Wednesday, August 3, 2011

ပေါက်တောမြို့မှာ မဲဆန္ဒရှင်တချို့ လှုပ်ရှားမှု တခုပြုလုပ်

ရခိုင်ရိုးမ။ ။August 3, 2011
ပေါက်တော။ ။ပေါက်တောမြို့နယ်က ပြည်သူလူထု တင်မြောက်လိုက်တေ အမတ်သုံးဦးကို ရခိုင်ပြည်သူတိ အနိနန့် အသိအမှတ်ပြုကြောင်း ပိုစတာကပ် လှုပ်ရှားမှု တခုကို ဇူလိုင်လ ၃၁ ရက်နိက ပြုလုပ်ခကြောင်း ပေါက်တောကလာရေ သတင်းတရပ်အရ သိရသည်။

အဆိုပါ မြို့နယ်က ရတပ ကိုယ်စားလှယ် သုံးဦးရေ တရားရှုံးရေအတွက် ပြည်သူတိ မကျေမနပ်ဖြိုက်ကြပြီး ရတပပါတီကိုယ်စားလှယ်သုံးဦးကို အသိအမှတ်ပြုကြောင်း နံရံကပ် စာစောင်တိကို ဖြန့်ဝီမှုတိ ပြုလုပ်ခစွာဖြိုက်တေလို့ သိရသည်။

လှုပ်ရှားမှုမှာပါဝင်ရေ ပေါက်တောမြိုခံတဦးက

"ရတပါတီက ကိုယ်စားလှယ်တိကို ပြည်သူတိက အသိအမှတ်ပြုရေသဘောနန့် လုပ်စွာဖြိုက်ပါရေ၊ လက်ရွီးမှင်တိ ဆီးမှင်တိနန့် မဲဆန္ဒရှင်တချို့၏ သဘောထားဆိုရေစာရွက်တိကို မြို့အနှံ့လိုက်ကပ်ပါရေ။ ပြီးကေ ကြံ့ဖွံပါတီက လူတိကို အလိုမရှိဆိုရေ သဘောနန့်ပါ" လို့ ပြောသည်။

သူကဆက်လက်ပြီး
"ဖမ်းဆီးစွာတော့မရှိပါ၊ ကျနော်ရို့ စာတိကိုလိုက်ကပ်ရေ အဆင့်ပါ၊ ပြည်သူရို့၏ ဆန္ဒတိကို ထုတ်ဖော်စွာပါ၊ အဂု အသစ်ရွီးဆွဲထားရေ ဖွဲ့စည်းပုံမှာလဲပါပါရေ၊ ဆန္ဒထုတ်ဖော်မှုနန့် ပတ်သက်လို့ပါလေ" လို့ဆိုသည်။

ပေါက်တောမြို့နယ်မှာ ရတပပါတီ ကိုယ်စားလှယ်တိအပြတ် အသတ်အနိုင်ရကေလဲ ကြံ့ဖွံ့ပါတီက မဲမသာမှု ဆိုရေ စွဲချက်တိနန့် ရတပ ကိုယ်စားလှယ် ၉ ဦးကို တရားစွဲဆိုခရေအတွက် ပေါက်တောမြို့နယ်က ရတပပါတီကိုယ်စားလှယ် သုံးဦး အရှုံးပီးလိုက်ရကြောင်း သိရသည်။

လှုပ်ရှားမှုဦးရေ တရာကျော် ပါဝင်ကြောင်း အာဏာပိုင်တိကလဲ အရေးယူခြင်းမရှိကြောင်း သိရသည်။ အဂုလှုပ်မှုမှာ အရပ်သားတိဖြိုက်တေပိုင် ရတပပါတီဝင်တိလဲ ပါဝင်ကြောင်း ပေါက်တောမြို့ခံ အနိန်နန့် ကြံဖွံ့ပါတီကို မလိုလားမှု အပေါ် လှုပ်ရှားမှု ပြုလုပ်ခြင်းဖြိုက်ကြောင်း ရပတပါတီ မဲနိုင်ရေ ဒေသတိမှာလဲ ကြံ့ဖွ့ပါတီက မကျေနပ်ရေ သင်္ကေတတိ ပြုလုပ်လာကြောင်း သိရသည်။

ယင်းအပြင် မင်းပြားမြို့နယ်မှာလဲ ရတပ ပါတီဝင် ရယက ၈ ဦးကို မြို့နယ်အုပ်ချုပ်ရီးမှူးက တရားစွဲဆိုထားသည်။ မြန်မာအစိုးရသစ် လက်ထက် ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားမှုရေ တတိယ အကြိမ်မြောက်ဖြိုက်သည်။ မြောက်ဦးမြို့က လောကမဉ္ဖူ ရှီးဟောင်းဘုရားကို နေပြည်တော်သို့ ပင့်ဆောင်ရန် ကြိုးပမ်းမှုအပေါ် ရခိုင်ပြည်သူတိက နှစ်ကြိမ်တိုင်တိုင် ကန့်ကွတ်ခကြောင်း အဂု ပေါက်တောမှာလဲ ပြည်သူရို့၏ ဆန္ဒအမှန်ကို ဖော်ထုတ်ပြသခြင်း ဖြိုက်ကြောင်းသိရသည်။

မဲဆန္ဒရှင်များ၏ သဘောထား
၂၀၁၁ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော ရတပမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွန်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်သိန်းတို့အား ပေါက်တောမြို့နယ် မဲဆန္ဒရှင်များက အသိအမှတ်ပြုသည်။ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဦးစောလှ၊ ဦးထွန်းအောင်ခိုင်၊ ဦးမောင်ထွန်းမြတို့အား မဲဆန္ဒရှင်ပြည်သူများက လုံးဝအသိအမှတ်မပြုလိုကြောင်း ပါရှိသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်ရေ ဇူလိုင်လ ၃၀ ရက်နိကစစ်တွေမြို့ကိုရောက်လာရေအချိန် ရခိုင်ပြည်သူတိ အနိန်နန့် ကျဉ်းမြောင်းရေ လူမျိုးရေးဝါဒစွဲ၊ ဒေသစွဲတိကို မထားရှိဖို့ အကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ အပါဝင် ရပ်ဖိရပ်ဖတိကို အခမ်းအနားမှာ ပြောကြားလားခြင်း ဖြစ်သည်။

ယင်းပိုင်သမ္မတ မိန်းခွန်းအပေါ်ပြည်သူတိ အနိန်နန့် မီးခွန်းထုတ်စရာ ဖြိုက်လားကြောင်း အခမ်းအနားကို တက်ရောက်ခသူတယောက်က အဂုပိုင်ပြောသည်။

"သမတ ပြောခရေ စကားက ဇာကိုဆိုလိုလဲဆိုစွာ အားလုံးသူသိလားကတ်တေ၊ ကျဉ်းမြောင်းရေ လူမျိုးရေးဆိုရေ စကားကို သုံးရေဆိုလောက်ကပင် ရခိုင်လူထုကို မကျေနပ်ဆိုစွာကိုပြသပိုင် ရောက်တေ။ ကြံ့ဖွံ့ပါတီက ရခိုင် တပြည်နယ်လုံးကို မဲ မနိုင်ခရေ အတွက် အဂုပိုင်ဒေါသထွက်နိကတ်စွာ"လို့ ရခိုင်ရိုးမကိုပြောသည်။

လက်ရှိ အနိန်အထားရ ကြံ့ဖွပါတီအနိန်နန့် ရတပကိုတိုက်ခိုက်မှုတိ ပိုလုပ်လာနိုင်ကြောင်း သိရသည်။

ကနဦးအခြေအနေမှာ ရခိုင်ပြည်သူတိက ရတပပါတီရေ ကြံ့ဖွ့ပါတီ၏ နောက်လိုက်ဟု သတင်းတိ ထွက်ပေါ်ခကြောင်း ရတပါတီ အနိန်နန့် ပြည်သူနန့် တသားတည်းကျအောင် ရပ်တည်သင့်ကြောင်းလဲ ဝေဖန်မှုတိထွက်ပေါ် နိန်ကြောင်း သိရသည်။