယင့် ။ ကျွန်တော်က အမေရိကန်နိုင်ငံကို အခြီချ လာစွာက နိုင်ငံရီးပြသနာနင့် ပါတ်သက်လို့  ရောက်လာရေ လူဖြစ်တေခါ နိုင်ငံရီးနင့်လေး ၀ီးနီ့ လို့ မရစွာက တကြောင်းပါနီပါရေ ဒေ။ ယေကေ ကျွန်တော်နိုင်ငံရီးကိစ္စတိနင့် ဆက်သွယ်နီရပါရေ ။ နိုင်ငံရီးအဖွဲ့ တိနင့် စကား ပြောနီရပါရေ ။ နိုင်ငံရီးဆောင်းပါးတိ ၊ စာပီတိကို ရီးနီရပါရေ ဒေ။ ယင်းပိုင်စွာနင့်ပင် ကျွန်တော်အသက်သီလားဖို့  စွာပါရာ ။ကျွန်တော့်ဘ၀ကို ရခိုင်နိုင်ငံရီးလောကမှာ မြုပ်နှံထားရေအတွက် သီရကျိုးလေး နပ်တေလို့  ထင်ထားစွာပါချင့် ။ ယင်းပိုင်စိတ်ကူးစိတ်သန်း ဟိရေအတွက်လေး အခုပိုင် အနှိပ်စက်ခံနီရစွာ အသိတရားနှစ်မျိုးက ဟိနီစွာပါရာမနား ။ ယှင်းယှင်းလင်းလင်း ပြောပြပါမေ ဒေ။
ကျွန်တော်နင့် ရခိုင်နိုင်ငံ ကောင်းကောင်းဝီးနီပါရေ ဒေ ။ ယေဇူးနင့် ရခိုင်နိုင်ငံသတင်းတိကို ကြားချင် နီပါရေ ။ သိချင်နီပါရေ ။ ကံကောင်းလို့  -၂၁- ရာစုမှာ တိုးတက်နီလာလို့  ကွန်ပြူတာပေါ်နီလို့  စာတိပီတိ ဆက်သွယ်လို့  ရရေပိုင် ဖြစ်နီလို့  ကံကောင်းပါးသိရေ ထော ။ ဒေပိုင်စွာမျိုးမှာ လက်ကိုချိုးလို့  ရီတွက်ကေ ကျွန်တော်နင့် အဆက်အသွယ်ရရေ လူတိထဲက သတင်းချေတိ တိုလီမုတ်စချေတိ ကြားရပါယင့် ။ ယေဇူးနင့်ပင် ကျွန်တော် က အမေရိကန်နိုင်ငံက ပျော်နီပါရေထော ။ ဇါဖြစ်လို့ ဆိုကေ ကိုယ့်ဘားက သတင်းချေတိကို ကြားနီရလို့  ပါနားရာ ။ ယေကေလေး အများကြီးသိချင်ပါရေ ။ တစိချေသိကေ တစိချေလောက် ကျွန်တော် တတ်နိုင်ရေ ဖက်က ပြောပီးရေ ၊ ဆိုပီးရေ ။ လုပ်ပီးရေစွာ တိ ဖြစ်နိုင်ပါရေ ။ တခုချေလေး မသိခကေ နားပင်းပိုင် မျက်စိအကန်းပိုင် ဖြစ်နီခကေ ကျွန်တော်ဇါတခုကိုလေး အကူအညီ မပီးနိုင်ပါမနား ။ ခက်နီစွာက ကျွန်တော်ရို့ ဖက်က အခြီအနီတိမှာလေး မပြောဝံ့စံစွာတိနင့် ဖေ့သာအကုန် မခံနိုင်လို့  မပြောနိုင်ကတ်စွာတိကိုလေး ကိုယ်ချင်းစာပါရေ ။ ဇါပင်ဖြစ် ဖြစ် တခုချေ နှစ်ခုချေလောက် သိရရေပင် အာသာပြီဖို့  ပါကာ ။ ယင်းပိုင် ကို ယ့်ဘားက သတင်းချေတိကို မသိရရေအခါ သိချင်ရေ ဆန္ဒပြင်းပြလာပါရေ ယေ။ ယင်းချင့်ကပင် ကျွန်တော့် ကို နှိပ်စက်စွာပါကားယေ ။ ရခိုင်နိုင်ငံနင့် ၀ီးလီလီ သတိရကတ်စွာက ရခိုင်သားတိုင်းမှာ ဖြစ်နီကတ်စွာ ရောဂါပါရာ ။ မိသားစုတိကို သတင်းအဆက်အသွယ် လုပ်ကတ်စွာကပင် သတိရစွာကို ပြောစွာမဟုတ်ပါလား ယေ ။ ဇါပင်ဖြစ်ဖြစ် မွီးရပ်မြီကို သတိရစွာကတော့ လူတိုင်းမှာဇီ ဟိကတ်ဖို့  စွာပါရာမနား ။
ယင်းပိုင်စွာမျိုးမှာ သတင်းငတ်လို့  ပြသနာတက်ကတ်ရစွာက တပိုင်းပါထော ။ ယေကေ သတင်းမငတ်ရအောင် နည်းမျိုးစုံနင့် ကြိုးစားကြည့်ရစွာပါဗျန် ။ တချို့ က မပြောဝံ့လို့  မပြောဘဲ နီရေပိုင် တချို့ ကေလေးသွင့် နားမလည်လို့  မပြောတတ်စွာလဲ ဟိပါဖို့  နားရာယင် ။ ထားပါဖိ လေ ။ ခေတ်ရီစီးကြောင်း ပြောင်းလားနီစွာကို အခုခေတ် ကလေချေတိ ကလေ့မေချေတိက မသိစွာကို ခွင့်လွှတ်ပလိုက်ကတ်ပါမေဖိ ။ လူကြီးတိ ဟိစွာပါရာမနား ။ စိုင်းစားကြည့်လိုက်တေအခါ ကျွန်တော်ရို့ ဖက်က လူကြီးတိက ကွန်ပြူတာထိုင်ဖို့  ပြသနာဖြစ်နီပါရေထော ။ ဘုရားကျောင်းကန်မှာ ပုတီးစိတ်နီရေ အရွယ်က ကွန်ပြူဆိုင်မှာ ထိုင်လို့ လေး မသင့်တော်ပါကားယေ ။ အိမ်မှာကလေး မဟိ ဆိုရေခါ ကောင်းကောင်း ဂွကျစွာပါဗျယ် ကာ ။ ယေကေ နိုင်ငံရီးအဖွဲ့ အစီးတိမှာ ပါနီရေ လူကြီးတိ ကျရေအခါဝါ ။ ယင်းပိုင်လေးသွင့် တချက်ချေ စိုင်းစားကြည့်မိပါယင့် ။ ခက်နီစွာက နိုင်ငံရီးပါတီတိမှာ သတင်းနင့် ပြန်ကြားရီးလေး မဟိလီလား မသိပါဒေ။ တလိုင်းက ရခိုင်တိုင်းရင်းတိုးတက်ရီးပါတီက စာစောင်တခုကို တွိလိုက်ရပါရေထော ။ ကျွန်တော်မျက်စိပြူးလားရပါရေ ယေ ။ လန့် လဲ လန့် လားပါရေ ။ ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီက ထုတ်တေစာစောင်ကို ထုတ်ဝီစွာက နိုင်ငံရီးပါတီက ပါ မနား ။ ယေကေ ရခိုင်သား ပါတီရာပါ ဒေ။ ယင်းရခိုင်သားပါတီမှာ အယ်ဒီတာရို့  ၊ အကြံပီးရို့  ၊ ယုတ်စွအဆုံး စာရီးရေ လူတိကလေးသွင့် ရခိုင်သားရာ ဖြစ်ဖို့  များပါရေ ။ ယေကေ ဖတ်တေ လူတိပါဝါ ။ ယင်းစာစောင်ကို ဗမာပြည်ကို ပို့  စွာကား မဟုတ်ပါကား ။ ဖြန့် ဖို့ စွာကား မဟုတ်ပါကား ။ ဗမာပြည်မှာ ဖြန့် ခြီလို့ လေး အကျိုး မဟိ ။ လူရာပင်ပန်း လီပါဖို့  ။
ယေကေ ကျွန်တော်ပြောချင်စွာက ရခိုင်သားပါတီ ထုတ်တေ စာစောင်ကို ရခိုင်သားဖတ်ဖို့  အတွက် ထုတ်တေ ဆိုကေ ဇါဖြစ်လို့  ရခိုင်လီသံနင့် ပြောစွာ ၊ ရခိုင်လီသံနင့် ပြောစွာ ၊ စာစောင်ကို မထုတ်ပါလေချင့် ။ ဇါသူကဟန့် ထားပါလို့ လေး ။ ဇါအကြံပီးကပင် ယင်းပိုင်ထုတ်ဖို့  အကြံပီးခပါလေချင့် ၊ ရခိုင်တိုင်းရင်းသား တိုးတက်ရီးပါတီက ရခိုင်စာပီတခုကို စံအဖြစ် ထားဖို့  နိုးဆော်ခပါသိရေ ယေ။ ယင်းပိုင်ဆိုကေ ဇါဖြစ်လို့  ပါတီစာစောင်မှာ ရိုးမတောင်ကျော်လို့  အောက်သားလီသံတိနင့် ရီးစွာမျိုးစာပီကို အတုယူပနာ ရီးနီကတ်ပါလေချင့် ။ ယေဇူးနင့် ဒေကိစ္စကို အယင်ဆုံးပါတီဥက္ကဌ ရို့ ကအစ ပါတီဝင်တခုလုံးက သီသီချာချာ သုံးသပ်ပနာ ချက်ချင်း ရခိုင်တိုင်းရင်းသား တိုးတက်ရီးပါတီက ထုတ်နီရေ စွာမျိုးကို ချက်ချင်း ရပ်တန့် ပီးဖို့  မေတ္တာရပ်ခံပါရဇီ ။ ဒေပိုင် အကြံပီးစွာက ရင်ထဲမှာ ခံစားရစွာကို နာကြင်နီရေအတိုင်း ပြောစွာလို့  မှတ်ထားပါလီကတ်ဖိ လို့ ရာ ပြောချင်ပါရေ ။ ကျွန်တော်ကား တခါတခါ နိုင်ငံရီးပါတီတိကို အံ့သြလို့  မဆုံးပါယေ ။ ရခိုင်သားနိုင်ငံရီးပါတီလို့ ရာ ဆိုရေ ။ ထုတ်လိုက်တေ စာစောင် ထုတ်လိုက်တေ ကြောညာချက် ၊ ရီးလိုက်ကတ်တေ ဆောင်းပါးကို ဖတ်လိုက်ရဗျန် မြင်လိုက်ရဗျန် ဆိုကေ အောက်သားလီသံနင့် ရီးရေ စွာတိကို မြင်ရပါရေ ၊ ဖတ်နီရပါရေ ။ ကျွန်တော်က ရခိုင်သားဖြစ်လို့  မရီးပါကေ့လို့  ပြောနီစွာ မဟုတ်ပါနန်း ။ ရီးလို့ ရစွာအကြောင်းတိ အများကြီး ရီးပါယေ ။ ယင်းပိုင်ရီးရေအခါ အောက်သားတိ ဘလော့မှာ အောက်သားတိ စာမျက်နှာတိမှာ ရီးကတ်ပါပလင့် ။ ကြောငြာချက်ထုတ်ကတ်ကေလေး ရခိုင်သားဖတ်ဖို့ အတွက် ရခိုင်လီသံနင့် ရီးကတ်ပါပလင့် ။ တခါတခါ တန်ဖိုးဟိရေ ဆောင်းပါးတိကို ဖတ်ရပါရေ ဒေ။ ယင်းချင့်တိကို ဇါသူကလေးသွင့် ရခိုင်လီသံနင့် လုပ်ပနာ ရခိုင်ဝပ်ဆိုက်တိ ရခိုင်ဘလော့တိမှာ မတင်ဖြစ်ကတ်ပါယေ ။ ဇါဖြစ်လို့ ဆိုကေ အချိန်ကား မပီးနိုင်ကတ်ပါလေ ။ ယေဇူးနင့် ရခိုင်ဘလော့တိ ရခိုင်ဝပ်ဆိုက်တိမှာ တင်ချင်ကေ ရခိုင်လီသံနင့် ရီးစွာမျိုး အကြောင်းအရာကို တခါတည်း ရီးကတ်စီချင်ရေလို့  ၀ပ်ဆိုက်သမား ဘလော့ဂါတိက ပြောနီကတ်ပါယင့် ။
ယင်းချင့်က သတင်းငတ်နီစွာအပိုင်းနင့် ခံစားရနီရစွာပြောစွာပါရာ ။ သာရီးကအစ နာရီးကိစ္စတိကိုပါ မိသားစုနင့် ပတ်သက်လို့  သိရရေပိုင် အခြားစာရီးဆရာကြီးတိ ၊ နိုင်ရီးသမားကြီးတိ ၊မျိုးဆက်သစ် နိုင်ငံရီးသမားတိ အကြောင်းတိကို သိချင်စွာက အဓိကပါယေ ။ နောက်တခုက ရခိုင်နိုင်ငံက ယင်းပိုင်ဖြစ်ပျက်နီစွာကို မလုပ်ပီးနိုင်စွာကို စိတ်မကောင်းဖြစ်မိစွာပါရာ ။ အမေရိကန်နိုင်ငံမှာ ရခိုင်လူမျိုးတိ နယ်ပေါင်းစုံက ရောက်နီကတ်ပါဗျယ်ဒေ။ ယင်းပိုင်ရောက်နီကတ်စွာတိထဲမှာ မိသားစုကို ကူညီထောက်ပံ့နိုင်ကတ်တေ လူချည်းပါရာ ။ ၀မ်းသာဖို့ ကောင်းပါယင့် ။ ကျွန်တော်ရို့ ကလေး အချိန်ဟိသမျှ မိဖ ဆွီမျိုး နင့် ပတ်ဝန်းကျင်အ၀ိုင်းအ၀န်းတိကို ကူညီထောက်ပံ့ပီးဖို့ စွာကို အချိန်အခါရကေ ပြောဖြစ်စွာပါရာ ။ ယင်းပိုင်စွာမျိုးထဲမှာ ရခိုင်အမျိုးသားရီးအတွက် ကူညီထောက်ပံ့ခြင်းနင့် ရခိုင်နိုင်ငံရီးအတွက် ကူညီထောက်ပံ့ခြင်းတိကို ပြောပြရပါရေ ။ အများကြီးမဖြစ်နိုင်ကေလေး တဖေ့ချေလောက် ရခိုင်နိုင်ငံတော်အတွက် အကျိုးဟိစွာမျိုးကို လုပ်ပီးနိုင်ခကေ ကျွန်တော်မျက်ရည်ကျလောက်အောင် ၀မ်းသာမိပါရေ ။ ယေကေလေး စိတ်ထဲမှာ ခံစားနီရစွာက အမှန်ပါကာ ။ ဟိသမျှ ရခိုင်လူမျိုးတိကို ရခိုင်နိုင်ငံရီးနင့် ပတ်သက်လို့  ရခိုင်တော်လှန်ရီးနင့် ပတ်သက်လို့  အကူအညီထောက်ပံ့ကတ်မေလို့  ပြောလေးပြောနိုင် လုပ်လေးလုပ်နိုင်ခကေ ဇါလောက်ကောင်းဖို့ လေးလို့  စိုင်းစားမိပါရေ ဒေ။ ဒေနိအချိန်ခါ မဖြစ်နိုင်သိကေလေး တချိန်မှာ ဖြစ်လာနိုင်ဖို့  စွာပါရာ ။အနာဂါတ်ကို ကျွန်တော်ရို့  မြင်နီရပါဗျန် ။ ပါးစပ်က ပြောနီကတ်စွာတိ ၊ စာတိရီးနီတက်စွာတိကို မြင်နီကြားနီစွာမှာ ရခိုင်လူမျိုးချေတိက အမျိုးကို ချစ်စွာအကြောင်း ပြောနီရီးကတ်စွာပါရာမနား ။ ယင်းချင့်ကို စုလို့ စီးလို့  ရလားခကေ ရခိုင်လူမျိုးတိအတွက် ရခိုင်နိုင်ငံအတွက်ကို လုပ်လာနိုင်ကတ်ဖို့ လို့  ထင်ပါယင့် ။
ယေဇူးနင့်လေး ကျွန်တော့် ရင်ထဲမှာ ပြည်တွင်းထဲက ရခိုင်လူမျိုးပါးတိက သတင်းငတ်နီစွာနင့် သိရေသတင်းတိကို အခြီခံပနာ အလှပလှ မလုပ်ပီးနိုင်စွာကို စိုင်းစားကေ စိတ်မကောင်းဖြစ်မိပါရေ ယေ ။ ဇါပင်ဖြစ်ဖြစ် အနှိပ်စက်ခံနီရစွာက ယင်းပြသနာ နှစ်ခုပါယေ ။ အရင်းခံအတိုင်း ပြောရဖို့ ဆိုကေ ပြတိုက်ထဲက ဖေါက်လို့  ထွက်ပနာ လုပ်နီကတ်ဖို့  ကိုင်နီကတ်ဖို့  အချိန်တော့ ကျကတ်ပါဗျန် မနားချင့် ။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )